ချယ်ဆီးရဲ့နောက်ဆုံး ၄ ပွဲလုံးမှာ တီမိုဗာနာက ဂိုးသွင်းယူနိုင်ခဲ့သလို ဒီနေ့ နယူးကာဆယ်နဲ့ပွဲမှာ တစ်ဂိုး ထပ် သွင်းနိုင်ရင် ၂၀၀၉တုန်းက ဒရော့ဘာနောက်ပိုင်း ၅ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ချယ်ဆီး ကစားသမားဖြစ်လာမှာပါ။
ဇူလိုင်လကတည်းက ဒူးဒဏ်ရာကြောင့်ပွဲမကစားခဲ့ရတဲ့ ဘီလီဂေလ်မာဟာ ဗုဒ္ဓဟူးနေ့က လူငယ်အသင်းအတွက် ကစားပေးနိုင်ခဲ့တဲ့အတွက် လမ်းပတ်က ကျေနပ်နေပြီး ၎င်းဟာ အနာဂတ်မှာ အသင်းကြီးရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
သီယာဂိုဆေးဗားဟာ ချယ်ဆီးခံစစ်ရဲ့အရေးပါတဲ့သူဖြစ်ပေမယ့် ၎င်းရဲ့အသက်အရွယ်အရ ဒီတစ်ပတ်မှာ အနားပေးရမှာဖြစ်သလို နောက်ဆုံး၆ပွဲမှာ ၁ဂိုးပဲ ပေးခဲ့ရတဲ့ ခံစစ်က ဆေးဗားမရှိဘဲ ကောင်းကောင်း လုပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။
ဒီရာသီ ပရီးမီးယားလိဂ် အောင်မြင်နိုင်တဲ့အသင်းတွေထဲမှာ လီဗာပူးနဲ့ မန်စီးတီးအပြင် ဖလားစိန်ခေါ်နိုင်တဲ့အသင်းဆိုလို့ ချယ်ဆီးနဲ့ စပါးသာ ရှိတယ်လို့ စပါးနည်းပြဟောင်း တင်ရှားဝုဒ်က ပြောဆိုခဲ့ပါတယ်။
ချယ်ဆီး အငှားကစားသမား ရော့စ်ဘာကလေဟာ အက်စ်တွန်ဗီလာမှာ ခြေစွမ်းပြနေသလို ဗီလာက သူ့ကို အပြီးသတ်ခေါ်ယူချင်နေပြီး ချယ်ဆီးက လူအင်အားတောင့်ပေမယ့်လဲ သူ့ကို သဘောကျတဲ့ လမ်းပတ်က အပြီး ထွက်ခွာခွင့်ပြုမလားဆိုတာ စောင်ကြည့်ရမှာပါ။
ချယ်ဆီး ကွင်းလယ်လူဟောင်း မာကီလီလီက သူဟာ ၂၀၀၃မှာ ရီးရဲလ်မက်ဒရစ်နဲ့ အဆုံးသတ်ခဲ့တဲ့နောက် ချယ်ဆီးထံ ရောက်ရှိခဲ့ပေမယ့် အဲ့ဒီ့မတိုင်ခင် ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးတယ် လို့ ဖွင့်ဟခဲ့ပါတယ်။
လက်ရှိမှာ မေဆန်မောင့်ဟာ ချယ်ဆီးရဲ့ ပုံမှန် ကစားသမား ဖြစ်နေပေမယ့် ဖီးဖိုဒန်လိုပဲ နောက်ပိုင်းမှာ အခြေအနေပြောင်းလဲပြီး လုံလောက်တဲ့ပွဲထွက်ခွင့်မရတော့ရင် အင်္ဂလန်ရဲ့ ယူရို၂၀၂၀ လူစာရင်းကို လွဲချော်ရနိုင်တယ်လို့ ပေါလ်မာဆွန်က သတိပေးခဲ့ပါတယ်။
အင်တာနည်းပြ ကွန်တီဟာ ချယ်ဆီးကွင်းလယ်လူ ကန်တေကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ထပ်မံကြိုးစားဦးမှာဖြစ်ပေမယ့် လမ်းပတ်ကတော့ ကန်တေက သူ့ရဲ့အဓိက ကစားသမား ဖြစ်နေဆဲဖြစ်ပြီး ၎င်းကို ရောင်းချမှာ မဟုတ်ဘူးလို့ အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးရဲ႕ေနာက္ဆုံး ၄ ပြဲလုံးမွာ တီမိုဗာနာက ဂိုးသြင္းယူႏိုင္ခဲ့သလို ဒီေန႔ နယူးကာဆယ္နဲ႔ပြဲမွာ တစ္ဂိုး ထပ္ သြင္းႏိုင္ရင္ ၂၀၀၉တုန္းက ဒေရာ့ဘာေနာက္ပိုင္း ၅ ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့ ပထမဆုံး ခ်ယ္ဆီး ကစားသမားျဖစ္လာမွာပါ။
