အာတီတာဟာ အူဘာမီးယန်းကို ဗဟို တိုက်စစ်နေရာမှာ ဆက် ကစားစေဦးမှာ ဖြစ်သလို ဂိုးရှေ့မှာ အူဘာမီးယန်းရဲ့ ပုံစံကောင်းတွေ ပြန်ရစေဖို့အတွက် အသင်းက သူ့ကို ပိုပြီး ကူညီဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
လိဒ်နဲ့ တွေ့ဆုံရမယ့် ပွဲမတိုင်ခင်အထိ ၈ပွဲအတွင်း အာဆင်နယ်ဟာ ၉ဂိုးသာ သွင်းယူနိုင်ခဲ့သလို ရဂိုး အနည်းဆုံးအသင်းဖြစ်နေပြီး ရုန်းကန်နေရတဲ့ တိုက်စစ်ကို အားဖြည့်ဖို့အတွက် ဇန်နဝါရီမှာ လူသစ်တွေ ဝယ်လိမ့်မယ်လို့ အလန်စမစ်က ဆိုပါတယ်။
အာဆင်နယ်မှာ လာကာဇက်ရဲ့ လုပ်အားနှုန်းအပေါ် ကွင်းလယ်လူဟောင်း ပေါလ်မာဆွန်က မေးခွန်းထုတ်ခဲ့ပြီး သူက မိနစ် ၇၀ လောက်မှာ လူစားလဲ ခံရမယ်ဆိုတာကို သိနေတဲ့ လူလိုမျိုး အားထုတ်မှု ကင်းမဲ့နေတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
အန်ကီတီရာဟာ အာဆင်နယ်မှာ အာတီတာရဲ့ အထင်ကြီးမှုကို ရရှိခဲ့ပေမယ့် လာကာဇက်ကို ပွဲထွက်နေရာကို အစား မထိုးနိုင်ခဲ့သလို ပုံမှန်ကစားချိန်ရဖို့အတွက် နောက်ထပ် အငှားထွက် ကစားဖို့လိုတယ်လို့ ကီဗင်ကမ့်ဘဲက တိုက်တွန်းခဲ့ပါတယ်။
အင်တာမီလန်ဟာ ဇန်နဝါရီမှာ ရှာကာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ် ကွင်းလယ်လူက အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိနေတာကြောင့် ဒီအပြောင်းအရွှေ့က မဖြစ်နိုင်လောက်တော့ဘူးလို့ သိရပါတယ်။
မနှစ်က ဒီဇင်ဘာကတည်းက ACL ဒဏ်ရာကြောင့် မကစားခဲ့ရတဲ့ ကလန် ချိန်ဘားစ်ဟာ ဒီလအစောပိုင်းမှာ အာဆင်နယ် ယူ၂၁ အသင်းနဲ့အတူ ကွင်းထဲပြန်ရောက်လာခဲ့သလို ယူ ၂၃အသင်းမှာလဲ နောက်ထပ် ပွဲထွက်နိုင်ခဲ့တဲ့နောက် အသင်းကြီးနဲ့ပူးပေါင်းဖို့ နီးစပ်နေပါတယ်။
လေ့ကျင့်ရေးမှာ အသင်းဖော်တွေကြား ကတောက်ကဆ ဖြစ်တာတွေ ရှိနိုင်ပေမယ့် ဒေးဗစ်လုဇ်နဲ့ ဆီဘယ်လော့တို့ရဲ့ ပြဿနာကတော့ ဆိုးရွားတဲ့ တစ်ခုခု ဖြစ်လာနိုင်တဲ့ လက္ခဏာဖြစ်တယ်လို့မာတင်ကီယွန်က သတိပေး ပြောဆိုခဲ့ပါတယ်။
အန်ကီတီရာဟာ ကျောနံပါတ် ၃၀ကို ဝတ်ဆင်နေရပေမယ့် နံပါတ်၉ကို အကြိုက်ဆုံးပါလို့ ပြောကြားခဲ့သလို အခု အဲ့ဒီ့နံပါတ်ယူထားတဲ့ လာကာဇက်က ၂၀၂၂မှာ စာချုပ်မကုန်ခင် ရောင်းချ ခံရနိုင်ဖွယ် ရှိတာကြောင့် သူ့အတွက် အခွင့်အရေး ရှိနိုင်ပါတယ်။
