ဖက်ဒရီကို ဗယ်ဗာဒီရဲ့ own goalနဲ့ တန်မီအေဗရာဟမ်ရဲ့ ဒုတိယပိုင်းသွင်းဂိုးကြောင့် ချယ်ဆီးဟာ နယူးကာဆယ်ကို ၂-ဝနဲ့နိုင်ခဲ့သလို ပရီးမီးယားလိဂ် ၇ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ဆက်လက်တည်တံ့စေခဲ့ပါတယ်။
ဂျီရူးဟာ ဒီရာသီမှာ ချယ်ဆီးအတွက် လိဂ်တစ်ပွဲမှ ပွဲထွက်ခွင့်မရခဲ့သလို အသင်းကနေ ထွက်ခွာဖို့ ပိုနီးစပ်လာနေပြီး နောက်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်တော့မယ့် တိုက်စစ်မှူးကို အင်တာမိုင်ယာမီက ခေါ်ယူချင်နေပါတယ်။
ချယ်ဆီးက ချိတ်ဆက်နေတဲ့ ဘိုင်ယန်ဗဟိုနောက်ခံလူ ဘိုတန်ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး အသင်းကနေ ထွက်ခွာမှာဖြစ်ကာ ပြည်ပမှာ စိန်ခေါ်မှုအသစ် လုပ်ချင်နေပြီး လန်ဒန်ကို ရောက်ရှိဖို့ ဖြစ်နိုင်ခြေရှိနေပါတယ်။
ရူဒီဂါဟာ နွေရာသီမှာ စပါးနဲ့ ချိတ်ဆက်ခဲ့ပေမယ့် ချယ်ဆီး ပရိသတ်တွေနဲ့ အဆင်မပြေ ဖြစ်မှာစိုးတာကြောင့် လက်မခံခဲ့တာပါ။ ဒါပေမယ့် အခု ချယ်ဆီးဟာ သူ့ကိုရောင်းထုတ်ဖို့ လမ်းဖွင့်ထားတာကြောင့် ရူဒီဂါအနေနဲ့ မြောက်လန်ဒန်ကို ရောက်ရှိသွားနိုင်ပါတယ်။
ချယ်ဆီးဟာ ဒီရာသီ ၆ပွဲမြောက်နိုင်ပွဲရခဲ့ပြီး အဆင့်၂မှာ ရပ်တည်ခဲ့သလို ကလပ်ရဲ့ အထင်ကြီးစရာ ရာသီအစအတွက် နည်းပြလမ်းပတ်နဲ့ အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျတို့ကို ချီးကျူးရမယ်လို့ ဂျိုကိုးလ်က ယုံကြည်နေပါတယ်။
ချယ်ဆီးဟာ ကစားသမားသစ်တွေကြောင့် ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းလာသလို ပုံစံအသစ်နဲ့ ခြင်္သေ့ပြာတွေဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြနေတယ်လို့ ဂျိုကိုးလ်က ဆိုပါတယ်။
ချယ်ဆီးဟာနယူးကာဆယ်ကို အေးအေးဆေးဆေး အနိုင်ရခဲ့ပေမယ့် အခွင့်အရေးတွေ များစွာ ဖြုန်းတီးခဲ့သလို ၎င်းတို့အနေနဲ့ ရာသီကုန်မှာ ထိပ်ဆုံးလေးသင်းထဲ ပါဝင်နိုင်ဖို့အတွက် ပိုပြီးရက်စက်တဲ့ ပုံစံကိုပြသဖို့လိုတယ်လို့ အီယန်ရိုက်က ဆိုပါတယ်။
ချယ်ဆီးဟာပြိုင်ပွဲစုံ ၉ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမယ့် လမ်းပတ်ကတော့ အောက်ခြေလွတ် ပျော်မနေပဲ ဒီရာသီ လိဂ်ဖလားပြိုင်ဆိုင်မှုက ပိုပြင်းထန်လာမှာဖြစ်သလို သူတို့အနေနဲ့ ဆက်လက်ပြီးတော့ နှိမ့်ချကြိုးစားရဦးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ZAWGYI
