အာဆင်နယ်အတွက် ဒီရသီမှာ ပြိုင်ပွဲစုံ ၃ဂိုးသွင်းယူခဲ့ကာ အင်္ဂလန်အတွက်လဲ ၂ ဂိုးသွင်းယူခဲ့တဲ့ အန်ကီတီရာကို အထင်ကြီးခဲ့မိကြောင်း မိုက်ကယ်အိုဝင်က ဝန်ခံခဲ့ပြီး သူက ထိပ်တန်း ကစားသမား ဖြစ်လာလိမ့်မယ် လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အာဆင်နယ်ဟာ နိုင်ငံတကာ သီတင်းပတ်မတိုင်ခင် အက်စ်တွန်ဗီလာကို ၃-ဝနဲ့ ရှုံးခဲ့ရာကနေ ဒီတစ်ပတ်မှာ ပြန်လာနိုင်မှာဖြစ်ပြီး လိဒ်ယူနိုက်တက်နဲ့ တွေ့ဆုံဖို့က ခက်ခဲမှာဖြစ်ပေမယ့်လဲ ၃မှတ် ရယူနိုင်လိမ့်မယ် လို့ ဂီဘာတိုဆေးဗား က ခန့်မှန်းခဲ့ပါတယ်။
ဆာလက်နဲ့ အယ်နီနီတို့ဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပေမယ့် အင်္ဂလန်ကို ပြန်လာခွင့် ရခဲ့ကြောင်း အီဂျစ်ဘောလုံးအဖွဲ့က အတည်ပြုခဲ့ပြီး ၎င်းတို့နှစ်ယောက်လုံး မကြာခင် ရောဂါပျောက်ကင်းဖို့နဲ့ ကလပ်တွေမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဘူကာယို ဆာကာဟာ အာဆင်နယ်ရဲ့ လိဂ် ၈ပွဲလုံးမှာ ပွဲထွက်ခဲ့ရပြီး အင်္ဂလန်နဲ့ ၃ပွဲမှာလဲ ၂၃၂မိနစ် ကစားခဲ့ရသလို ပွဲပန်းမှုဒဏ်ကို ခံစားရပေမယ့်လဲ ကလေးတစ်ယောက်အနေနဲ့ ဒါက သူ့ရဲ့အိမ်မက်ဖြစ်ပြီး ဆက် ကစားနေဦးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
မာတင်နယ်လီဟာ ဇွန်လနှောင်းပိုင်းကတည်းက ဒဏ်ရာကြောင့် ပွဲမကစားခဲ့ရတာ ဖြစ်ပေမယ့် ၂၀၂၀ နှစ်မကုန်ခင် ပြန်ကစားနိုင်ဖို့မျှော်လင့်ခဲ့ပြီး အာတီတာကတော့ သူ့ကို အလျင်စလို ပြန် ကစားစေမှာ မဟုတ်ဘဲ အပြည့်အဝ ပြန်ကောင်းလာတဲ့ အထိ စောင့်မှာပါ။
အာဆင်နယ်ဟာ ဟာသာဘာလင် လူငယ်နောက်ခံလူ အိုမာရီကစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး ဒီရာသီ ဘာလင် အသင်းကြီးမှာ မကစားရပေမယ့်လဲ လူငယ်အသင်းမှာ ခြေစွမ်းပြနေတဲ့သူ့ကို အဲ့ဒီ့မှာ အငှားဆက်ချထားနိုင်ပါတယ်။
စပါး ကစားသမားဟောင်း အဲရစ်ဆင်ဟာ စီးရီးအေမှာ အထိုင်မကျခဲ့တဲ့နောက် စပါးရဲ့ လန်ဒန်ပြိုင်ဘက် အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုရှိခဲ့ပြီး ဒါဟာ ဂန်းနားတွေအတွက် ရှာကာကို ရှင်းထုတ်နိုင်မယ့် အခွင့်အရေးလဲ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လွန်ခဲ့တဲ့ အပတ်က ဒန်းနစ် ဘားကမ့်ရဲ့ သားဖြစ်သူ မစ်ဆယ်ကို လူတွေ့စစ်ဆေးမှု လုပ်ခဲ့ပေမယ့် ၎င်းဟာ တစ်ပတ်အတွင်း လုံလောက်တဲ့ အထင်ကြီးစရာ မပြသနိုင်ခဲ့တာကြောင့် မြောက်လန်ဒန်ကလပ်က သူ့ကိုစာချုပ်ချုပ်ဖို့ ငြင်းပယ်ခဲ့ပါတယ်။
