UNICODE – ပရီးမီးယားလိဂ် ပြန်စရေး အစီအစဉ်အတွက် ယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းအတွင်း ပြန်ဝင်တဲ့ ကစားသမားတွေကို အနည်းဆုံး သုံးချိန်ခွဲပြီး အဖွဲ့လိုက် လေ့ကျင့်မှုတွေကို ဒီအပတ်မှာ စတင်စေခဲ့ပါတယ်။
ကာရင်တန်မှာ ပြန်လည်စတင်တဲ့ လေ့ကျင့်ရေးမှာ စိတ်ဝင်စားစရာကတော့ ကွင်းလယ်လူ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို တစ်ချိန်တည်းမှာ လေ့ကျင့်စေတဲ့ အဖွဲ့ထဲကို ထည့်သွင်းခဲ့တာပါပဲ။ မန်နေဂျာဆိုးရှားက သူပြောထားသလိုပဲ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို တွဲကစားစေဖို့ စတင် လုပ်ဆောင်နေပြီလားဆိုတဲ့ မေးခွန်းလည်း ပိုမို ကျယ်လောင်လာခဲ့ပါတယ်။
ပေါ့ဘာဟာ ဘောင်ဆင်ဒေး မတိုင်ခင်တည်းက ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေခဲ့ရကာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင် ၆၈ သန်းဖြင့် ခေါ်ယူထားတဲ့ ဖာနန်ဒက်စ်နဲ့ တစ်ကြိမ်မှ တွဲကစားဖူးခြင်း မရှိပါဘူး။ ယူနိုက်တက်မှာ ဖန်တီးမှုအမြင့်ဆုံး ကွင်းလယ်လူနဲ့ လက်တလော စွမ်းဆောင်ရည် အကောင်းဆုံး ကွင်းလယ်လူကို လေ့ကျင့်ရေး တစ်ချိန်တည်းမှာ အတူ လေ့ကျင့်စေခဲ့တာက ပရိသတ်တွေကို သဘောကျမှု ရှိစေခဲ့တယ်။
ယူနိုက်တက် ကွင်းလယ်မှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ် တွဲကစားနိုင်မလား အမေးကို မန်နေဂျာဆိုးရှားကပဲ ” ကစားသမားကောင်းတွေက အတူ တွဲကစားနိုင်ပါတယ်။ ဒီတော့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကလည်း တွဲကစားနိုင်ပါလိမ့်မယ်။ တော်မီနေး၊ ဖရတ်၊ မာတစ်လို ကွင်းလယ်လူတွေလည်း ရှိတာကြောင့် သူတို့တွေကြားမှာ ကောင်းမွန်တဲ့ ဆက်နွယ်မှုကို ငါတို့ ရှာနိုင်မှာပါ ” လို့ ဆိုထားတာဖြစ်တယ်။
ပရီးမီးယားလိဂ်ရဲ့ ခွင့်ပြုမှုနဲ့အတူ အဖွဲ့ငယ်တွေအဖြစ် လေ့ကျင့်ရေး ပြန်စရာမှာ ယူနိုက်တက် ဆရာဝန် စတိဗ်မက်နယ်လီက ကာရင်တန်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာပါ။ ကစားသမားတွေ ကွင်းထဲကို ပြန်ရောက်လာမှုမှာတော့ လက်ထောက်မန်နေဂျာ မိုက်ဖီးလန်းကလည်း ပါဝင် ကွပ်ကဲခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကစားသမားတွေရဲ့ မြန်နှုန်းနဲ့ ကြံ့ခိုင်မှုကိုပဲ အဓိက စစ်ဆေးတဲ့ လေ့ကျင့်ရေးတွေကို စတင်ထားပါတယ်။ အဆိုပါ လေ့ကျင့်မှုမှာတော့ ဖာနန်ဒက်စ်က အတော်လေး စွမ်းဆောင်ရည် ကောင်းထားတာဖြစ်တယ်။ လာမယ့် အပတ်တွေအတွင်း ပရီးမီးယားလိဂ်က အသင်းလိုက် လေ့ကျင့်ရေးကို စတင်ဖို့ ခွင့်ပြုချိန်မှာတော့ ထိတွေ့မှုရှိတဲ့ လေ့ကျင့်မှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
