ဒန်နီရယ်ဂျိမ်းစ်ဟာ ဒီရာသီ ယူနိုက်တက်မှာ အရေးမပါတဲ့ ကစားသမားသာ ဖြစ်ခဲ့ပေမယ့် ယူနိုက်တက်မှာရှိနေရတာကို ဂုဏ်ယူနေပြီး ဝေးလ်နဲ့အတူ နေးရှင်းလိဂ်မှာ တန်းတက် နိုင်ခဲ့တဲ့နောက် ကလပ်မှာလဲ ခြေစွမ်းပြနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
ဂျူဗင်တပ် ကစားသမား ခီဒီရာဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့စိတ်ဝင်စားနေသလို ယူနိုက်တက်ဟာ အဆိုပါ ကွင်းလယ်လူကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် မချုပ်ရသေးတာကြောင့် အနာဂတ်မရေရာသေးတဲ့ ရာမို့စ်ကို ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့အတူ ယူနိုက်တက်ကလဲ စိတ်ဝင်စားနေပြီး ရာမို့စ်ဟာ စာချုပ်သစ် မချုပ်ရင် ဇန်နဝါရီမှာ ပြည်ပ ကလပ်တွေနဲ့ အကြိုစာချုပ်ဆွေးနွေးနိုင်မှာပါ။
စနေနေ့မှာ ဝက်စ်ဘရွန်းနဲ့ တွေ့ရမယ့်ပွဲအတွက် အဲလက်စ်တဲလက်စ် ပြန်ပါလာဖို့ မျှော်လင့်ရပေမယ့် နိုင်ငံတကာသီတင်းပတ်အတွင်း ဒဏ်ရာရခဲ့ကြတဲ့ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ ကိုဗစ်သံသယရှိနေတဲ့ ကာဗာနီတို့က လွဲချော်နိုင်ခြေရှိပါတယ်။
ယူနိုက်တက်ဟာ သူတို့ရဲ့ ခိုင်မာမှု မရှိတဲ့ ခံစစ်ကို အဆင့်မြှင့်တင်ဖို့အတွက် ပြင်သစ် ခံစစ်ကြယ်ပွင့်တွေ ဖြစ်တဲ့ အူပါမီကာနိုနဲ့ ဗာရန်းတို့ကို ပစ်မှတ်ထားနေပြီး အူပါမီကာနိုက လာမယ့်နှစ်တွေအတွင်း ထိပ်တန ဆင့် ရောက်လာနိုင်တဲ့နောက်ခံလူဖြစ်ပါတယ်။
ရန်းနက်စ်ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီ၊ ရီးရဲလ်တို့နဲ့အတူ ယူနိုက်တက်က ရှေ့ဆုံးကပြေးနေပြီး ရန်းနက်စ်က ပေါင်၆၂ သန်း တောင်းဆိုထားတဲ့ ကစားသမားကို ဝယ်ယူဖို့ ပေါ့ဘာ ကို အရင် ရောင်းချရမှာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်မှာ နေရာ ပျောက်နေတဲ့ ဒန်နီရယ်ဂျိမ်းစ်ရဲ့ အခြေအနေကို အဲဗာတန်က စောင့်ကြည့်နေပြီး အနာဂတ် မရေမရာတဲ့ တောင်ပံကစားသမားကို ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ စဉ်းစားနေသလို လိဒ်ယူနိုက်တက် နဲ့ အပြိုင် ကြိုးစားမှာ ဖြစ်ပါတယ်။
Zawgyi – ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဒီရာသီ ယူႏိုက္တက္မွာ အေရးမပါတဲ့ ကစားသမားသာ ျဖစ္ခဲ့ေပမယ့္ ယူႏိုက္တက္မွာရွိေနရတာကို ဂုဏ္ယူေနၿပီး ေဝးလ္နဲ႔အတူ ေနးရွင္းလိဂ္မွာ တန္းတက္ ႏိုင္ခဲ့တဲ့ေနာက္ ကလပ္မွာလဲ ေျခစြမ္းျပႏိုင္ေအာင္ ႀကိဳးစားသြားမယ္လို႔ ဆိုပါတယ္။
ဂ်ဴဗင္တပ္ ကစားသမား ခီဒီရာဟာ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ဖို ႔စိတ္ဝင္စားေနသလို ယူႏိုက္တက္ဟာ အဆိုပါ ကြင္းလယ္လူကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ စဥ္းစားႏိုင္ပါတယ္။
ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ရေသးတာေၾကာင့္ အနာဂတ္မေရရာေသးတဲ့ ရာမို႔စ္ကို ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္နဲ႔အတူ ယူႏိုက္တက္ကလဲ စိတ္ဝင္စားေနၿပီး ရာမို႔စ္ဟာ စာခ်ဳပ္သစ္ မခ်ဳပ္ရင္ ဇန္နဝါရီမွာ ျပည္ပ ကလပ္ေတြနဲ႔ အႀကိဳစာခ်ဳပ္ေဆြးေႏြးႏိုင္မွာပါ။
ယူႏိုက္တက္မွာ ေနရာ ေပ်ာက္ေနတဲ့ ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ အေျခအေနကို အဲဗာတန္က ေစာင့္ၾကည့္ေနၿပီး အနာဂတ္ မေရမရာတဲ့ ေတာင္ပံကစားသမားကို ဇန္နဝါရီမွာ ေခၚယူႏိုင္ဖို႔ စဥ္းစားေနသလို လိဒ္ယူႏိုက္တက္ နဲ႔ အၿပိဳင္ ၾကိဳးစားမွာ ျဖစ္ပါတယ္။
စေနေန႔မွာ ဝက္စ္ဘ႐ြန္းနဲ႔ ေတြ႕ရမယ့္ပြဲအတြက္ အဲလက္စ္တဲလက္စ္ ျပန္ပါလာဖို႔ ေမွ်ာ္လင့္ရေပမယ့္ ႏိုင္ငံတကာသီတင္းပတ္အတြင္း ဒဏ္ရာရခဲ့ၾကတဲ့ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္နဲ႔ ကိုဗစ္သံသယရွိေနတဲ့ ကာဗာနီတို႔က လြဲေခ်ာ္ႏိုင္ေျခရွိပါတယ္။
ယူႏိုက္တက္ဟာ သူတို႔ရဲ႕ ခိုင္မာမႈ မရွိတဲ့ ခံစစ္ကို အဆင့္ျမႇင့္တင္ဖို႔အတြက္ ျပင္သစ္ ခံစစ္ၾကယ္ပြင့္ေတြ ျဖစ္တဲ့ အူပါမီကာႏိုနဲ႔ ဗာရန္းတို႔ကို ပစ္မွတ္ထားေနၿပီး အူပါမီကာႏိုက လာမယ့္ႏွစ္ေတြအတြင္း ထိပ္တန ဆင့္ ေရာက္လာႏိုင္တဲ့ေနာက္ခံလူျဖစ္ပါတယ္။
ရန္းနက္စ္ကြင္းလယ္လူ ကာမာဗင္ဂါကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီ၊ ရီးရဲလ္တို႔နဲ႔အတူ ယူႏိုက္တက္က ေရွ႕ဆုံးကေျပးေနၿပီး ရန္းနက္စ္က ေပါင္၆၂ သန္း ေတာင္းဆိုထားတဲ့ ကစားသမားကို ဝယ္ယူဖို႔ ေပါ့ဘာ ကို အရင္ ေရာင္းခ်ရမွာပဲ ျဖစ္ပါတယ္။