ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (19/11/20)

ဘူကာယို ဆာကာဟာ အင်္ဂလန်အတွက် အိုင်ယာလန်၊ ဘယ်လ်ဂျီယမ်၊ အိုက်စလန်တို့နဲ့ ပွဲတွေမှာ အထင်ကြီးစရာ ခြေစွမ်းပြခဲ့သလို သူ့ရဲ့တည်ငြိမ်မှုကို ဆောက်ဂိတ်က ချီးကျူးခဲ့ပြီး အသင်းအတွက် တကယ့် အကူအညီ ဖြစ်စေတယ် လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ပစ်မှတ် အူပါမီကာနိုဟာ နောက်နွေရာသီမှာအင်္ဂလန်ကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် မကြာခင်မှာပဲ ၎င်းရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့ အသင့်ဖြစ်နေသလို ရာသီကုန်မှာ ပေါင်၃၇ သန်းနဲ့ ရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အာတီတာဟာ အာဆင်နယ်ကို ရောက်လာကတည်းက အသင်းကို တိုးတက်စေခဲ့ပြီး အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ရရှိစေခဲ့သလို ဒီရာသီမှာတော့ ၄ ပွဲနိုင်၊ ၄ ပွဲရှုံးခဲ့ပေမယ့် နှစ်အနည်းငယ်အတွင်း ထိပ်တန်းနည်းပြ ဖြစ်လာလိမ့်မယ်လို့ ဝီလီယံက ထောက်ခံခဲ့ပါတယ်။

လာကာဇက်နဲ့ အန်ကီတီရာတို့အတွက် အာဆင်နယ်ပွဲထွက်စာရင်းမှာ တစ်နေရာသာ ကျန်ရှိသလို ၆ပွဲကစား ၁ဂိုးမှမရတဲ့ လာကာဇက်ကို ချန်ထားပြီး အန်ကီတီရာ အတွက် တောက်ပဖို့ အခွင့်အရေး ပေးသင့်တယ်လို့ အီယန်ရိုက်က တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်ဟာဒီနွေမှာ ဆီဘယ်လော့ကို အငှားပြန်ခေါ်နိုင်ခဲ့သလို နောက်ထပ် ရီးရဲလ်ကြယ်ပွင့်တစ်ယောက်ကို ထပ်မံခေါ်ယူနိုင်ဖွယ် ရှိနေပြီး ဇီဒန်းရဲ့ လျစ်လျူရှုခံနေရတဲ့ အစ္စကိုက ဘာနေဗျူးကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

အူဘာမီးယန်းဟာ ဂါဘွန်အသင်းနဲ့အတူ ဂမ်ဘီယာကို သွားရာမှာ လေယာဉ်ကွင်းထဲ အိပ်ခဲ့ရတဲ့အပေါ် အာဆင်နယ်က ဒေါသဖြစ်နေပြီး သူ့ကို နိုင်ငံအသင်းထံ ပြန်သွားခွင့် ပေးတော့မှာ မဟုတ်ဘူးလို့ ဂါဘွန်နည်းပြ နီဗူးက က ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ အယ်နီနီဟာ လီဗာပူးကြယ်ပွင့် မိုဟာမက် ဆာလာနဲ့အတူ ကိုဗစ်ရောဂါပိုး ဒုတိယအကြိမ်ဆေးစစ်မှုမှာလဲ ပေါ့စတစ်ဖြစ်ခဲ့တာကြောင့် ဒီတစ်ပတ် လိဒ်ယူနိုက်တက်နဲ့ ပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

နောက်ခံလူ ဘိုတန်ဟာ ဒီနွေမှာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာဖြစ်သလို အာဆင်နယ်အနေနဲ့ သူ့ကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ ကီဗင်ကမ့်ဘဲက တိုက်တွန်းပြောဆိုခဲ့ပါတယ်။