ယူနိုက်တက် ဂန္တဝင် ဝိန်း ရွန်းနီက ၎င်းဟာ ချယ်ဆီး၊ နယူးကာဆယ်တို့ရဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် ငြင်းပယ်ကာ မန်ချက်စတာ ယူနိုက်တက်ကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ကစားသမား ဘ၀ တောက်ပကာစက အချိန်များကို ပြန်ပြောင်းကာ ထုတ်ဖော် ဖွင့်ဟခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်း နည်းပြ ဇီဒန်းကတော့ ယူနိုက်တက် ပစ်မှတ်ထားနေတယ် သတင်းထွက်နေတဲ့ ခံစစ်မှူး ဗာရိန်းဟာ ရီးရဲလ်က လက်လွှတ်နိုင်တဲ့ ကစားသမား မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုကာ အပြောင်းအရွှေ့ သတင်းတွေကို နှုတ်ပိတ်လိုက်ပါတယ်။
ယူနိုက်တက်မှာ ပွဲထွက်ခွင့်မရတဲ့ ပေါ့ဘာဟာ နောက်ရာသီအထိ ကလပ်မှာဆက်နေမှာ ဖြစ်ပေမယ့် ၂၀၂၂မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီး ရီးရဲလ်နဲ့ ဂျူဗင်တပ်က ၎င်းရဲ့ အသင်းသစ်ဖြစ်ဖို့ အလားအလာရှိနေပါတယ်။
ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ယူနိုက်တက်က တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို ထည့် ကစားနိုင်ဖွယ် ရှိနေပြီး ခံစစ်မှူး လင်ဒီလော့ဖ်ကိုတော့ ပွဲကစားခါနီး ကြံ့ခိုင်မှု ထပ်မံ စစ်ဆေးကာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
မေဆန်ဂရင်းဝုဒ်ဟာ အဖျားဝေဒနာကနေ ပြန်ကောင်းလာနေပြီဖြစ်သလို ၎င်းအနေနဲ့ မနှစ်က ပြိုင်ပွဲစုံ ၁၇ ဂိုးသွင်းနိုင်ခဲ့တဲ့ အကောင်းဆုံးခြေစွမ်းတွေကို မကြာခင် ပြန်ရလာလိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက ထောက်ခံပြောဆိုခဲ့ပါတယ်။
ကလပ်မှာ ပေါ့ဘာ တစ်ယောက် ခြေစွမ်း မပြနိုင်ဘဲ မပျော်ရွှင် ဖြစ်နေတာက သူ့ အကောင်းဆုံး နေရာမှာ မကစားရတာလည်း ပါဝင်ကြောင်း ဝေဖန်ခဲ့တဲ့ ဒက်ချမ့် စကားကို ဆိုးရှားကတော့ ကစားသမား တစ်ယောက် အနေနဲ့ နေရာစုံ ထုတ် ကစားတာ အသင်းအတွက်ရော ကစားသမား အတွက်ပါ ဟန်ချက်ညီစေဖို့ ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။
Zawgyi – ယူနိုက္တက္ ဂႏၱ၀င္ ၀ိန္း ရြန္းနီက ၄င္းဟာ ခ်ယ္ဆီး၊ နယူးကာဆယ္တို႔ရဲ႕ ကမ္းလွမ္းမႈေတြ ရခဲ့ေပမယ့္ ျငင္းပယ္ကာ မန္ခ်က္စတာ ယူနိုက္တက္ကို ေရြးခ်ယ္ခဲ့တာ ျဖစ္ေၾကာင္း ကစားသမား ဘ၀ ေတာက္ပကာစက အခ်ိန္မ်ားကို ျပန္ေျပာင္းကာ ထုတ္ေဖာ္ ဖြင့္ဟခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္ အသင္း နည္းျပ ဇီဒန္းကေတာ့ ယူနိုက္တက္ ပစ္မွတ္ထားေနတယ္ သတင္းထြက္ေနတဲ့ ခံစစ္မွဴး ဗာရိန္းဟာ ရီးရဲလ္က လက္လႊတ္နုိင္တဲ့ ကစားသမား မဟုတ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုကာ အေျပာင္းအေရႊ႕ သတင္းေတြကို ႏႈတ္ပိတ္လိုက္ပါတယ္။
ယူႏိုက္တက္မွာ ပြဲထြက္ခြင့္မရတဲ့ ေပါ့ဘာဟာ ေနာက္ရာသီအထိ ကလပ္မွာဆက္ေနမွာ ျဖစ္ေပမယ့္ ၂၀၂၂မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔ အဆင္သင့္ျဖစ္ေနၿပီး ရီးရဲလ္နဲ႔ ဂ်ဴဗင္တပ္က ၎ရဲ႕ အသင္းသစ္ျဖစ္ဖို႔ အလားအလာရွိေနပါတယ္။
၀က္စ္ဘရြန္းနဲ႕ ပြဲမွာ ယူနုိက္တက္က တိုက္စစ္မွဴး မားကပ္ ရက္ဖို႕ဒ္ကို ထည့္ ကစားနိုင္ဖြယ္ ရွိေနျပီး ခံစစ္မွဴး လင္ဒီေလာ့ဖ္ကိုေတာ့ ပြဲကစားခါနီး ၾကံ႕ခိုင္မႈ ထပ္မံ စစ္ေဆးကာ ဆံုးျဖတ္သြားမယ္လို႔ သိရပါတယ္။
ေမဆန္ဂရင္းဝုဒ္ဟာ အဖ်ားေဝဒနာကေန ျပန္ေကာင္းလာေနၿပီျဖစ္သလို ၎အေနနဲ႔ မႏွစ္က ၿပိဳင္ပြဲစုံ ၁၇ ဂိုးသြင္းႏိုင္ခဲ့တဲ့ အေကာင္းဆုံးေျခစြမ္းေတြကို မၾကာခင္ ျပန္ရလာလိမ့္မယ္လို႔ နည္းျပဆိုးလ္ရွားက ေထာက္ခံေျပာဆိုခဲ့ပါတယ္။
ကလပ္မွာ ေပါ့ဘာ တစ္ေယာက္ ေျခစြမ္း မျပနိုင္ဘဲ မေပ်ာ္ရႊင္ ျဖစ္ေနတာက သူ႔ အေကာင္းဆံုး ေနရာမွာ မကစားရတာလည္း ပါ၀င္ေၾကာင္း ေ၀ဖန္ခဲ့တဲ့ ဒက္ခ်မ့္ စကားကို ဆိုးရွားကေတာ့ ကစားသမား တစ္ေယာက္ အေနနဲ႕ ေနရာစံု ထုတ္ ကစားတာ အသင္းအတြက္ေရာ ကစားသမား အတြက္ပါ ဟန္ခ်က္ညီေစဖို႔ ျဖစ္ေၾကာင္း တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။