ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (20/11/20)

ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃၃ မိနစ် သာ ကစားခဲ့ရတဲ့ ဂျီရူးအနေနဲ့ လာမယ့်အပတ်တွေမှာ ကစားချိန် ပိုမတိုးလာဘူးဆိုရင် ဇန်နဝါရီမှာ ချယ်ဆီးကနေ ထွက်ခွာဖို့ စဉ်းစားတော့မှာ ဖြစ်တယ်လို့ ၎င်းရဲ့ အေးဂျင့်ဖြစ်သူက သတိပေးပြောဆိုခဲ့ပါတယ်။

ချယ်ဆီးခံစစ်မှာ သီယာဂိုဆေးဗားနဲ့ ကတ်ဇူးမားတို့လို စိတ်ချရတဲ့ အပြောင်းအလဲ ကစားသမားမျိုး မရှိတာနဲ့အတူ လက်စတာဗဟိုနောက်ခံလူ ဆိုယွန်ချူ ဒါမှမဟုတ် အင်တာရဲ့ စကရီနီရာ ကို ခေါ်ယူသင့်တယ် လို့ ဖလွိုက်ဟက်ဆယ်ဘိန့်က ဆိုပါတယ်။

ချယ်ဆီးဟာ ပူလီဆစ်ကို ၎င်းရဲ့ တံကောက်ကြော ဒဏ်ရာပြဿနာကို ဖြေရှင်းဖို့ ကူညီနိုင်ရင် အမေရိကန် တောင်ပံကစားသမားအနေနဲ့ ကလပ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှုရှိတဲ့ ကစားသမားအဖြစ် သက်သေပြနိုင်တယ် လို့ လမ်းပတ်က ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့လက ကိုဗစ်ပိုးပေါ့စတစ်ဖြစ်ခဲ့တဲ့ ကိုင်ဟားဗတ်ဟာ ချယ်ဆီးရဲ့ ရန်းနက်စ်၊ ရှက်ဖီးတို့နဲ့ ပွဲတွေကို လွဲချော်ခဲ့ပေမယ့် ဒီတစ်ပတ်မှာ အသင်းနဲ့ ပြန်ပူးပေါင်းနိုင်တော့မှာဖြစ်တယ်လို့ နည်းပြ လမ်းပတ်က သတင်းကောင်းပေးခဲ့ပါတယ်။

ချယ်ဆီးရဲ့ စနေနေ့ နယူးကာဆယ်နဲ့ပွဲအတွက် ပူလီဆစ် ပါဝင်လာမှာ မဟုတ်ဘူးလို့ လမ်းပတ်က အတည်ပြုခဲ့သလို ဘရာဇီးနဲ့ ပွဲချိန်ပြည့်ကစားခဲ့ရတဲ့ ဆေးဗားနဲ့ နောက်ကျော ဒဏ်ရာရခဲ့တဲ့ ဘင်ချီဝဲတို့လဲ ပါလာမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာ အောင်မြင်မှုရခဲ့တဲ့ မေဆန်မောင့်အတွက် လမ်းပတ်က ပျော်ရွှင်နေပေမယ့် နိုင်ငံအသင်းရဲ့နောက်ဆုံး၅ပွဲလုံးမှာ ပွဲထွက်ခဲ့ရပြီး တစ်ပတ်အတွင်း ၃ပွဲ ကစားခဲ့ရတာကြောင့် သူ့ရဲ့ကြံ့ခိုင်မှု အတွက်တော့ စိုးရိမ်နေပါတယ်။

ဘောလုံးကွင်းတွေမှာ မတ်လ တည်းက ပရိသတ်တွေ မမြင်ခဲ့ရတာဖြစ်သလို ချယ်ဆီးနည်းပြ လမ်းပတ်က ခရစ္စမတ်မတိုင်ခင် ပရိသတ်တွေ ကွင်းထဲပြန်ဝင်ခွင့်ရဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

အင်တာမီလန်ဟာ အာဆင်နယ်ကွင်းလယ်လူ ရှာကာကို အငှားခေါ်ယူချင်ခဲ့ပေမယ့် ၎င်းက ဂန်းနားတွေကို စွန့်ခွာလိုချင်း မရှိတာကြောင့် သူ့ရဲ့ အပြောင်းအလဲ ပစ်မှတ် အဖြစ် ချယ်ဆီးကွင်းလယ်လူ ကန်တေ ကို ပစ်မှတ်ထားနေပါတယ်။

