အသင်းပြောင်းဖို့ သဘောထား ဖွင့်ဟလာတဲ့ ယူနိုက်တက် ပစ်မှတ် ကွင်းလယ်သမားလေး ကာမာဗင်ဂါ

မန်ချက်စတာ ယူနိုက်တက် ချိတ်ဆက်နေတယ် သတင်းကြီးနေတဲ့ ဆယ်ကျောသက် ကွင်းလယ်သမားလေး အက်ဒူရာဒို ကာမာဗင်ဂါကတော့ ကစားသမား တစ်ယောက် အနေနဲ့ ထိပ်သီးကလပ် အသင်းကြီး တစ်သင်းသင်းမှာ ကစားဖို့ အိပ်မက်ရှိတာက သဘာဝပဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက် ၁၈ နှစ် အရွယ် ရင်းနက်စ် ကွင်းလယ်သမားလေးဟာ ဥရောပ အလားအလာ အကောင်းဆုံး လူငယ် ကစားသမားတွေထဲ ပါဝင်လာပြီး ပြင်သစ်ကလပ်နဲ့ အတူ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ ၎င်းရဲ့ တောက်ပမှုကြောင့်လည်း ပြင်သစ် လက်ရွေးစင် အသင်းက ရွေးချယ် ခေါ်ယူခဲ့ပြီး ပွဲကစားခွင့် အတွက် ပေါ့ဘာလို ကြယ်ပွင့် ကစားသမားနဲ့ နေရာချင်း ထိပ်တိုက် လုရဖို့ပါ ရှိနေပါတယ်။

ကာမာဗင်ဂါက နောက်နှစ်နွေမှာ နိုင်ငံအသင်းနဲ့ အတူ ယူရိုပြိုင်ပွဲ ပါဝင် ကစားရဖို့ အခြေအနေကောင်းနေပြီး ထို ပြိုင်ပွဲမှာသာ ခြေစွမ်းပြနိုင်ရင် ၎င်းရဲ့ တန်ကြေးက မိုးထိမြင့်တက် သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ ကာမာဗင်ဂါကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ထဲ ပါဝင်နေပြီး ငယ်ရွယ်တဲ့ ပြင်သစ်သားကို ရေရှည် အစီအစဉ်တွေ အတွက် ရည်ရွယ် ခေါ်ယူလိုနေပါတယ်။

ဆယ်ကျော်သက် လူငယ်လေးကတော့ ကစားသမားဘ၀ တချိန်မှာ ကလပ်အသင်းကြီး တစ်သင်းသင်းမှာ ကစားချင်ကြောင်း ဝန်ခံခဲ့ပေမယ့် လောလောဆယ်တော့ ရင်းနက်စ် အသင်းမှာ ပျော်ရွှင်နေကြောင်း ဆိုပါတယ်။

” ကလပ်အသင်းကြီးတွေကတော့ ကျနော့် စိတ်ကူး အိပ်မက်ထဲမှာ ရှိတာပေါ့။ အနာဂတ်မှာ ဘယ်အသင်း သွားချင်လဲတော့ နာမည် တစ်ခု ထုတ်မပြောနိုင်သေးပါဘူး။ ဘယ်လို ကမ်းလှမ်းမှုတွေက လာဦးမလဲ ကြည့်ရမှာပါ။ ကျနော်ကလည်း အနာဂတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ ရက် မသတ်မှတ်ရသေးဘူး။ အဲဒီအတွက် လောတော့ မလောပါဘူး။ အသင်းကတော့ ကျနော့်ကို ဒီမှာ ထိန်းဖို့ ညှိနှိုင်းမှာပါ။ ကျနော့် လက်ရှိ စာချုပ်ကလည်း ၂ နှစ် သက်တမ်း ကျန်ပါသေးတယ်။ ဒီတော့ ဆွေးနွေးဖို့က အေးအေးဆေးဆေး အချိန်ရတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ခ်ိတ္ဆက္ေနတယ္ သတင္းၾကီးေနတဲ့ ဆယ္ေက်ာသက္ ကြင္းလယ္သမားေလး အက္ဒူရာဒို ကာမာဗင္ဂါကေတာ့ ကစားသမား တစ္ေယာက္ အေနနဲ႕ ထိပ္သီးကလပ္ အသင္းၾကီး တစ္သင္းသင္းမွာ ကစားဖို႔ အိပ္မက္ရွိတာက သဘာ၀ပဲ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