ဖက္ဒရီကို ဗယ္ဗာဒီရဲ႕ own goalနဲ႔ တန္မီေအဗရာဟမ္ရဲ႕ ဒုတိယပိုင္းသြင္းဂိုးေၾကာင့္ ခ်ယ္ဆီးဟာ နယူးကာဆယ္ကို ၂-၀နဲ႔ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ ၇ ပြဲဆက္ ရႈံးပြဲမရွိ မွတ္တမ္းကို ဆက္လက္တည္တံ့ေစခဲ့ပါတယ္။
ဂ်ီ႐ူးဟာ ဒီရာသီမွာ ခ်ယ္ဆီးအတြက္ လိဂ္တစ္ပြဲမွ ပြဲထြက္ခြင့္မရခဲ့သလို အသင္းကေန ထြက္ခြာဖို႔ ပိုနီးစပ္လာေနၿပီး ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ေတာ့မယ့္ တိုက္စစ္မႉးကို အင္တာမိုင္ယာမီက ေခၚယူခ်င္ေနပါတယ္။
ခ်ယ္ဆီးက ခ်ိတ္ဆက္ေနတဲ့ ဘိုင္ယန္ဗဟိုေနာက္ခံလူ ဘိုတန္ဟာ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္မွာျဖစ္ၿပီး အသင္းကေန ထြက္ခြာမွာျဖစ္ကာ ျပည္ပမွာ စိန္ေခၚမႈအသစ္ လုပ္ခ်င္ေနၿပီး လန္ဒန္ကို ေရာက္ရွိဖို႔ ျဖစ္ႏိုင္ေျခရွိေနပါတယ္။
႐ူဒီဂါဟာ ေႏြရာသီမွာ စပါးနဲ႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ ခ်ယ္ဆီး ပရိသတ္ေတြနဲ႔ အဆင္မေျပ ျဖစ္မွာစိုးတာေၾကာင့္ လက္မခံခဲ့တာပါ။ ဒါေပမယ့္ အခု ခ်ယ္ဆီးဟာ သူ႔ကိုေရာင္းထုတ္ဖို႔ လမ္းဖြင့္ထားတာေၾကာင့္ ႐ူဒီဂါအေနနဲ႔ ေျမာက္လန္ဒန္ကို ေရာက္ရွိသြားႏိုင္ပါတယ္။
ခ်ယ္ဆီးဟာ ဒီရာသီ ၆ပြဲေျမာက္ႏိုင္ပြဲရခဲ့ၿပီး အဆင့္၂မွာ ရပ္တည္ခဲ့သလို ကလပ္ရဲ႕ အထင္ႀကီးစရာ ရာသီအစအတြက္ နည္းျပလမ္းပတ္နဲ႔ အသင္းပိုင္ရွင္ ႐ိုမန္ ေအဗရာမိုဗစ္ခ္်တို႔ကို ခ်ီးက်ဴးရမယ္လို႔ ဂ်ိဳကိုးလ္က ယုံၾကည္ေနပါတယ္။
ခ်ယ္ဆီးဟာ ကစားသမားသစ္ေတြေၾကာင့္ ပိုၿပီးစိတ္လႈပ္ရွားစရာ ေကာင္းလာသလို ပုံစံအသစ္နဲ႔ ျခေသၤ့ျပာေတြဟာ ဒီရာသီ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္တယ္ဆိုတာ သက္ေသျပေနတယ္လို႔ ဂ်ိဳကိုးလ္က ဆိုပါတယ္။
ခ်ယ္ဆီးဟာနယူးကာဆယ္ကို ေအးေအးေဆးေဆး အႏိုင္ရခဲ့ေပမယ့္ အခြင့္အေရးေတြ မ်ားစြာ ျဖဳန္းတီးခဲ့သလို ၎တို႔အေနနဲ႔ ရာသီကုန္မွာ ထိပ္ဆုံးေလးသင္းထဲ ပါဝင္ႏိုင္ဖို႔အတြက္ ပိုၿပီးရက္စက္တဲ့ ပုံစံကိုျပသဖို႔လိုတယ္လို႔ အီယန္႐ိုက္က ဆိုပါတယ္။
ခ်ယ္ဆီးဟာၿပိဳင္ပြဲစုံ ၉ပြဲဆက္ ရႈံးပြဲမရွိခဲ့ေပမယ့္ လမ္းပတ္ကေတာ့ ေအာက္ေျခလြတ္ ေပ်ာ္မေနပဲ ဒီရာသီ လိဂ္ဖလားၿပိဳင္ဆိုင္မႈက ပိုျပင္းထန္လာမွာျဖစ္သလို သူတို႔အေနနဲ႔ ဆက္လက္ၿပီးေတာ့ ႏွိမ့္ခ်ႀကိဳးစားရဦးမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။