Zawgyi – ဒီရာသီ ပရီးမီးယားလိဂ္မွာ ၃၃ မိနစ္ သာ ကစားခဲ့ရတဲ့ ဂ်ီ႐ူးအေနနဲ႔ လာမယ့္အပတ္ေတြမွာ ကစားခ်ိန္ ပိုမတိုးလာဘူးဆိုရင္ ဇန္နဝါရီမွာ ခ်ယ္ဆီးကေန ထြက္ခြာဖို႔ စဥ္းစားေတာ့မွာ ျဖစ္တယ္လို႔ ၎ရဲ႕ ေအးဂ်င့္ျဖစ္သူက သတိေပးေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးခံစစ္မွာ သီယာဂိုေဆးဗားနဲ႔ ကတ္ဇူးမားတို႔လို စိတ္ခ်ရတဲ့ အေျပာင္းအလဲ ကစားသမားမ်ိဳး မရွိတာနဲ႔အတူ လက္စတာဗဟိုေနာက္ခံလူ ဆိုယြန္ခ်ဴ ဒါမွမဟုတ္ အင္တာရဲ႕ စကရီနီရာ ကို ေခၚယူသင့္တယ္ လို႔ ဖလြိဳက္ဟက္ဆယ္ဘိန္႔က ဆိုပါတယ္။

ခ်ယ္ဆီးဟာ ပူလီဆစ္ကို ၎ရဲ႕ တံေကာက္ေၾကာ ဒဏ္ရာျပႆနာကို ေျဖရွင္းဖို႔ ကူညီႏိုင္ရင္ အေမရိကန္ ေတာင္ပံကစားသမားအေနနဲ႔ ကလပ္မွာ ႀကီးမားတဲ့ လႊမ္းမိုးမႈရွိတဲ့ ကစားသမားအျဖစ္ သက္ေသျပႏိုင္တယ္ လို႔ လမ္းပတ္က ယုံၾကည္ေနပါတယ္။

ၿပီးခဲ့တဲ့လက ကိုဗစ္ပိုးေပါ့စတစ္ျဖစ္ခဲ့တဲ့ ကိုင္ဟားဗတ္ဟာ ခ်ယ္ဆီးရဲ႕ ရန္းနက္စ္၊ ရွက္ဖီးတို႔နဲ႔ ပြဲေတြကို လြဲေခ်ာ္ခဲ့ေပမယ့္ ဒီတစ္ပတ္မွာ အသင္းနဲ႔ ျပန္ပူးေပါင္းႏိုင္ေတာ့မွာျဖစ္တယ္လို႔ နည္းျပ လမ္းပတ္က သတင္းေကာင္းေပးခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ စေနေန႔ နယူးကာဆယ္နဲ႔ပြဲအတြက္ ပူလီဆစ္ ပါဝင္လာမွာ မဟုတ္ဘူးလို႔ လမ္းပတ္က အတည္ျပဳခဲ့သလို ဘရာဇီးနဲ႔ ပြဲခ်ိန္ျပည့္ကစားခဲ့ရတဲ့ ေဆးဗားနဲ႔ ေနာက္ေက်ာ ဒဏ္ရာရခဲ့တဲ့ ဘင္ခ်ီဝဲတို႔လဲ ပါလာမွာ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အဂၤလန္အသင္းမွာ ေအာင္ျမင္မႈရခဲ့တဲ့ ေမဆန္ေမာင့္အတြက္ လမ္းပတ္က ေပ်ာ္႐ႊင္ေနေပမယ့္ ႏိုင္ငံအသင္းရဲ႕ေနာက္ဆုံး၅ပြဲလုံးမွာ ပြဲထြက္ခဲ့ရၿပီး တစ္ပတ္အတြင္း ၃ပြဲ ကစားခဲ့ရတာေၾကာင့္ သူ႔ရဲ႕ႀကံ့ခိုင္မႈ အတြက္ေတာ့ စိုးရိမ္ေနပါတယ္။

ေဘာလုံးကြင္းေတြမွာ မတ္လ တည္းက ပရိသတ္ေတြ မျမင္ခဲ့ရတာျဖစ္သလို ခ်ယ္ဆီးနည္းျပ လမ္းပတ္က ခရစၥမတ္မတိုင္ခင္ ပရိသတ္ေတြ ကြင္းထဲျပန္ဝင္ခြင့္ရဖို႔ အခြင့္အေရး ရွိလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အင္တာမီလန္ဟာ အာဆင္နယ္ကြင္းလယ္လူ ရွာကာကို အငွားေခၚယူခ်င္ခဲ့ေပမယ့္ ၎က ဂန္းနားေတြကို စြန္႔ခြာလိုခ်င္း မရွိတာေၾကာင့္ သူ႔ရဲ႕ အေျပာင္းအလဲ ပစ္မွတ္ အျဖစ္ ခ်ယ္ဆီးကြင္းလယ္လူ ကန္ေတ ကို ပစ္မွတ္ထားေနပါတယ္။