အသက္ ၁၈ နွစ္ အရြယ္ ရင္းနက္စ္ ကြင္းလယ္သမားေလးဟာ ဥေရာပ အလားအလာ အေကာင္းဆံုး လူငယ္ ကစားသမားေတြထဲ ပါ၀င္လာျပီး ျပင္သစ္ကလပ္နဲ႕ အတူ ေျခစြမ္းေကာင္းေတြ ျပသေနပါတယ္။ ၄င္းရဲ႕ ေတာက္ပမႈေၾကာင့္လည္း ျပင္သစ္ လက္ေရြးစင္ အသင္းက ေရြးခ်ယ္ ေခၚယူခဲ့ျပီး ပြဲကစားခြင့္ အတြက္ ေပါ့ဘာလို ၾကယ္ပြင့္ ကစားသမားနဲ႕ ေနရာခ်င္း ထိပ္တိုက္ လုရဖို႔ပါ ရွိေနပါတယ္။

ကာမာဗင္ဂါက ေနာက္နွစ္ေႏြမွာ နုိင္ငံအသင္းနဲ႕ အတူ ယူရိုျပိဳင္ပြဲ ပါ၀င္ ကစားရဖို႔ အေျခအေနေကာင္းေနျပီး ထို ျပိဳင္ပြဲမွာသာ ေျခစြမ္းျပနုိင္ရင္ ၄င္းရဲ႕ တန္ေၾကးက မိုးထိျမင့္တက္ သြားနိုင္တယ္လို႔ သံုးသပ္ေနၾကပါတယ္။ မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ကာမာဗင္ဂါကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ထဲ ပါ၀င္ေနျပီး ငယ္ရြယ္တဲ့ ျပင္သစ္သားကို ေရရွည္ အစီအစဥ္ေတြ အတြက္ ရည္ရြယ္ ေခၚယူလိုေနပါတယ္။

ဆယ္ေက်ာ္သက္ လူငယ္ေလးကေတာ့ ကစားသမားဘ၀ တခ်ိန္မွာ ကလပ္အသင္းၾကီး တစ္သင္းသင္းမွာ ကစားခ်င္ေၾကာင္း ၀န္ခံခဲ့ေပမယ့္ ေလာေလာဆယ္ေတာ့ ရင္းနက္စ္ အသင္းမွာ ေပ်ာ္ရႊင္ေနေၾကာင္း ဆိုပါတယ္။

” ကလပ္အသင္းၾကီးေတြကေတာ့ က်ေနာ့္ စိတ္ကူး အိပ္မက္ထဲမွာ ရွိတာေပါ့။ အနာဂတ္မွာ ဘယ္အသင္း သြားခ်င္လဲေတာ့ နာမည္ တစ္ခု ထုတ္မေျပာနုိင္ေသးပါဘူး။ ဘယ္လို ကမ္းလွမ္းမႈေတြက လာဦးမလဲ ၾကည့္ရမွာပါ။ က်ေနာ္ကလည္း အနာဂတ္နဲ႕ ပတ္သတ္ျပီး ေဆြးေႏြးဖို႔ ရက္ မသတ္မွတ္ရေသးဘူး။ အဲဒီအတြက္ ေလာေတာ့ မေလာပါဘူး။ အသင္းကေတာ့ က်ေနာ့္ကို ဒီမွာ ထိန္းဖို႔ ညွိနိႈင္းမွာပါ။ က်ေနာ့္ လက္ရွိ စာခ်ဳပ္ကလည္း ၂ နွစ္ သက္တမ္း က်န္ပါေသးတယ္။ ဒီေတာ့ ေဆြးေႏြးဖို႔က ေအးေအးေဆးေဆး အခ်ိန္ရတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။