ဇူလိုင္လကတည္းက ဒူးဒဏ္ရာေၾကာင့္ပြဲမကစားခဲ့ရတဲ့ ဘီလီေဂလ္မာဟာ ဗုဒၶဟူးေန႔က လူငယ္အသင္းအတြက္ ကစားေပးႏိုင္ခဲ့တဲ့အတြက္ လမ္းပတ္က ေက်နပ္ေနၿပီး ၎ဟာ အနာဂတ္မွာ အသင္းႀကီးရဲ႕ အဓိက ကစားသမား ျဖစ္လာလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
သီယာဂိုေဆးဗားဟာ ခ်ယ္ဆီးခံစစ္ရဲ႕အေရးပါတဲ့သူျဖစ္ေပမယ့္ ၎ရဲ႕အသက္အ႐ြယ္အရ ဒီတစ္ပတ္မွာ အနားေပးရမွာျဖစ္သလို ေနာက္ဆုံး၆ပြဲမွာ ၁ဂိုးပဲ ေပးခဲ့ရတဲ့ ခံစစ္က ေဆးဗားမရွိဘဲ ေကာင္းေကာင္း လုပ္ႏိုင္မလား ဆိုတာ ေစာင့္ၾကည့္ရမွာပါ။
ဒီရာသီ ပရီးမီးယားလိဂ္ ေအာင္ျမင္ႏိုင္တဲ့အသင္းေတြထဲမွာ လီဗာပူးနဲ႔ မန္စီးတီးအျပင္ ဖလားစိန္ေခၚႏိုင္တဲ့အသင္းဆိုလို႔ ခ်ယ္ဆီးနဲ႔ စပါးသာ ရွိတယ္လို႔ စပါးနည္းျပေဟာင္း တင္ရွားဝုဒ္က ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီး အငွားကစားသမား ေရာ့စ္ဘာကေလဟာ အက္စ္တြန္ဗီလာမွာ ေျခစြမ္းျပေနသလို ဗီလာက သူ႔ကို အၿပီးသတ္ေခၚယူခ်င္ေနၿပီး ခ်ယ္ဆီးက လူအင္အားေတာင့္ေပမယ့္လဲ သူ႔ကို သေဘာက်တဲ့ လမ္းပတ္က အၿပီး ထြက္ခြာခြင့္ျပဳမလားဆိုတာ ေစာင္ၾကည့္ရမွာပါ။
ခ်ယ္ဆီး ကြင္းလယ္လူေဟာင္း မာကီလီလီက သူဟာ ၂၀၀၃မွာ ရီးရဲလ္မက္ဒရစ္နဲ႔ အဆုံးသတ္ခဲ့တဲ့ေနာက္ ခ်ယ္ဆီးထံ ေရာက္ရွိခဲ့ေပမယ့္ အဲ့ဒီ့မတိုင္ခင္ ယူႏိုက္တက္က သူ႔ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေသးတယ္ လို႔ ဖြင့္ဟခဲ့ပါတယ္။
လက္ရွိမွာ ေမဆန္ေမာင့္ဟာ ခ်ယ္ဆီးရဲ႕ ပုံမွန္ ကစားသမား ျဖစ္ေနေပမယ့္ ဖီးဖိုဒန္လိုပဲ ေနာက္ပိုင္းမွာ အေျခအေနေျပာင္းလဲၿပီး လုံေလာက္တဲ့ပြဲထြက္ခြင့္မရေတာ့ရင္ အဂၤလန္ရဲ႕ ယူ႐ို၂၀၂၀ လူစာရင္းကို လြဲေခ်ာ္ရႏိုင္တယ္လို႔ ေပါလ္မာဆြန္က သတိေပးခဲ့ပါတယ္။
အင္တာနည္းျပ ကြန္တီဟာ ခ်ယ္ဆီးကြင္းလယ္လူ ကန္ေတကို ဇန္နဝါရီမွာ ေခၚယူဖို႔ ထပ္မံႀကိဳးစားဦးမွာျဖစ္ေပမယ့္ လမ္းပတ္ကေတာ့ ကန္ေတက သူ႔ရဲ႕အဓိက ကစားသမား ျဖစ္ေနဆဲျဖစ္ၿပီး ၎ကို ေရာင္းခ်မွာ မဟုတ္ဘူးလို႔ အခိုင္အမာ ျငင္းဆိုခဲ့ပါတယ္။