ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (23/11/20)

အင်္ဂါနေ့မှာ ချန်ပီယံလိဂ်ပွဲကစားရဖို့ရှိနေတဲ့ ယူနိုက်တက်ဟာ မေဆန်ဂရင်းဝုဒ် ပြန်လာနိုင်ဖို့ မျှော်လင့်နေပြီး ၎င်းက ကလပ်အတွက် တည်ငြိမ်တဲ့ပုံစံကောင်းတွေ ရရှိအောင် အဓိက ကူညီပေးနိုင်လိမ့်မယ်လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပင်နယ်တီ ရခဲ့တဲ့ ယူနိုက်တက်ဟာ ဒီရာသီ လိဂ်အိမ်ကွင်း ၅ပွဲမှာ ပထမဆုံးနိုင်ပွဲရရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ လက ပဲလေ့စ်နဲ့ လိဂ်ပထမဆုံးပွဲနောက်ပိုင်း open play ကနေ ဂိုး သွင်းယူနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပါတယ်။

ဝက်စ်ဘရွန်းနဲ့ပွဲမှာ နောက်ခံလူ အဲလက်စ်တဲလက်စ်ရဲ့ စွမ်းဆောင်ရည်အပေါ် ဘရိုင်ယန် ရော့ဘ်ဆန်က အထင်ကြီးနေခဲ့ပြီး နောက်အပတ်တွေမှာ ၎င်းဟာ ပွဲကစားချိန် ပိုရလာမှာဖြစ်ကာ ဒါက သူ့ရဲ့ ခြေစွမ်းကိုတိုးတက်စေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ယာနုဇက်ဟာ အခု လာလီဂါ အဆင့်၁ ဖြစ်နေတဲ့ ရီးရဲလ်ဆိုစီဒက်နဲ့အတူ အံ့အားသင့်ဖွယ် ခြေစွမ်းပြသနေတာကို မြင်ခဲ့ရတဲ့နောက် သူ့ကို ပြန်ခေါ်ဖို့ ယူနိုက်တက် ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

ဝက်စ်ဘရွန်းနဲ့ပွဲမှာ ကွင်းလယ်ခံစစ် မာတစ်နဲ့ဖရက်တို့ဟာ ဖန်တီးနိုင်စွမ်း ကင်းမဲ့နေခဲ့ပြီး တိုက်စစ်ကို မပံ့ပိုးနိုင်ခဲ့တာကြောင့် ဆိုးလ်ရှားကို ဝေဖန်နေကြပေမယ့် ပေါလ်စခိုးနဲ့ ဖာဒီနန်ကတော့ ယိုင်နဲ့နေတဲ့ ဆိုးလ်ရှားရဲ့ နောက်ခံလူတွေအပေါ် အပြစ်တင်ခဲ့ပါတယ်။

အင်တာမီလန်မှာ ရုန်းကန်နေရတဲ့ အဲရစ်ဆင်ကို ယူနိုက်တက်က ဇန်နဝါရီမှာ ခေါ်ယူဖို့ စဉ်းစားနေသလို ၎င်းက နှစ်သစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာဖြစ်ကြောင်း အင်တာဥက္ကဌ မာရော့တာက ဖွင့်ဟခဲ့ပါတယ်။

မာရှယ်ဟာ ပရီးမီးယားလိဂ်မှာ ဆက်လက် ဂိုးပေါက် ပျောက်နေဆဲဖြစ်ပြီး နိုင်ငံအသင်းမှာလဲ ခြေစွမ်းကျဆင်းနေတဲ့ အပေါ် လီဘိုးက စိုးရိမ်နေပြီး သူ့အနေနဲ့ ဧရိယာထဲမှာ တကယ့် သားသတ်သမား တစ်ယောက်လို သွေးအေးသူ ဖြစ်လာဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – အဂၤါေန႔မွာ ခ်န္ပီယံလိဂ္ပြဲကစားရဖို႔ရွိေနတဲ့ ယူႏိုက္တက္ဟာ ေမဆန္ဂရင္းဝုဒ္ ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး ၎က ကလပ္အတြက္ တည္ၿငိမ္တဲ့ပုံစံေကာင္းေတြ ရရွိေအာင္ အဓိက ကူညီေပးႏိုင္လိမ့္မယ္လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။

ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ပင္နယ္တီ ရခဲ့တဲ့ ယူႏိုက္တက္ဟာ ဒီရာသီ လိဂ္အိမ္ကြင္း ၅ပြဲမွာ ပထမဆုံးႏိုင္ပြဲရရွိခဲ့ေပမယ့္ လြန္ခဲ့တဲ့ ၂ လက ပဲေလ့စ္နဲ႔ လိဂ္ပထမဆုံးပြဲေနာက္ပိုင္း open play ကေန ဂိုး သြင္းယူႏိုင္ျခင္း မရွိေသးဘဲ ျဖစ္ေနပါတယ္။

ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ေနာက္ခံလူ အဲလက္စ္တဲလက္စ္ရဲ႕ စြမ္းေဆာင္ရည္အေပၚ ဘ႐ိုင္ယန္ ေရာ့ဘ္ဆန္က အထင္ႀကီးေနခဲ့ၿပီး ေနာက္အပတ္ေတြမွာ ၎ဟာ ပြဲကစားခ်ိန္ ပိုရလာမွာျဖစ္ကာ ဒါက သူ႔ရဲ႕ ေျခစြမ္းကိုတိုးတက္ေစလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ ကစားသမားေဟာင္း ယာနုဇက္ဟာ အခု လာလီဂါ အဆင့္၁ ျဖစ္ေနတဲ့ ရီးရဲလ္ဆိုစီဒက္နဲ႔အတူ အံ့အားသင့္ဖြယ္ ေျခစြမ္းျပသေနတာကို ျမင္ခဲ့ရတဲ့ေနာက္ သူ႔ကို ျပန္ေခၚဖို႔ ယူႏိုက္တက္ ပရိသတ္ေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ကြင္းလယ္ခံစစ္ မာတစ္နဲ႔ဖရက္တို႔ဟာ ဖန္တီးႏိုင္စြမ္း ကင္းမဲ့ေနခဲ့ၿပီး တိုက္စစ္ကို မပံ့ပိုးႏိုင္ခဲ့တာေၾကာင့္ ဆိုးလ္ရွားကို ေဝဖန္ေနၾကေပမယ့္ ေပါလ္စခိုးနဲ႔ ဖာဒီနန္ကေတာ့ ယိုင္နဲ႔ေနတဲ့ ဆိုးလ္ရွားရဲ႕ ေနာက္ခံလူေတြအေပၚ အျပစ္တင္ခဲ့ပါတယ္။

အင္တာမီလန္မွာ ႐ုန္းကန္ေနရတဲ့ အဲရစ္ဆင္ကို ယူႏိုက္တက္က ဇန္နဝါရီမွာ ေခၚယူဖို႔ စဥ္းစားေနသလို ၎က ႏွစ္သစ္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္မွာျဖစ္ေၾကာင္း အင္တာဥကၠဌ မာေရာ့တာက ဖြင့္ဟခဲ့ပါတယ္။

မာရွယ္ဟာ ပရီးမီးယားလိဂ္မွာ ဆက္လက္ ဂိုးေပါက္ ေပ်ာက္ေနဆဲျဖစ္ၿပီး ႏိုင္ငံအသင္းမွာလဲ ေျခစြမ္းက်ဆင္းေနတဲ့ အေပၚ လီဘိုးက စိုးရိမ္ေနၿပီး သူ႔အေနနဲ႔ ဧရိယာထဲမွာ တကယ့္ သားသတ္သမား တစ္ေယာက္လို ေသြးေအးသူ ျဖစ္လာဖို႔ လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။