ကန်တေရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပြန်မြင်လာရခြင်း အကြောင်းရင်းကို ရှင်းပြတဲ့ လမ်းပတ်

ချယ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်တိုက်ကို အနိုင်ရအောင် ကြိုးစားလာနိုင်ခဲ့တာကြောင့် အမှတ်ပေးဖလား စိန်ခေါ်မယ့် အသင်းစာရင်းထဲ ပြန်လည် ဝင်ရောက်လာခဲ့ပါပြီ။

ချယ်ဆီးရဲ့ ရလဒ်ကောင်းတွေမှာ ပါဝင်ခြေစွမ်းပြနေသူက ကွင်းလယ်လူ ကန်တေဖြစ်ပြီး ဒဏ်ရာ ပြဿနာကနေ ရုန်းထလာနိုင်ပြီဖြစ်တဲ့ ပြင်သစ်သားဟာ မန်နေဂျာလမ်းပတ်ရဲ့ အသင်းအတွက် သက်ရောက်မှုကြီးတွေ ထုတ်ပြလာနိုင်တယ်။ ကန်တေရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ပြန်မြင်လာရခြင်းနဲ့ ပက်သက်လို့ မန်နေဂျာလမ်းပတ်က ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။

လမ်းပတ်က “ မနှစ်တုန်းက ကန်တေက ၅၀% လောက်သော ပွဲတွေကို လွဲချော်ခဲ့တယ်။ အကြောင်းရင်းတွေ အများကြီးနဲ့ သူဟာ ခက်ခဲတဲ့ ကာလတွေ ရှိခဲ့ပါတယ်။ သူပြန်ပြီး ကြံ့ခိုင်လာဖို့ ကျနေ်ာတို့တွေ အများကြီး ကြိုးစားခဲ့ရတယ်။ ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က သိပ်မြင့်ပါတယ်။

ကန်တေအကြောင်း မေးခံရတိုင်း သူ့ကို ယုံကြည်တယ်လို့ ပြန်ဖြေပေးခဲ့တယ်။ သူက ထိပ်တန်း ကွင်းလယ်လူဖြစ်ပါတယ်။ ဘောလုံးကို ပြန်ရယူနိုင်မှု အပိုင်းမှာတင် မဟုတ်ဘဲ ဘောလုံးပေးမှု၊ ကွင်းလယ်ကို ထောက်ပံ့ပေးမှုနဲ့ အတွင်းလူနေရာက ကစားနိုင်မှုမှာလည်း သိပ်ကို ထူးချွန်သူဖြစ်တယ်။ သူ ပါဝင်ကစားနေရင် အကူးအပြောင်းတွေကို လုပ်ရတာ အတော်လေးကို သက်သောင့်သက်သာ ရှိပါတယ်။

သူ အကောင်းဆုံး ကစားနေတာအတွက် ပျော်ရွှင်တယ်။ မနှစ်ကရာသီ အစမှာ သူက ယူရိုပါလိဂ် ဗိုလ်လုပွဲကတည်းက ရတဲ့ ဒဏ်ရာရှိနေခဲ့တယ်။ တစ်ရာသီလုံး ဒဏ်ရာပြဿနာတွေကို ရင်ဆိုင်နေခဲ့ရပါတယ်။ အဲ့တာကတော့ ကံမကောင်းတာပေါ့။ သူ့ကို ပွဲတွေရဲ့ ၅၀% လောက်မှာ မသုံးနိုင်တာက ကျနေ်ာတို့ အတွက်လည်း ကံမကောင်းတာပါပဲ။

သူ့ရဲ့ လေ့ကျင့်မှုဆိုင်ရာ ကိန်းဂဏန်းတွေ၊ သူ့ရဲ့ ကစားနိုင်မှုတွေကို အမြဲတမ်း စစ်ဆေးနေခဲ့ရတယ်။ သူနဲ့ ပက်သက်ပြီး ကျနော်တို့ အတော်လေး ဂရုစိုက်သလို အခုလိုပဲ အကောင်းဆုံးတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ရှင်းပြခဲ့ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ျပိဳင္ပြဲစံု ေနာက္ဆံုး ၅ ပြဲဆက္တိုက္ကို အႏုိင္ရေအာင္ ၾကိဳးစားလာႏုိင္ခဲ့တာေၾကာင့္ အမွတ္ေပးဖလား စိန္ေခၚမယ့္ အသင္းစာရင္းထဲ ျပန္လည္ ဝင္ေရာက္လာခဲ့ပါျပီ။

