ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (23/11/20)

လိဒ်စ်နဲ့ပွဲမှာလဲ ဂိုးမသွင်းနိုင်ခဲ့တဲ့နောက် အာဆင်နယ်ဟာ လိဂ်အဖွင့် ၉ ပွဲလုံးမှာ ၉ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့နောက် ၁၉၈၆-၁၉၈၇ နောက်ပိုင်း ၃၄ နှစ်အတွင်း အဆိုးရွားဆုံး သွင်းဂိုး အနည်းဆုံး ရာသီအဖြစ် စံချိန်တင် ခဲ့ပါတယ်။

လိဒ်စ်နဲ့ပွဲမှာ ပီပီဟာ ပြိုင်ဘက်နောက်ခံလူကို ခေါင်းနဲ့တိုက်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က အနီကဒ်ပြသခဲ့သလို နည်းပြအာတီတာက ၎င်းရဲ့ မဆင်မခြင် အပြုအမူဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဝေဖန်ပြောဆို ခဲ့ပါတယ်။

ဂိုးပေါက် ပျောက်နေတဲ့ အာဆင်နယ်ရဲ့ စိတ်ပျက်စရာ ကစားပုံကို ထပ်မံမြင်တွေ့ခဲ့ရတဲ့နောက် နည်းပြ အာတီတာက သူ့အနေနဲ့ ကလပ်ရဲ့တိုက်စစ်ကို စိုးရိမ်နေကြောင်း ဝန်ခံခဲ့ပြီး ဒီလိုပုံနဲ့ ထိပ်တန်း အသင်း မဖြစ်နိုင်ဘူး လို့ ပြောဆိုခဲ့ပါတယ်။

နီကိုးလပ် ပီပီဟာ လိဒ်စ်နဲ့ပွဲမှာ အနီကဒ်ထိခဲ့တဲ့နောက် ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ လှောင်ပြောင် ခံခဲ့ရသလို ရှောင်ရိုက်ဖီးလစ်က ဝေဖန်ထားတဲ့သူတွေရဲ့ screen shoot တွေနဲ့အတူ ဒါကို အရေးယူသင့်တယ်လို့ တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

ပီပီဟာ မနေ့က ဒုတိယမြောက် လိဂ်ပွဲထွက်ခွင့်ရခဲ့ပြီး အထင်ကြီးစရာ လုပ်ပြဖို့ အခွင့်အရေး ရှိခဲ့ရက်နဲ့ စိတ်ပျက်စရာ အဆုံးသတ်ခဲ့ရသလို ၎င်းရဲ့ ပရော်ဖက်ရှင်နယ် မပီသတဲ့အပြုအမူက အသင်းကို ဖိအားတွေခံရစေခဲ့တယ်လို့မာတင်ကီယွန်က ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ၁၀ယောက်တည်းနဲ့ လိဒ်စ်ကို သရေ ခံကစားနိုင်ခဲ့လို့ အကောင်းမြင်စရာတွေ ရှိလာသလို ကလပ်ရဲ့ စွမ်းဆောင်ရည်ကျဆင်းမှုဟာ ဂန်းနားတွေနဲ့သာဆိုင်ပြီး အာတီတာရဲ့ဗျူဟာတွေက သံသယ ဖြစ်စရာမရှိဘူးလို့ ဒန်နီမာဖီက ဆိုပါတယ်။

အာဆင်နယ်ရဲ့ အနီကဒ်ပြစ်ဒဏ်မှာ ပီပီက ရူးမိုက်ခဲ့တာဖြစ်သလို လိဒ်စ်နောက်ခံလူ အယ်လီယိုစကီးဟာ ဟန်ဆောင်ကောင်းလွန်းတဲ့အတွက် အော်စကာတောင် ရသင့်တယ်လို့ ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက ပြောဆိုခဲ့ပါတယ်။

ဂွမ်ဒူဇီဟာ ဇူလိုင်လကနေ စလို့ အငှား ထွက်ကစားခဲ့ရတဲ့အထိ အာဆင်နယ် ပထမအသင်းမှာ နေရာမရခဲ့သလို ကစားချိန်မရတဲ့အခါ နာကျင်ရတာကြောင့် ပျော်ရွှင်မှုရအောင် ဟာသာဘာလင်ကို ပြောင်းရွှေ့ခဲ့တာပါလို့ ဖွင့်ဟခဲ့ပါတယ်။

Zawgyi – လိဒ္စ္နဲ႔ပြဲမွာလဲ ဂိုးမသြင္းႏိုင္ခဲ့တဲ့ေနာက္ အာဆင္နယ္ဟာ လိဂ္အဖြင့္ ၉ ပြဲလုံးမွာ ၉ ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ေနာက္ ၁၉၈၆-၁၉၈၇ ေနာက္ပိုင္း ၃၄ ႏွစ္အတြင္း အဆိုး႐ြားဆုံး သြင္းဂိုး အနည္းဆုံး ရာသီအျဖစ္ စံခ်ိန္တင္ ခဲ့ပါတယ္။

