ယူနိုက်တက်ရဲ့ ယနေ့ ကာရင်တန်က ထရိန်နင်မှာ မက်ဂွဲရား၊ စကော့ တော်မီနေးနဲ့ ကာဗာနီ တို့ မပါဝင်ခဲ့ပါဘူး။ တော်မီနေးက အစ္စရေးကနေ ပြန်မရောက်သေးလို့ ဖြစ်ပြီး မက်ဂွဲရားက ခြေထောက် ဒဏ်ရာ ရှိနေကာ ကာဗာနီကတော့ ဥရုဂွေးမှာ အသင်းဖော်များ ကိုဗစ် တွေ့ရှိပြီးနောက် ၎င်းကိုလည်း စစ်ဆေးထားတာကြောင့် လေ့ကျင့်ရေး မပါခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
လူငယ် ကစားသမားလေး ပယ်လစ္စထရီဟာ ပထမ အသင်းကြီးနဲ့ အတူ ထရိန်နင်မှာ ကောင်းစွာ လုပ်ပြနိုင်နေပြီး တိုးတက်မှုကောင်းတွေ ရှိနေကြောင်း U-23 အသင်း နည်းပြ နေးလ်ဝုဒ်က အတည်ပြု ပြောဆိုသွားပါတယ်။
ယူနိုက်တက်ဟာ နွေ အပြောင်းအရွှေ့အတွင်း ဆန်ချိုကို အဓိက ပစ်မှတ်ထားခဲ့သလို ကမ်းလှမ်းမှု လေးကြိမ်တိုင် လုပ်ခဲ့ပေမယ့် ဒေါ့မွန်က သူတို့သတ်မှတ်ထားတဲ့ ပေါင် ၁၀၈ သန်း မရမချင်း မရောင်းဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ခုချိန်ထိ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် အတွက် စောင့်ဆိုင်းနေရဆဲ ဖြစ်တဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ် ဟာ ဒီတစ်ပတ် ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ယူနိုက်တက်ရဲ့ ပွဲထွက် လူစာရင်းကနေ ပါဝင်သင့်ပြီ ဖြစ်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ထောက်ပြသွားခဲ့ပါတယ်။
နွေကမှ ယူနိုက်တက်ထံ ရောက်ရှိခဲ့တဲ့ ဘရာဇီးသား အဲလက်စ် တဲလက်စ်ဟာ မန်ချက်စတာကလပ် အတွက် ဒေးဗစ် ဘက်ခမ်း လက်သစ် မဟုတ်ပေမယ့် သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ ထိုက်တန်မှု ပြသမယ့် သူ ဖြစ်ကြောင်း သရဲနီ ခံစစ်ဟောင်း Denis Irwin က ထောက်ခံ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် ဗဟိုနောက်ခံလူ ဗာရိန်းကို စိတ်ဝင်စားခဲ့ပေမယ့် ရီးရဲလ်ရဲ့ ပေါင်သန်း၁၀၀ကျော် ခေါ်ဈေးကြောင့် နောက်ဆုတ်ခဲ့တာဖြစ်ပြီး အခု သူ့စာချုပ်က ၁၈ လ သာ ကျန်တော့သလို ဈေးလျှော့ ပေးရင် ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက် ရှိနေပါတယ်။
Zawgyi – ယူနိုက္တက္ရဲ႕ ယေန႔ ကာရင္တန္က ထရိန္နင္မွာ မက္ဂြဲရား၊ စေကာ့ ေတာ္မီေနးနဲ႕ ကာဗာနီ တို႔ မပါ၀င္ခဲ့ပါဘူး။ ေတာ္မီေနးက အစၥေရးကေန ျပန္မေရာက္ေသးလို႔ ျဖစ္ျပီး မက္ဂြဲရားက ေျခေထာက္ ဒဏ္ရာ ရွိေနကာ ကာဗာနီကေတာ့ ဥရုေဂြးမွာ အသင္းေဖာ္မ်ား ကိုဗစ္ ေတြ႔ရွိျပီးေနာက္ ၄င္းကိုလည္း စစ္ေဆးထားတာေၾကာင့္ ေလ့က်င့္ေရး မပါခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
လူငယ္ ကစားသမားေလး ပယ္လစၥထရီဟာ ပထမ အသင္းၾကီးနဲ႕ အတူ ထရိန္နင္မွာ ေကာင္းစြာ လုပ္ျပနိုင္ေနျပီး တိုးတက္မႈေကာင္းေတြ ရွိေနေၾကာင္း U-23 အသင္း နည္းျပ ေနးလ္၀ုဒ္က အတည္ျပဳ ေျပာဆိုသြားပါတယ္။
ယူႏိုက္တက္ဟာ ေႏြ အေျပာင္းအေ႐ႊ႕အတြင္း ဆန္ခ်ိဳကို အဓိက ပစ္မွတ္ထားခဲ့သလို ကမ္းလွမ္းမႈ ေလးႀကိမ္တိုင္ လုပ္ခဲ့ေပမယ့္ ေဒါ့မြန္က သူတို႔သတ္မွတ္ထားတဲ့ ေပါင္ ၁၀၈ သန္း မရမခ်င္း မေရာင္းဘူးလို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
ခုခ်ိန္ထိ ပရီးမီးယားလိဂ္မွာ ပြဲထြက္ခြင့္ အတြက္ ေစာင့္ဆိုင္းေနရဆဲ ျဖစ္တဲ့ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ ဟာ ဒီတစ္ပတ္ ၀က္စ္ဘရြန္းနဲ႕ ပြဲမွာ ယူနိုက္တက္ရဲ႕ ပြဲထြက္ လူစာရင္းကေန ပါ၀င္သင့္ျပီ ျဖစ္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေထာက္ျပသြားခဲ့ပါတယ္။
ေႏြကမွ ယူနိုက္တက္ထံ ေရာက္ရွိခဲ့တဲ့ ဘရာဇီးသား အဲလက္စ္ တဲလက္စ္ဟာ မန္ခ်က္စတာကလပ္ အတြက္ ေဒးဗစ္ ဘက္ခမ္း လက္သစ္ မဟုတ္ေပမယ့္ သူ႔ရဲ႕ ကိုယ္ပိုင္ အရည္အခ်င္းနဲ႕ ထိုက္တန္မႈ ျပသမယ့္ သူ ျဖစ္ေၾကာင္း သရဲနီ ခံစစ္ေဟာင္း Denis Irwin က ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ ဗဟိုေနာက္ခံလူ ဗာရိန္းကို စိတ္ဝင္စားခဲ့ေပမယ့္ ရီးရဲလ္ရဲ႕ ေပါင္သန္း၁၀၀ေက်ာ္ ေခၚေဈးေၾကာင့္ ေနာက္ဆုတ္ခဲ့တာျဖစ္ၿပီး အခု သူ႔စာခ်ဳပ္က ၁၈ လ သာ က်န္ေတာ့သလို ေဈးေလွ်ာ့ ေပးရင္ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွိေနပါတယ္။