ZAWGYI – ပရီးမီးယားလိဂ္ ျပန္စေရး အစီအစဥ္အတြက္ ယူႏုိက္တက္ရဲ႕ ကာရင္တန္ ေလ့က်င့္ေရးကြင္းအတြင္း ျပန္ဝင္တဲ့ ကစားသမားေတြကို အနည္းဆံုး သံုးခ်ိန္ခြဲျပီး အဖြဲ႔လိုက္ ေလ့က်င့္မႈေတြကို ဒီအပတ္မွာ စတင္ေစခဲ့ပါတယ္။
ကာရင္တန္မွာ ျပန္လည္စတင္တဲ့ ေလ့က်င့္ေရးမွာ စိတ္ဝင္စားစရာကေတာ့ ကြင္းလယ္လူ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ကို တစ္ခ်ိန္တည္းမွာ ေလ့က်င့္ေစတဲ့ အဖြဲ႔ထဲကို ထည့္သြင္းခဲ့တာပါပဲ။ မန္ေနဂ်ာဆိုးရွားက သူေျပာထားသလိုပဲ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ကို တြဲကစားေစဖို႔ စတင္ လုပ္ေဆာင္ေနျပီလားဆိုတဲ့ ေမးခြန္းလည္း ပိုမို က်ယ္ေလာင္လာခဲ့ပါတယ္။
ေပါ့ဘာဟာ ေဘာင္ဆင္ေဒး မတိုင္ခင္တည္းက ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရကာ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ေပါင္ ၆၈ သန္းျဖင့္ ေခၚယူထားတဲ့ ဖာနန္ဒက္စ္နဲ႔ တစ္ၾကိမ္မွ တြဲကစားဖူးျခင္း မရွိပါဘူး။ ယူနုိက္တက္မွာ ဖန္တီးမႈအျမင့္ဆံုး ကြင္းလယ္လူနဲ႔ လက္တေလာ စြမ္းေဆာင္ရည္ အေကာင္းဆံုး ကြင္းလယ္လူကို ေလ့က်င့္ေရး တစ္ခ်ိန္တည္းမွာ အတူ ေလ့က်င့္ေစခဲ့တာက ပရိသတ္ေတြကို သေဘာက်မႈ ရွိေစခဲ့တယ္။
ယူႏိုက္တက္ ကြင္းလယ္မွာ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ တြဲကစားႏုိင္မလား အေမးကို မန္ေနဂ်ာဆိုးရွားကပဲ ” ကစားသမားေကာင္းေတြက အတူ တြဲကစားႏုိင္ပါတယ္။ ဒီေတာ့ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ကလည္း တြဲကစားႏုိင္ပါလိမ့္မယ္။ ေတာ္မီေနး၊ ဖရတ္၊ မာတစ္လို ကြင္းလယ္လူေတြလည္း ရွိတာေၾကာင့္ သူတို႔ေတြၾကားမွာ ေကာင္းမြန္တဲ့ ဆက္ႏြယ္မႈကို ငါတို႔ ရွာႏုိင္မွာပါ ” လို႔ ဆိုထားတာျဖစ္တယ္။
ပရီးမီးယားလိဂ္ရဲ႕ ခြင့္ျပဳမႈနဲ႔အတူ အဖြဲ႔ငယ္ေတြအျဖစ္ ေလ့က်င့္ေရး ျပန္စရာမွာ ယူႏုိက္တက္ ဆရာဝန္ စတိဗ္မက္နယ္လီက ကာရင္တန္မွာ ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားခဲ့တာပါ။ ကစားသမားေတြ ကြင္းထဲကို ျပန္ေရာက္လာမႈမွာေတာ့ လက္ေထာက္မန္ေနဂ်ာ မိုက္ဖီးလန္းကလည္း ပါဝင္ ကြပ္ကဲခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ကစားသမားေတြရဲ႕ ျမန္ႏႈန္းနဲ႔ ၾကံ႕ခိုင္မႈကိုပဲ အဓိက စစ္ေဆးတဲ့ ေလ့က်င့္ေရးေတြကို စတင္ထားပါတယ္။ အဆိုပါ ေလ့က်င့္မႈမွာေတာ့ ဖာနန္ဒက္စ္က အေတာ္ေလး စြမ္းေဆာင္ရည္ ေကာင္းထားတာျဖစ္တယ္။ လာမယ့္ အပတ္ေတြအတြင္း ပရီးမီးယားလိဂ္က အသင္းလိုက္ ေလ့က်င့္ေရးကို စတင္ဖို႔ ခြင့္ျပဳခ်ိန္မွာေတာ့ ထိေတြ႔မႈရွိတဲ့ ေလ့က်င့္မႈေတြကို လုပ္ေဆာင္သြားဖို႔ ရွိေနပါတယ္။