လိဒ္စ္နဲ႔ပြဲမွာ ပီပီဟာ ၿပိဳင္ဘက္ေနာက္ခံလူကို ေခါင္းနဲ႔တိုက္ခဲ့တဲ့အတြက္ ကြင္းလယ္ဒိုင္က အနီကဒ္ျပသခဲ့သလို နည္းျပအာတီတာက ၎ရဲ႕ မဆင္မျခင္ အျပဳအမူဟာ လက္ခံႏိုင္စရာမရွိဘူးလို႔ ေဝဖန္ေျပာဆို ခဲ့ပါတယ္။

ဂိုးေပါက္ ေပ်ာက္ေနတဲ့ အာဆင္နယ္ရဲ႕ စိတ္ပ်က္စရာ ကစားပုံကို ထပ္မံျမင္ေတြ႕ခဲ့ရတဲ့ေနာက္ နည္းျပ အာတီတာက သူ႔အေနနဲ႔ ကလပ္ရဲ႕တိုက္စစ္ကို စိုးရိမ္ေနေၾကာင္း ဝန္ခံခဲ့ၿပီး ဒီလိုပုံနဲ႔ ထိပ္တန္း အသင္း မျဖစ္ႏိုင္ဘူး လို႔ ေျပာဆိုခဲ့ပါတယ္။

နီကိုးလပ္ ပီပီဟာ လိဒ္စ္နဲ႔ပြဲမွာ အနီကဒ္ထိခဲ့တဲ့ေနာက္ ဆိုရွယ္မီဒီယာေပၚမွာ လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ ေလွာင္ေျပာင္ ခံခဲ့ရသလို ေရွာင္႐ိုက္ဖီးလစ္က ေဝဖန္ထားတဲ့သူေတြရဲ႕ screen shoot ေတြနဲ႔အတူ ဒါကို အေရးယူသင့္တယ္လို႔ တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။

ပီပီဟာ မေန႔က ဒုတိယေျမာက္ လိဂ္ပြဲထြက္ခြင့္ရခဲ့ၿပီး အထင္ႀကီးစရာ လုပ္ျပဖို႔ အခြင့္အေရး ရွိခဲ့ရက္နဲ႔ စိတ္ပ်က္စရာ အဆုံးသတ္ခဲ့ရသလို ၎ရဲ႕ ပေရာ္ဖက္ရွင္နယ္ မပီသတဲ့အျပဳအမူက အသင္းကို ဖိအားေတြခံရေစခဲ့တယ္လို႔မာတင္ကီယြန္က ေဝဖန္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ၁၀ေယာက္တည္းနဲ႔ လိဒ္စ္ကို သေရ ခံကစားႏိုင္ခဲ့လို႔ အေကာင္းျမင္စရာေတြ ရွိလာသလို ကလပ္ရဲ႕ စြမ္းေဆာင္ရည္က်ဆင္းမႈဟာ ဂန္းနားေတြနဲ႔သာဆိုင္ၿပီး အာတီတာရဲ႕ဗ်ဴဟာေတြက သံသယ ျဖစ္စရာမရွိဘူးလို႔ ဒန္နီမာဖီက ဆိုပါတယ္။

အာဆင္နယ္ရဲ႕ အနီကဒ္ျပစ္ဒဏ္မွာ ပီပီက ႐ူးမိုက္ခဲ့တာျဖစ္သလို လိဒ္စ္ေနာက္ခံလူ အယ္လီယိုစကီးဟာ ဟန္ေဆာင္ေကာင္းလြန္းတဲ့အတြက္ ေအာ္စကာေတာင္ ရသင့္တယ္လို႔ ယူႏိုက္တက္ ေနာက္ခံလူေဟာင္း ပက္ထရစ္ အီဗရာက ေျပာဆိုခဲ့ပါတယ္။

ဂြမ္ဒူဇီဟာ ဇူလိုင္လကေန စလို႔ အငွား ထြက္ကစားခဲ့ရတဲ့အထိ အာဆင္နယ္ ပထမအသင္းမွာ ေနရာမရခဲ့သလို ကစားခ်ိန္မရတဲ့အခါ နာက်င္ရတာေၾကာင့္ ေပ်ာ္႐ႊင္မႈရေအာင္ ဟာသာဘာလင္ကို ေျပာင္းေ႐ႊ႕ခဲ့တာပါလို႔ ဖြင့္ဟခဲ့ပါတယ္။