Zawgyi – အာဆင္နယ္အတြက္ ဒီရသီမွာ ၿပိဳင္ပြဲစုံ ၃ဂိုးသြင္းယူခဲ့ကာ အဂၤလန္အတြက္လဲ ၂ ဂိုးသြင္းယူခဲ့တဲ့ အန္ကီတီရာကို အထင္ႀကီးခဲ့မိေၾကာင္း မိုက္ကယ္အိုဝင္က ဝန္ခံခဲ့ၿပီး သူက ထိပ္တန္း ကစားသမား ျဖစ္လာလိမ့္မယ္ လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။
အာဆင္နယ္ဟာ ႏိုင္ငံတကာ သီတင္းပတ္မတိုင္ခင္ အက္စ္တြန္ဗီလာကို ၃-၀နဲ႔ ရႈံးခဲ့ရာကေန ဒီတစ္ပတ္မွာ ျပန္လာႏိုင္မွာျဖစ္ၿပီး လိဒ္ယူႏိုက္တက္နဲ႔ ေတြ႕ဆုံဖို႔က ခက္ခဲမွာျဖစ္ေပမယ့္လဲ ၃မွတ္ ရယူႏိုင္လိမ့္မယ္ လို႔ ဂီဘာတိုေဆးဗား က ခန႔္မွန္းခဲ့ပါတယ္။
ဆာလက္နဲ႔ အယ္နီနီတို႔ဟာ ကိုဗစ္ေရာဂါပိုး ကူးစက္ခံခဲ့ရေပမယ့္ အဂၤလန္ကို ျပန္လာခြင့္ ရခဲ့ေၾကာင္း အီဂ်စ္ေဘာလုံးအဖြဲ႕က အတည္ျပဳခဲ့ၿပီး ၎တို႔ႏွစ္ေယာက္လုံး မၾကာခင္ ေရာဂါေပ်ာက္ကင္းဖို႔နဲ႔ ကလပ္ေတြမွာ ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ဘူကာယို ဆာကာဟာ အာဆင္နယ္ရဲ႕ လိဂ္ ၈ပြဲလုံးမွာ ပြဲထြက္ခဲ့ရၿပီး အဂၤလန္နဲ႔ ၃ပြဲမွာလဲ ၂၃၂မိနစ္ ကစားခဲ့ရသလို ပြဲပန္းမႈဒဏ္ကို ခံစားရေပမယ့္လဲ ကေလးတစ္ေယာက္အေနနဲ႔ ဒါက သူ႔ရဲ႕အိမ္မက္ျဖစ္ၿပီး ဆက္ ကစားေနဦးမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
မာတင္နယ္လီဟာ ဇြန္လေႏွာင္းပိုင္းကတည္းက ဒဏ္ရာေၾကာင့္ ပြဲမကစားခဲ့ရတာ ျဖစ္ေပမယ့္ ၂၀၂၀ ႏွစ္မကုန္ခင္ ျပန္ကစားႏိုင္ဖို႔ေမွ်ာ္လင့္ခဲ့ၿပီး အာတီတာကေတာ့ သူ႔ကို အလ်င္စလို ျပန္ ကစားေစမွာ မဟုတ္ဘဲ အျပည့္အဝ ျပန္ေကာင္းလာတဲ့ အထိ ေစာင့္မွာပါ။
အာဆင္နယ္ဟာ ဟာသာဘာလင္ လူငယ္ေနာက္ခံလူ အိုမာရီကစ္ကို ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီး ဒီရာသီ ဘာလင္ အသင္းႀကီးမွာ မကစားရေပမယ့္လဲ လူငယ္အသင္းမွာ ေျခစြမ္းျပေနတဲ့သူ႔ကို အဲ့ဒီ့မွာ အငွားဆက္ခ်ထားႏိုင္ပါတယ္။
စပါး ကစားသမားေဟာင္း အဲရစ္ဆင္ဟာ စီးရီးေအမွာ အထိုင္မက်ခဲ့တဲ့ေနာက္ စပါးရဲ႕ လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္ထံ ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္မႈရွိခဲ့ၿပီး ဒါဟာ ဂန္းနားေတြအတြက္ ရွာကာကို ရွင္းထုတ္ႏိုင္မယ့္ အခြင့္အေရးလဲ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ လြန္ခဲ့တဲ့ အပတ္က ဒန္းနစ္ ဘားကမ့္ရဲ႕ သားျဖစ္သူ မစ္ဆယ္ကို လူေတြ႕စစ္ေဆးမႈ လုပ္ခဲ့ေပမယ့္ ၎ဟာ တစ္ပတ္အတြင္း လုံေလာက္တဲ့ အထင္ႀကီးစရာ မျပသႏိုင္ခဲ့တာေၾကာင့္ ေျမာက္လန္ဒန္ ကလပ္က သူ႔ကို စာခ်ဳပ္ခ်ဳပ္ဖို႔ ျငင္းပယ္ခဲ့ပါတယ္။