ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (21/05/20)

ယူနိုက်တက် အစွန်ခံစစ်မှူး ဒါလော့ကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ စပါးအသင်းတို့က အပြိုင် ချိတ်ဆက်လာကြပြီး ယူနိုက်တက်ဘက်ကတော့ ပေါ်တူဂီသားကို ရောင်းချမှာ မဟုတ်ကြောင်း တုန့်ပြန်ထားပါတယ်။

ဝက်ဖို့ဒ် တိုက်စစ်မှူး အင်ဒရေ ဂရေးက ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်သူ ဖြစ်ပြီး ဝေဖန်နေကြမှုတွေက မျှတမှု မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

တရုတ် ရှန်ဟိုင်းရှင်ဟွာ ကလပ်အသင်းကနေ ယူနိုက်တက်ထံ အငှား လာရောက် ကစားနေတဲ့ တိုက်စစ်မှူး အစ်ဟာလိုရဲ့ စာချုပ်က ဒီလကုန် ကုန်ဆုံးမှာ ဖြစ်လို့ ၉ ရက်ခန့်သာ ကျန်ရှိပါတယ်။ ဒါပေမယ့် နိုင်ဂျီးရီးယားသားကို ဆက်ခေါ်ထားဖို့ မရေရာဘဲ ဖြစ်နေဆဲပါ။

ယူနိုက်တက် ဂန္တဝင် ဂိုးသမားကြီး ပီတာရှမိုက်ကယ်ကတော့ သူ့ရဲ့ ကလပ်အသင်းဟောင်း ယူနိုက်တက်မှာ လာရောက် ကစားဖို့ အမြင်ချင်ဆုံးကတော့ စပါးအသင်းမှ တိုက်စစ်သမား ဆွန်ယောင်မင် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတင်တော့မှာ ဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေကို အနည်းဆုံး သုံးချိန်ခွဲပြီး အဖွဲ့လိုက် လေ့ကျင့်မှုတွေကို ဒီအပတ်မှာ စတင် ထားပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက လက်ရှိ အသင်းလူစာရင်းမှာ သူ စိတ်တိုင်းမကျတဲ့ ကိုယ်ရည်ကိုယ်သွေး မကောင်းမွန်တဲ့ လူစားမျိုး မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ဆိုးရှားဟာ အသင်းလူစာရင်းမှာ ပြုပြင်စရာတွေ ရှိကြောင်း ဆိုခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲရားကတော့ ထရိန်နင်တွေ ပြန်စတင်ချိန်မှာ အသင်းရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေး အစီအမံတွေက လုံး၀ စိတ်ချ ကောင်းမွန်နေတယ်လို့ ချီးကျူးစကား ဆိုလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ အစြန္ခံစစ္မွဴး ဒါေလာ့ကို ေခၚယူဖို႔ ပီအက္စ္ဂ်ီနဲ႕ စပါးအသင္းတို႔က အျပိဳင္ ခ်ိတ္ဆက္လာၾကျပီး ယူနိုက္တက္ ဘက္ကေတာ့ ေပၚတူဂီသားကို ေရာင္းခ်မွာ မဟုတ္ေၾကာင္း တုန္႔ျပန္ထားပါတယ္။

၀က္ဖို႔ဒ္ တိုက္စစ္မွဴး အင္ဒေရ ဂေရးက ယူနုိက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာက ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားေတြထဲ ပါ၀င္သူ ျဖစ္ျပီး ေ၀ဖန္ေနၾကမႈေတြက မွ်တမႈ မရွိေၾကာင္း ေျပာဆိုိခဲ့ပါတယ္။

တရုတ္ ရွန္ဟိုင္းရွင္ဟြာ ကလပ္အသင္းကေန ယူနိုက္တက္ထံ အငွား လာေရာက္ ကစားေနတဲ့ တိုက္စစ္မွဴး အစ္ဟာလုိရဲ႕ စာခ်ဳပ္က ဒီလကုန္ ကုန္ဆံုးမွာ ျဖစ္လို႔ ၉ ရက္ခန္႔သာ က်န္ရွိပါတယ္။ ဒါေပမယ့္ နိုင္ဂ်ီးရီးယားသားကို ဆက္ေခၚထားဖို႔ မေရရာဘဲ ျဖစ္ေနဆဲပါ။

ယူနိုက္တက္ ဂႏၱ၀င္ ဂိုးသမားၾကီး ပီတာရွမိုက္ကယ္ကေတာ့ သူ႔ရဲ႕ ကလပ္အသင္းေဟာင္း ယူနုိက္တက္မွာ လာေရာက္ ကစားဖို႔ အျမင္ခ်င္ဆံုးကေတာ့ စပါးအသင္းမွ တိုက္စစ္သမား ဆြန္ေယာင္မင္ ျဖစ္တယ္လို႔ ဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတင္ေတာ့မွာ ျဖစ္တာေၾကာင့္ ယူႏုိက္တက္ရဲ႕ ကာရင္တန္ ေလ့က်င့္ေရးကြင္းမွာ ကစားသမားေတြကို အနည္းဆံုး သံုးခ်ိန္ခြဲျပီး အဖြဲ႔လိုက္ ေလ့က်င့္မႈေတြကို ဒီအပတ္မွာ စတင္ ထားပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက လက္ရွိ အသင္းလူစာရင္းမွာ သူ စိတ္တိုင္းမက်တဲ့ ကိုယ္ရည္ကိုယ္ေသြး မေကာင္းမြန္တဲ့ လူစားမ်ိဳး မရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ျပီးခဲ့တဲ့နွစ္ မတ္လတုန္းက ဆိုးရွားဟာ အသင္းလူစာရင္းမွာ ျပဳျပင္စရာေတြ ရွိေၾကာင္း ဆိုခဲ့ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြဲရားကေတာ့ ထရိန္နင္ေတြ ျပန္စတင္ခ်ိန္မွာ အသင္းရဲ႕ လံုျခံဳေရးနဲ႕ က်န္းမာေရး အစီအမံေတြက လံုး၀ စိတ္ခ် ေကာင္းမြန္ေနတယ္လို႔ ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။