လေ့ကျင့်ရေး ပြန်ဝင်တဲ့ ပထမဆုံးနေ့မှာတင် အစွမ်းပြသွားပြန်တဲ့ ယူနိုက်တက်ရဲ့ ဖာနန်ဒက်စ်

UNICODE – ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ဟာ လေ့ကျင့်ရေးတွေကို ပြန်ဝင်ခဲ့ပြီဖြစ်ပြီး ပထမဆုံးနေ့ရက်တွေအဖြစ် ကစားသမားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို စစ်တမ်းတွေ ယူခဲ့ပြီဖြစ်ပါတယ်။

ကိုရိုနာ ကပ်ဘေးကြောင့် အချို့ကလပ်တွေမှ ကစားသမားတွေ လေ့ကျင့်ရေး ပြန်ဝင်ဖို့ ငြင်းဆန်ခဲ့ကြပေမယ့် ယူနိုက်တက် အသင်းသားတွေကတော့ ကာရင်တန်ကို ပြန်ဝင်ခဲ့ကြတယ်။ Project Restart အစီအစဉ်အတွက် လေ့ကျင့်ရေး ပြန်ဝင်မှုမှာ ယူနိုက်တက်က ပြေးနှုန်းနဲ့ ကစားနိုင်စွမ်းတွေကို စတင် စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုရှင် ဖာနန်ဒက်စ်က ယူနိုက်တက် ကစားသမားတွေထဲမှာ မြန်နှုန်း အမြင့်ဆုံး ပြေးနိုင်သူတွေထဲက တစ်ဦးအဖြစ် မှတ်တမ်းကောင်း ရခဲ့တယ်လို့ မန်ချက်စတာအခြေစိုက် သတင်းဌာနက ဖော်ပြလာခဲ့တယ်။

ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်နိုင်မှုကြောင့် ယူနိုက်တက်ရဲ့ ကြံ့ခိုင်မှု စစ်ဆေးခြင်းမှာ အမြန်ဆုံး ကစားသမားစာရင်းဟာ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ တစ်နာရီကို ၃၄.၂၇ ကီလိုမီတာနှုန်းနဲ့ ပြေးခဲ့တာဖြစ်ပြီး ဒါဟာ ၅.၅ မီတာ ပြေးလမ်းပေါ်မှာ အခြေခံပြီး တွက်ချက်မှုဖြစ်ပါတယ်။

အမြန်ဆုံး ကစားသမားကတော့ ဖာနန်ဒက်စ် မဟုတ်ခဲ့ပါဘူး။ ဝေလ်းတောင်ပံသမား ဂျိမ်းက တစ်ရာသီကို ၃၆.၈ ကီလိုမီတာနှုန်းနဲ့ ပြေးနိုင်ခဲ့တာဖြစ်တယ်။ ကွင်းလယ်လူတစ်ဦးအဖြစ် ဖာနန်ဒက်စ်ရဲ့ အရှိန်ကတော့ တော်တော်လေး များခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကိုရိုနာကပ်ဘေး ကာလမှာ နေအိမ်တွေမှာ ကစားသမားတွေကို တစ်ဦးချင်းဆိုင်ရာ လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ အစားအသောက် ပုံစံတွေကိုပါ ပေးထားတာကြောင့် ပရီးမီးယားလိဂ်ပွဲတွေ ပြန်စလာရင် ယူနိုက်တက် အသင်းသားတွေက ကြံ့ခိုင်မှု အမြင့်ဆုံးတွေမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်နိုင်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္ဟာ ေလ့က်င့္ေရးေတြကို ျပန္ဝင္ခဲ့ျပီျဖစ္ျပီး ပထမဆံုးေန႔ရက္ေတြအျဖစ္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ႏုိင္စြမ္းကို စစ္တမ္းေတြ ယူခဲ့ျပီျဖစ္ပါတယ္။

ကိုရိုနာ ကပ္ေဘးေၾကာင့္ အခ်ိဳ႕ကလပ္ေတြမွ ကစားသမားေတြ ေလ့က်င့္ေရး ျပန္ဝင္ဖို႔ ျငင္းဆန္ခဲ့ၾကေပမယ့္ ယူႏုိက္တက္ အသင္းသားေတြကေတာ့ ကာရင္တန္ကို ျပန္ဝင္ခဲ့ၾကတယ္။ Project Restart အစီအစဥ္အတြက္ ေလ့က်င့္ေရး ျပန္ဝင္မႈမွာ ယူႏုိက္တက္က ေျပးႏႈန္းနဲ႔ ကစားႏုိင္စြမ္းေတြကို စတင္ စစ္ေဆးမႈေတြ လုပ္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလရဲ႕ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆံုး ကစားသမားဆုရွင္ ဖာနန္ဒက္စ္က ယူႏုိက္တက္ ကစားသမားေတြထဲမွာ ျမန္ႏႈန္း အျမင့္ဆံုး ေျပးႏိုင္သူေတြထဲက တစ္ဦးအျဖစ္ မွတ္တမ္းေကာင္း ရခဲ့တယ္လို႔ မန္ခ်က္စတာအေျခစိုက္ သတင္းဌာနက ေဖာ္ျပလာခဲ့တယ္။

ဖာနန္ဒက္စ္ရဲ႕ စြမ္းေဆာင္ႏုိင္မႈေၾကာင့္ ယူႏုိက္တက္ရဲ႕ ၾကံ႕ခိုင္မႈ စစ္ေဆးျခင္းမွာ အျမန္ဆံုး ကစားသမားစာရင္းဟာ အေျပာင္းအလဲ ျဖစ္ခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ တစ္နာရီကို ၃၄.၂၇ ကီလိုမီတာႏႈန္းနဲ႔ ေျပးခဲ့တာျဖစ္ျပီး ဒါဟာ ၅.၅ မီတာ ေျပးလမ္းေပၚမွာ အေျခခံျပီး တြက္ခ်က္မႈျဖစ္ပါတယ္။

အျမန္ဆံုး ကစားသမားကေတာ့ ဖာနန္ဒက္စ္ မဟုတ္ခဲ့ပါဘူး။ ေဝလ္းေတာင္ပံသမား ဂ်ိမ္းက တစ္ရာသီကို ၃၆.၈ ကီလိုမီတာႏႈန္းနဲ႔ ေျပးႏုိင္ခဲ့တာျဖစ္တယ္။ ကြင္းလယ္လူတစ္ဦးအျဖစ္ ဖာနန္ဒက္စ္ရဲ႕ အရွိန္ကေတာ့ ေတာ္ေတာ္ေလး မ်ားခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ကိုရိုနာကပ္ေဘး ကာလမွာ ေနအိမ္ေတြမွာ ကစားသမားေတြကို တစ္ဦးခ်င္းဆိုင္ရာ ေလ့က်င့္ေရး အစီအစဥ္ေတြနဲ႔ အစားအေသာက္ ပံုစံေတြကိုပါ ေပးထားတာေၾကာင့္ ပရီးမီးယားလိဂ္ပြဲေတြ ျပန္စလာရင္ ယူႏုိက္တက္ အသင္းသားေတြက ၾကံ႕ခိုင္မႈ အျမင့္ဆံုးေတြမွာ ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္ႏုိင္ပါတယ္။