အာဆင်နယ် အသင်း ထရိန်နင်မှာ ဒေးဗစ် လူးဝစ်နဲ့ ဆီဘယ်လော့တို့ လေ့ကျင့်ရေးမှာ ပြဿနာဖြစ်ခဲ့ပြီး လုဇ်က မျက်နှာကို ထိုးခဲ့တယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာတဲ့အပေါ် အာတီတာက ဒေါသဖြစ်နေပြီး အတွင်းရေးကိစ္စတွေကို မီဒီယာထံ မပေါက်ကြားအောင် ဂရုစိုက်ရမယ် လို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ မနက်ဖြန်မှာ လိဒ်ယူနိုက်တက်နဲ့ တွေ့ဆုံရမှာဖြစ်သလို ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ လိဒ်နည်းပြ ဘီအယ်ဆာက အာတီတာကို ချီးကျူးခဲ့ပြီး သူက အာဆင်နယ်ကို အကောင်းဆုံး အသင်း တစ်သင်း ဖြစ်စေခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ရဲ့ တိုက်စစ်ဟာ ဒီရာသီမှာ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရသလို အူဘာမီးယန်းနဲ့ ဝီလီယံတို့က ပုံစံကောင်း ပျောက်ဆုံးနေပြီး ကျန်တဲ့အသင်းသားတွေက သူတို့ထံ ဘောလုံး များများ ပေးဖို့ လိုတယ် လို့ ပေါလ်မာဆွန်က ပြောဆိုခဲ့ပါတယ်။
ဆဲလ်ဘက်ကွင်းလယ်လူ ဆိုဘော့စလေးဟာ ဇန်နဝါရီမှာ စိတ်ဝင်စားမှုများစွာ ရရှိမှာ သေချာနေသလို ၎င်းရဲ့တန်ကြေးက ယူရို ၂၅ သန်းသာ ရှိတာကြောင့် အာဆင်နယ်က သူ့ကို တောင်းတဲ့ ဈေး အတိုင်း ပေးပြီးခေါ်ဖို့ အသင့်ဖြစ်နေပါတယ်။
အာဆင်နယ်ဟာ စပို့တင်းလစ္စဘွန်း ဘယ်နောက်ခံလူကို စိတ်ဝင်စားနေပေမယ့် ပေါ်တူဂီကလပ်ကတော့ သူ့ကို ကြေးနိမ့်နိမ့်နဲ့ မဆုံးရှုံးရအောင် ကာကွယ်ဖို့အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း၇၀ ထည့်သွင်းဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။
ဒီယိုဂို ဂျိုတာဟာ ၂၀၁၆မှာ ပါကော့စ်ဖာရဲရားကနေ အေတီကိုထံ မပြောင်းရွှေ့ခင် အာဆင်နယ်၊ ဝက်စ်ဟမ်းတို့ရဲ့စိတ်ဝင်စားမှုကိုရခဲ့ပေမယ့် စပိန်ကလပ်က သူ့ကို တကယ်လိုချင်တယ်လို့ထင်လို့ အေတီကို ကို ရွေးခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
အူဘာမီးယန်းဟာ ဒီရာသီလိဂ်၈ပွဲမှာ ၂ဂိုးသာ သွင်းနိုင်ခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် ၎င်းရဲ့ ပုံစံကောင်းပျောက်ဆုံးမှုဟာ သူ့ရဲ့ အမှားမဟုတ်ပဲ ကလပ်ရဲ့ ဖန်တီးနိုင်စွမ်းကင်းမဲ့မှုကြောင့်သာဖြစ်တယ်လို့ အလန်စမစ်က ယုံကြည်နေပါတယ်။
အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းရဲ့ အနာဂတ်အတွက် အကောင်းမြင်နေပေမယ့် ကွင်းထဲမှာ ပရိသတ်တွေ မရှိတာက သူတို့နဲ့အတူ စိတ်ဓာတ်ပိုင်းပါ ဟန်ချက် မိအောင် တည်ဆောက်ဖို့ အတွက် သိပ်ကို ခက်ခဲစေတယ်လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi – အာဆင္နယ္ အသင္း ထရိန္နင္မွာ ေဒးဗစ္ လူး၀စ္နဲ႔ ဆီဘယ္ေလာ့တို႔ ေလ့က်င့္ေရးမွာ ျပႆနာျဖစ္ခဲ့ၿပီး လုဇ္က မ်က္ႏွာကို ထိုးခဲ့တယ္ဆိုတဲ့ သတင္းေတြ ပ်ံ႕ႏွံ႔လာတဲ့အေပၚ အာတီတာက ေဒါသျဖစ္ေနၿပီး အတြင္းေရးကိစၥေတြကို မီဒီယာထံ မေပါက္ၾကားေအာင္ ဂ႐ုစိုက္ရမယ္ လို႔ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ မနက္ျဖန္မွာ လိဒ္ယူႏိုက္တက္နဲ႔ ေတြ႕ဆုံရမွာျဖစ္သလို ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲမွာ လိဒ္နည္းျပ ဘီအယ္ဆာက အာတီတာကို ခ်ီးက်ဴးခဲ့ၿပီး သူက အာဆင္နယ္ကို အေကာင္းဆုံး အသင္း တစ္သင္း ျဖစ္ေစခဲ့တာပါလို႔ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ရဲ႕ တိုက္စစ္ဟာ ဒီရာသီမွာ သြင္းဂိုးေတြ ရရွိဖို႔ ႐ုန္းကန္ေနရသလို အူဘာမီးယန္းနဲ႔ ဝီလီယံတို႔က ပုံစံေကာင္း ေပ်ာက္ဆုံးေနၿပီး က်န္တဲ့အသင္းသားေတြက သူတို႔ထံ ေဘာလုံး မ်ားမ်ား ေပးဖို႔ လိုတယ္ လို႔ ေပါလ္မာဆြန္က ေျပာဆိုခဲ့ပါတယ္။
ဆဲလ္ဘက္ကြင္းလယ္လူ ဆိုေဘာ့စေလးဟာ ဇန္နဝါရီမွာ စိတ္ဝင္စားမႈမ်ားစြာ ရရွိမွာ ေသခ်ာေနသလို ၎ရဲ႕တန္ေၾကးက ယူ႐ို ၂၅ သန္းသာ ရွိတာေၾကာင့္ အာဆင္နယ္က သူ႔ကို ေတာင္းတဲ့ ေဈး အတိုင္း ေပးၿပီးေခၚဖို႔ အသင့္ျဖစ္ေနပါတယ္။
အာဆင္နယ္ဟာ စပို႔တင္းလစၥဘြန္း ဘယ္ေနာက္ခံလူကို စိတ္ဝင္စားေနေပမယ့္ ေပၚတူဂီကလပ္ကေတာ့ သူ႔ကို ေၾကးနိမ့္နိမ့္နဲ႔ မဆုံးရႈံးရေအာင္ ကာကြယ္ဖို႔အတြက္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း၇၀ ထည့္သြင္းဖို႔ ၾကိဳးစားေနတယ္လို႔သိရပါတယ္။
ဒီယိုဂို ဂ်ိဳတာဟာ ၂၀၁၆မွာ ပါေကာ့စ္ဖာရဲရားကေန ေအတီကိုထံ မေျပာင္းေ႐ႊ႕ခင္ အာဆင္နယ္၊ ဝက္စ္ဟမ္းတို႔ရဲ႕စိတ္ဝင္စားမႈကိုရခဲ့ေပမယ့္ စပိန္ကလပ္က သူ႔ကို တကယ္လိုခ်င္တယ္လို႔ထင္လို႔ ေအတီကို ကို ေ႐ြးခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။
အူဘာမီးယန္းဟာ ဒီရာသီလိဂ္၈ပြဲမွာ ၂ဂိုးသာ သြင္းႏိုင္ခဲ့ၿပီး ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရေပမယ့္ ၎ရဲ႕ ပုံစံေကာင္းေပ်ာက္ဆုံးမႈဟာ သူ႔ရဲ႕ အမွားမဟုတ္ပဲ ကလပ္ရဲ႕ ဖန္တီးႏိုင္စြမ္းကင္းမဲ့မႈေၾကာင့္သာျဖစ္တယ္လို႔ အလန္စမစ္က ယုံၾကည္ေနပါတယ္။
အာဆင္နယ္နည္းျပ အာတီတာဟာ အသင္းရဲ႕ အနာဂတ္အတြက္ အေကာင္းျမင္ေနေပမယ့္ ကြင္းထဲမွာ ပရိသတ္ေတြ မရွိတာက သူတို႔နဲ႔အတူ စိတ္ဓာတ္ပိုင္းပါ ဟန္ခ်က္ မိေအာင္ တည္ေဆာက္ဖို႔ အတြက္ သိပ္ကို ခက္ခဲေစတယ္လို႔ ေျပာဆိုခဲ့ပါတယ္။