ယူနိုက်တက် ဂန္တဝင် ပေါစခိုးလ်ကတော့ ဝက်စ်ဘရွန်းကို နိုင်တဲ့ပွဲက အရုပ်ဆိုးတဲ့ နိုင်ပွဲ ဖြစ်ပြီး ကလပ်ဟာ ဘရူနို ဖာနန်ဒက်စ် အပေါ် ပုံပြီး မှီခိုနေရသလို ဖြစ်နေတာကြောင့် ပေါ်တူဂီသား သာ ရှိမနေရင် ယူနိုက်တက် ဘယ်နေရာမှာ ရှိနေမလဲ လို့တောင် တွေးစရာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
အစွန်ခံစစ်သမား အဲလက်စ် တဲလက်စ်ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ပွဲမှာ ကောင်းမွန်တဲ့ ခြေစွမ်း ပြသနိုင်ခဲ့ပြီး ခံစစ်မှာ လုံခြုံသလို တိုက်စစ်လည်း လိုက်ပါနိုင်တာကြောင့် ရှော မပါဝင်နိုင်ချိန်မှာ အကောင်းဆုံး ဖြည့်ဆည်းနိုင်ပြီလို့ စိတ်ချရဖွယ် ရှိပါတယ်။
မန်စီးတီးအသင်းဟာ ၎င်းတို့ အားထားရတဲ့ ဝါရင့် တိုက်စစ်မှူး အဂွယ်ရို နေရာ အစားဝင် ဆက်ခံနိုင်မယ့် သူ အဖြစ် ယူနိုက်တက် တိုက်စစ်မှူးဟောင်း လူကာကူ ကို ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ လူကာကူ က အသင်းသစ် အင်တာမီလန်မှာ ခြေစွမ်းပြနေပါတယ်။
ယူနိုက်တက်ဟာ ပြိုင်ဘက် အသင်းတွေကို အညှာတာ မရှိဘဲ အနိုင်ယူ ကျော်ဖြတ်နိုင်တဲ့ စိတ်ဓာတ် ဝိဉာဉ်မျိုး လိုအပ်နေသေးပြီး အဲဒါမှသာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အဆင့် ပြန်ရောက်မယ်လို့ မာတစ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ကတော့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ပင်နယ်တီ ကန်သွင်းချိန် ပထမ တစ်ချက် ဂိုးမဝင်ခဲ့တဲ့ အပေါ် မပျော်ရွှင် ဖြစ်ရကြောင်း ဝန်ခံခဲ့ပြီး အသင်းလိုက် စွမ်းဆောင်ရည်မှာလည်း ယူနိုက်တက် ဒိထက် ပို တိုးတက်အောင် ကြိုးစားရမယ်လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။
ယူနိုက်တက် ဂိုးပေါက်အတွက် ဒီဂီယာ၊ ဒင်းဟန်ဒါဆန်၊ လီးဂရန့် တို့ ရှိနေသလို ရိုမဲရိုးဟာ အသင်းကနေ ထွက်ခွာဖို့ကြိုးစားခဲ့စဉ်မှာ ကလပ်က တားဆီးခဲ့ပေမယ့် အခုတော့ သူ့ကို ထွက်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီး ၎င်းရဲ့တန်ကြေးကို ပေါင်၂.၅သန်း သတ်မှတ် လိုက်ပါတယ်။
Zawgyi – ယူနိုက္တက္ ဂႏၱ၀င္ ေပါစခိုးလ္ကေတာ့ ၀က္စ္ဘရြန္းကို နုိင္တဲ့ပြဲက အရုပ္ဆိုးတဲ့ နုိင္ပြဲ ျဖစ္ျပီး ကလပ္ဟာ ဘရူနို ဖာနန္ဒက္စ္ အေပၚ ပံုျပီး မီွခိုေနရသလို ျဖစ္ေနတာေၾကာင့္ ေပၚတူဂီသား သာ ရွိမေနရင္ ယူနိုက္တက္ ဘယ္ေနရာမွာ ရွိေနမလဲ လို႔ေတာင္ ေတြးစရာ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။
အစြန္ခံစစ္သမား အဲလက္စ္ တဲလက္စ္ကေတာ့ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္ ပြဲမွာ ေကာင္းမြန္တဲ့ ေျခစြမ္း ျပသနုိင္ခဲ့ျပီး ခံစစ္မွာ လံုျခံဳသလို တိုက္စစ္လည္း လိုက္ပါနုိင္တာေၾကာင့္ ေရွာ မပါ၀င္နုိင္ခ်ိန္မွာ အေကာင္းဆံုး ျဖည့္ဆည္းနုိင္ျပီလို႔ စိတ္ခ်ရဖြယ္ ရွိပါတယ္။
မန္စီးတီးအသင္းဟာ ၄င္းတို႔ အားထားရတဲ့ ၀ါရင့္ တိုက္စစ္မွဴး အဂြယ္ရို ေနရာ အစား၀င္ ဆက္ခံနုိင္မယ့္ သူ အျဖစ္ ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း လူကာကူ ကို ေခၚယူဖို႔ ၾကံရြယ္ေနပါတယ္။ လူကာကူ က အသင္းသစ္ အင္တာမီလန္မွာ ေျခစြမ္းျပေနပါတယ္။
ယူနုိက္တက္ဟာ ျပိဳင္ဘက္ အသင္းေတြကို အညွာတာ မရွိဘဲ အနုိင္ယူ ေက်ာ္ျဖတ္နိုင္တဲ့ စိတ္ဓာတ္ ၀ိဥာဥ္မ်ိဳး လိုအပ္ေနေသးျပီး အဲဒါမွသာ ဆုဖလားေတြကို စိန္ေခၚနုိင္တဲ့ အဆင့္ ျပန္ေရာက္မယ္လို႔ မာတစ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။
ဘရူနို ဖာနန္ဒက္စ္ကေတာ့ ၀က္စ္ဘရြန္းနဲ႕ ပြဲမွာ ပင္နယ္တီ ကန္သြင္းခ်ိန္ ပထမ တစ္ခ်က္ ဂိုးမ၀င္ခဲ့တဲ့ အေပၚ မေပ်ာ္ရႊင္ ျဖစ္ရေၾကာင္း ၀န္ခံခဲ့ျပီး အသင္းလိုက္ စြမ္းေဆာင္ရည္မွာလည္း ယူနိုက္တက္ ဒိထက္ ပို တိုးတက္ေအာင္ ၾကိဳးစားရမယ္လို႔ ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။
ယူႏိုက္တက္ ဂိုးေပါက္အတြက္ ဒီဂီယာ၊ ဒင္းဟန္ဒါဆန္၊ လီးဂရန္႔ တို႔ ရွိေနသလို ႐ိုမဲ႐ိုးဟာ အသင္းကေန ထြက္ခြာဖို႔ႀကိဳးစားခဲ့စဥ္မွာ ကလပ္က တားဆီးခဲ့ေပမယ့္ အခုေတာ့ သူ႔ကို ထြက္ခြင့္ျပဳဖို႔ ဆုံးျဖတ္လိုက္ၿပီး ၎ရဲ႕တန္ေၾကးကို ေပါင္၂.၅သန္း သတ္မွတ္ လိုက္ပါတယ္။