Zawgyi – အာတီတာဟာ အူဘာမီးယန္းကို ဗဟို တိုက္စစ္ေနရာမွာ ဆက္ ကစားေစဦးမွာ ျဖစ္သလို ဂိုးေရွ႕မွာ အူဘာမီးယန္းရဲ႕ ပုံစံေကာင္းေတြ ျပန္ရေစဖို႔အတြက္ အသင္းက သူ႔ကို ပိုၿပီး ကူညီဖို႔လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
လိဒ္နဲ႔ ေတြ႕ဆုံရမယ့္ ပြဲမတိုင္ခင္အထိ ၈ပြဲအတြင္း အာဆင္နယ္ဟာ ၉ဂိုးသာ သြင္းယူႏိုင္ခဲ့သလို ရဂိုး အနည္းဆုံးအသင္းျဖစ္ေနၿပီး ႐ုန္းကန္ေနရတဲ့ တိုက္စစ္ကို အားျဖည့္ဖို႔အတြက္ ဇန္နဝါရီမွာ လူသစ္ေတြ ဝယ္လိမ့္မယ္လို႔ အလန္စမစ္က ဆိုပါတယ္။
အာဆင္နယ္မွာ လာကာဇက္ရဲ႕ လုပ္အားႏႈန္းအေပၚ ကြင္းလယ္လူေဟာင္း ေပါလ္မာဆြန္က ေမးခြန္းထုတ္ခဲ့ၿပီး သူက မိနစ္ ၇၀ ေလာက္မွာ လူစားလဲ ခံရမယ္ဆိုတာကို သိေနတဲ့ လူလိုမ်ိဳး အားထုတ္မႈ ကင္းမဲ့ေနတယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
အန္ကီတီရာဟာ အာဆင္နယ္မွာ အာတီတာရဲ႕ အထင္ႀကီးမႈကို ရရွိခဲ့ေပမယ့္ လာကာဇက္ကို ပြဲထြက္ေနရာကို အစား မထိုးႏိုင္ခဲ့သလို ပုံမွန္ကစားခ်ိန္ရဖို႔အတြက္ ေနာက္ထပ္ အငွားထြက္ ကစားဖို႔လိုတယ္လို႔ ကီဗင္ကမ့္ဘဲက တိုက္တြန္းခဲ့ပါတယ္။
အင္တာမီလန္ဟာ ဇန္နဝါရီမွာ ရွာကာကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ အာဆင္နယ္ ကြင္းလယ္လူက အသင္းကေန ထြက္ခြာဖို႔ ဆႏၵမရွိေနတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕က မျဖစ္ႏိုင္ေလာက္ေတာ့ဘူးလို႔ သိရပါတယ္။
မႏွစ္က ဒီဇင္ဘာကတည္းက ACL ဒဏ္ရာေၾကာင့္ မကစားခဲ့ရတဲ့ ကလန္ ခ်ိန္ဘားစ္ဟာ ဒီလအေစာပိုင္းမွာ အာဆင္နယ္ ယူ၂၁ အသင္းနဲ႔အတူ ကြင္းထဲျပန္ေရာက္လာခဲ့သလို ယူ ၂၃အသင္းမွာလဲ ေနာက္ထပ္ ပြဲထြက္ႏိုင္ခဲ့တဲ့ေနာက္ အသင္းႀကီးနဲ႔ပူးေပါင္းဖို႔ နီးစပ္ေနပါတယ္။
ေလ့က်င့္ေရးမွာ အသင္းေဖာ္ေတြၾကား ကေတာက္ကဆ ျဖစ္တာေတြ ရွိႏိုင္ေပမယ့္ ေဒးဗစ္လုဇ္နဲ႔ ဆီဘယ္ေလာ့တို႔ရဲ႕ ျပႆနာကေတာ့ ဆိုး႐ြားတဲ့ တစ္ခုခု ျဖစ္လာႏိုင္တဲ့ လကၡဏာျဖစ္တယ္လို႔မာတင္ကီယြန္က သတိေပး ေျပာဆိုခဲ့ပါတယ္။
အန္ကီတီရာဟာ ေက်ာနံပါတ္ ၃၀ကို ဝတ္ဆင္ေနရေပမယ့္ နံပါတ္၉ကို အႀကိဳက္ဆုံးပါလို႔ ေျပာၾကားခဲ့သလို အခု အဲ့ဒီ့နံပါတ္ယူထားတဲ့ လာကာဇက္က ၂၀၂၂မွာ စာခ်ဳပ္မကုန္ခင္ ေရာင္းခ် ခံရႏိုင္ဖြယ္ ရွိတာေၾကာင့္ သူ႔အတြက္ အခြင့္အေရး ရွိႏိုင္ပါတယ္။