ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (23/11/20)

နွေရာသီမှာ ချယ်ဆီးကနေထွက်ခွာဖို့ရှိနေတဲ့ ရူဒီဂါဟာ နယူးကာဆယ်နဲ့ပွဲမှာ ကတ်ဇူးမားနဲ့အတူ ပွဲထွက်ခဲ့ရပြီး တောင့်တင်းတဲ့ပုံစံကို ပြသခဲ့သလို သီယာဂို ဆေးဗားကိုတောင် မေ့လို့ရလောက်တယ်လို့ ဂျိုကိုးလ်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ကိုင်ဟားဗတ်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီး ၂ ပတ်လောက် ပွဲတွေနဲ့ လွဲချော်ခဲ့တဲ့နောက် အခု ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ပြီး အိမ်တွင်းလေ့ကျင့်မှုတွေ လုပ်နေသလို အင်္ဂါနေ့ ရင်းနက်စ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန် ပါဝင်လာနိုင်တယ် လို့ လမ်းပတ်က ယုံကြည်နေပါတယ်။

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးဟာ နယူးကာဆယ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီးနောက် သူ့အနေနဲ့ ပွဲကစားချိန် နည်းပါးနေတဲ့အပေါ် စိုးရိမ်နေကြောင်း ဝန်ခံခဲ့ပြီး ဇန်နဝါရီမှာ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချသွားမယ် လို့ပြောဆိုခဲ့ပါတယ်။

ရော့စ်ဘာကလေဟာ အက်စ်တွန်ဗီလာမှာ အငှား ကစားရင်း ခြေစွမ်းကောင်းတွေ ရရှိနေသလို သူ့အနေနဲ့ ဇန်နဝါရီမှာ ချယ်ဆီးကနေ ထွက်ခွာပြီး အပြီးသတ် ပြောင်းရွှေ့ လာသင့်တယ်လို့ ဒန်နီမေးလ်က တိုက်တွန်းခဲ့ပါတယ်။

တန်မီအေဗရာဟမ်ဟာ နယူးကာဆယ်နဲ့ပွဲမှာ အနိုင်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ခရစ္စတီယန် ပူလီဆစ်က ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာရင် ချယ်ဆီးရဲ့ ပွဲထွက်စာရင်းမှာ အေဗရာဟမ် ချန်လှပ်ခံရလိမ့်မယ်လို့ အိုဝင် ဟားဂရေ့ဗ်က ပြောဆိုခဲ့ပါတယ်။

ဘရန်ဒန်ရော်ဂျာ လက်အောက် လက်စတာဟာ ဒီရာသီမှာ ၉ပွဲ ကစား ၆ ပွဲနိုင်ထားသလို ၎င်းဟာ အကောင်းဆုံး ဗြိတန်နည်းပြ ဖြစ်တယ်လို့ ဂျေမီကာရေဂါက ချီးကျူးခဲ့ပြီး အနာဂတ်မှာ ချယ်ဆီး၊ အာဆင်နယ်တို့ထံ ရောက်ရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအငှားကစားသမား ရူဘင်လော့ဖ်တပ်ချိခ်ဟာ အဲဗာတန်နဲ့ပွဲမှာ ဖူလ်ဟမ်အတွက် ၎င်းရဲ့ ပထမဆုံးဂိုးကို သွင်းယူခဲ့သလို အနာဂတ်အစီအစဉ်တွေမှာ သူ ပါဝင်နေပြီး ကလပ်မှာ ဆက်လက် တိုးတက် လာလိမ့်မယ်လို့ နည်းပြ ပါကာက ပြောဆိုခဲ့ပါတယ်။

ဘောလုံးကို ခေါင်းနဲ့တိုက်တာဟာ ဦးနှောက်ထိခိုက် ဒဏ်ရာ ရရှိနိုင်စေတဲ့အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေပေမယ့် ခေါင်းတိုက်ဘောတွေကို တားမြစ်တာက ဘောလုံးလောကကို ဖျက်ဆီးရာေ ရာက်လိမ့်မယ် လို့ တန်မီအေဗရာဟမ်က ဆိုပါတယ်။