ခ်ယ္ဆီးရဲ႕ ရလဒ္ေကာင္းေတြမွာ ပါဝင္ေျခစြမ္းျပေနသူက ကြင္းလယ္လူ ကန္ေတျဖစ္ျပီး ဒဏ္ရာ ျပႆနာကေန ရုန္းထလာႏုိင္ျပီျဖစ္တဲ့ ျပင္သစ္သားဟာ မန္ေနဂ်ာလမ္းပတ္ရဲ႕ အသင္းအတြက္ သက္ေရာက္မႈၾကီးေတြ ထုတ္ျပလာႏုိင္တယ္။ ကန္ေတရဲ႕ အေကာင္းဆံုး ေျခစြမ္းေတြ ျပန္ျမင္လာရျခင္းနဲ႔ ပက္သက္လို႔ မန္ေနဂ်ာလမ္းပတ္က ထုတ္ေျပာမႈ လုပ္ခဲ့ပါတယ္။

လမ္းပတ္က “ မႏွစ္တုန္းက ကန္ေတက ၅၀% ေလာက္ေသာ ပြဲေတြကို လြဲေခ်ာ္ခဲ့တယ္။ အေၾကာင္းရင္းေတြ အမ်ားၾကီးနဲ႔ သူဟာ ခက္ခဲတဲ့ ကာလေတြ ရွိခဲ့ပါတယ္။ သူျပန္ျပီး ၾကံ႕ခိုင္လာဖို႔ က်ေန္ာတို႔ေတြ အမ်ားၾကီး ၾကိဳးစားခဲ့ရတယ္။ ဒါေပမယ့္ သူ႔ရဲ႕ စြမ္းေဆာင္ရည္က သိပ္ျမင့္ပါတယ္။

ကန္ေတအေၾကာင္း ေမးခံရတိုင္း သူ႔ကို ယံုၾကည္တယ္လို႔ ျပန္ေျဖေပးခဲ့တယ္။ သူက ထိပ္တန္း ကြင္းလယ္လူျဖစ္ပါတယ္။ ေဘာလံုးကို ျပန္ရယူႏိုင္မႈ အပိုင္းမွာတင္ မဟုတ္ဘဲ ေဘာလံုးေပးမႈ၊ ကြင္းလယ္ကို ေထာက္ပံ့ေပးမႈနဲ႔ အတြင္းလူေနရာက ကစားႏုိင္မႈမွာလည္း သိပ္ကို ထူးခၽြန္သူျဖစ္တယ္။ သူ ပါဝင္ကစားေနရင္ အကူးအေျပာင္းေတြကို လုပ္ရတာ အေတာ္ေလးကို သက္ေသာင့္သက္သာ ရွိပါတယ္။

သူ အေကာင္းဆံုး ကစားေနတာအတြက္ ေပ်ာ္ရႊင္တယ္။ မႏွစ္ကရာသီ အစမွာ သူက ယူရိုပါလိဂ္ ဗိုလ္လုပြဲကတည္းက ရတဲ့ ဒဏ္ရာရွိေနခဲ့တယ္။ တစ္ရာသီလံုး ဒဏ္ရာျပႆနာေတြကို ရင္ဆိုင္ေနခဲ့ရပါတယ္။ အဲ့တာကေတာ့ ကံမေကာင္းတာေပါ့။ သူ႔ကို ပြဲေတြရဲ႕ ၅၀% ေလာက္မွာ မသံုးႏုိင္တာက က်ေန္ာတို႔ အတြက္လည္း ကံမေကာင္းတာပါပဲ။

သူ႔ရဲ႕ ေလ့က်င့္မႈဆိုင္ရာ ကိန္းဂဏန္းေတြ၊ သူ႔ရဲ႕ ကစားႏုိင္မႈေတြကို အျမဲတမ္း စစ္ေဆးေနခဲ့ရတယ္။ သူနဲ႔ ပက္သက္ျပီး က်ေနာ္တို႔ အေတာ္ေလး ဂရုစိုက္သလို အခုလိုပဲ အေကာင္းဆံုးေတြ ဆက္လက္ လုပ္ေဆာင္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ရွင္းျပခဲ့ပါတယ္။