Zawgyi – ေႏြရာသီမွာ ခ်ယ္ဆီးကေနထြက္ခြာဖို႔ရွိေနတဲ့ ႐ူဒီဂါဟာ နယူးကာဆယ္နဲ႔ပြဲမွာ ကတ္ဇူးမားနဲ႔အတူ ပြဲထြက္ခဲ့ရၿပီး ေတာင့္တင္းတဲ့ပုံစံကို ျပသခဲ့သလို သီယာဂို ေဆးဗားကိုေတာင္ ေမ့လို႔ရေလာက္တယ္လို႔ ဂ်ိဳကိုးလ္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ကိုင္ဟားဗတ္ဟာ ကိုဗစ္ကူးစက္ခံခဲ့ရၿပီး ၂ ပတ္ေလာက္ ပြဲေတြနဲ႔ လြဲေခ်ာ္ခဲ့တဲ့ေနာက္ အခု ျပန္လည္ေကာင္းမြန္လာေနၿပီျဖစ္ၿပီး အိမ္တြင္းေလ့က်င့္မႈေတြ လုပ္ေနသလို အဂၤါေန႔ ရင္းနက္စ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ျပန္ ပါဝင္လာႏိုင္တယ္ လို႔ လမ္းပတ္က ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီး တိုက္စစ္မႉး ဂ်ီ႐ူးဟာ နယူးကာဆယ္နဲ႔ပြဲမွာ လူစားဝင္ကစားခဲ့ၿပီးေနာက္ သူ႔အေနနဲ႔ ပြဲကစားခ်ိန္ နည္းပါးေနတဲ့အေပၚ စိုးရိမ္ေနေၾကာင္း ဝန္ခံခဲ့ၿပီး ဇန္နဝါရီမွာ အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ ခ်သြားမယ္ လို႔ေျပာဆိုခဲ့ပါတယ္။

ေရာ့စ္ဘာကေလဟာ အက္စ္တြန္ဗီလာမွာ အငွား ကစားရင္း ေျခစြမ္းေကာင္းေတြ ရရွိေနသလို သူ႔အေနနဲ႔ ဇန္နဝါရီမွာ ခ်ယ္ဆီးကေန ထြက္ခြာၿပီး အၿပီးသတ္ ေျပာင္းေ႐ႊ႕ လာသင့္တယ္လို႔ ဒန္နီေမးလ္က တိုက္တြန္းခဲ့ပါတယ္။

တန္မီေအဗရာဟမ္ဟာ နယူးကာဆယ္နဲ႔ပြဲမွာ အႏိုင္ဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္ ခရစၥတီယန္ ပူလီဆစ္က ႀကံ့ခိုင္မႈ ျပန္လည္ျပည့္ဝလာရင္ ခ်ယ္ဆီးရဲ႕ ပြဲထြက္စာရင္းမွာ ေအဗရာဟမ္ ခ်န္လွပ္ခံရလိမ့္မယ္လို႔ အိုဝင္ ဟားဂေရ႕ဗ္က ေျပာဆိုခဲ့ပါတယ္။

ဘရန္ဒန္ေရာ္ဂ်ာ လက္ေအာက္ လက္စတာဟာ ဒီရာသီမွာ ၉ပြဲ ကစား ၆ ပြဲႏိုင္ထားသလို ၎ဟာ အေကာင္းဆုံး ၿဗိတန္နည္းျပ ျဖစ္တယ္လို႔ ေဂ်မီကာေရဂါက ခ်ီးက်ဴးခဲ့ၿပီး အနာဂတ္မွာ ခ်ယ္ဆီး၊ အာဆင္နယ္တို႔ထံ ေရာက္ရွိႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအငွားကစားသမား ႐ူဘင္ေလာ့ဖ္တပ္ခ်ိခ္ဟာ အဲဗာတန္နဲ႔ပြဲမွာ ဖူလ္ဟမ္အတြက္ ၎ရဲ႕ ပထမဆုံးဂိုးကို သြင္းယူခဲ့သလို အနာဂတ္အစီအစဥ္ေတြမွာ သူ ပါဝင္ေနၿပီး ကလပ္မွာ ဆက္လက္ တိုးတက္ လာလိမ့္မယ္လို႔ နည္းျပ ပါကာက ေျပာဆိုခဲ့ပါတယ္။

ေဘာလုံးကို ေခါင္းနဲ႔တိုက္တာဟာ ဦးေႏွာက္ထိခိုက္ ဒဏ္ရာ ရရွိႏိုင္ေစတဲ့အေပၚ စိုးရိမ္မႈေတြ ျမင့္တက္လာေနေပမယ့္ ေခါင္းတိုက္ေဘာေတြကို တားျမစ္တာက ေဘာလုံးေလာကကို ဖ်က္ဆီးရာေ ရာက္လိမ့္မယ္ လို႔ တန္မီေအဗရာဟမ္က ဆိုပါတယ္။