ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (23/11/20)

ဝက်ဖို့ဒ်မှာ အငှား ထွက်ကစားနေတဲ့ ယူနိုက်တက် လူငယ်ကစားသမားလေး ဂျိမ်းစ် ဂါနာဟာ သိပ်တော်တဲ့ ကွင်းလယ်သမား တစ်ဦး ဖြစ်လာနိုင်ပြီး တချိန်မှာ တောက်ပလာမယ်လို့ ဟွမ် မာတာက ထောက်ခံ ပြောဆိုလိုက်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး၆သင်းကြား အမှတ်ကွာဟမှုက ၆ မှတ်သာ ဖြစ်သလို ဒီရာသီ ဖလားပြိုင်ဆိုင်မှုကပြင်းထန်မှာဖြစ်ပြီး အရင်ကလို တကောင်ထဲ တဟုန်ထိုး ပြေးနေတဲ့ ပြိုင်ပွဲမျိုးဖြစ်မှာ မဟုတ်ဘူး လို့ ဆိုးလ်ရှားက ယုံကြည်နေပါတယ်။

လက်စတာအသင်း နည်းပြ ဘရန်ဒန် ရော်ဂျာဟာ နည်းပြကောင်း တစ်ဦး ဖြစ်ပြီး နောက်ထပ် ကိုင်တွယ်မယ့် ကလပ်အသင်းကလည်း အင်္ဂလန်မှာပဲ ဖြစ်နိုင်တယ်လို့ ကာရေဂါက ဆိုခဲ့ကာ ရော်ဂျာရဲ့ အသင်းဟောင်း လီဗာပူးနဲ့ ခါးသီး ပြိုင်ဘက် ယူနိုက်တက်ကိုတော့ ရော်ဂျာ မသွားလောက်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

ယူနိုက်တက် ပစ်မှတ်စာရင်းထဲ ပါဝင်နေတဲ့ ရင်းနက်စ် ကွင်းလယ် ကစားသမားလေး ကာမင်ဗာဂါကတော့ ကလပ်အသင်းကြီး တစ်ခုခုမှာ တချိန် သွား ကစားလိုပေမယ့် လောလောဆယ်တော့ ပြင်သစ်ကလပ်မှာပဲ ပျော်နေသေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆောက်သမ်တန် အသင်းဟာ ယူနိုက်တက် အကယ်ဒမီမှ လူငယ်လေး ဘရန်ဒန် ဝီလီယံကို ခေါ်ယူလိုနေပါတယ်။ ဝီလီယံဟာ ပြီးခဲ့တဲ့နွေမှာ အငှားထွက်ဖို့ ရှိခဲ့ပေမယ့် နည်းပြ ဆိုးရှားက ပိတ်ပင်ကာ အသင်းမှာ ဆက်ခေါ်ထားခဲ့ပါတယ်။

ပင်နယ်တီ ကန်သွင်းရာမှာ ယူနိုက်တက် ကွင်းလယ်သမား ဘရူနို ဖာနန်ဒက်စ်လို ခုန်ပြီး ပြေးကန်တာမျိုး က ဂိုးသမားတွေ ဒိုင်ဗင် ပစ် ဖမ်းဖို့ အလွန် ခက်ခဲတာကြောင့် ထိုသို့ ကန်နည်းမျိုးကို တားမြစ် ပိတ်ပင်သင့်ကြောင်း အီယန်ရိုက်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ၀က္ဖို႕ဒ္မွာ အငွား ထြက္ကစားေနတဲ့ ယူနိုက္တက္ လူငယ္ကစားသမားေလး ဂ်ိမ္းစ္ ဂါနာဟာ သိပ္ေတာ္တဲ့ ကြင္းလယ္သမား တစ္ဦး ျဖစ္လာနိုင္ျပီး တခ်ိန္မွာ ေတာက္ပလာမယ္လို႔ ဟြမ္ မာတာက ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ ထိပ္ဆုံး၆သင္းၾကား အမွတ္ကြာဟမႈက ၆ မွတ္သာ ျဖစ္သလို ဒီရာသီ ဖလားၿပိဳင္ဆိုင္မႈကျပင္းထန္မွာျဖစ္ၿပီး အရင္ကလို တေကာင္ထဲ တဟုန္ထိုး ေျပးေနတဲ့ ၿပိဳင္ပြဲမ်ိဳးျဖစ္မွာ မဟုတ္ဘူး လို႔ ဆိုးလ္ရွားက ယုံၾကည္ေနပါတယ္။

လက္စတာအသင္း နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာဟာ နည္းျပေကာင္း တစ္ဦး ျဖစ္ျပီး ေနာက္ထပ္ ကိုင္တြယ္မယ့္ ကလပ္အသင္းကလည္း အဂၤလန္မွာပဲ ျဖစ္နုိင္တယ္လို႔ ကာေရဂါက ဆိုခဲ့ကာ ေရာ္ဂ်ာရဲ႕ အသင္းေဟာင္း လီဗာပူးနဲ႕ ခါးသီး ျပိဳ္င္ဘက္ ယူနိုက္တက္ကိုေတာ့ ေရာ္ဂ်ာ မသြားေလာက္ဘူးလို႔ သံုးသပ္ခဲ့ပါတယ္။

ယူနိုက္တက္ ပစ္မွတ္စာရင္းထဲ ပါ၀င္ေနတဲ့ ရင္းနက္စ္ ကြင္းလယ္ ကစားသမားေလး ကာမင္ဗာဂါကေတာ့ ကလပ္အသင္းၾကီး တစ္ခုခုမွာ တခ်ိန္ သြား ကစားလိုေပမယ့္ ေလာေလာဆယ္ေတာ့ ျပင္သစ္ကလပ္မွာပဲ ေပ်ာ္ေနေသးေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ေဆာက္သမ္တန္ အသင္းဟာ ယူနိုက္တက္ အကယ္ဒမီမွ လူငယ္ေလး ဘရန္ဒန္ ၀ီလီယံကို ေခၚယူလိုေနပါတယ္။ ၀ီလီယံဟာ ျပီးခဲ့တဲ့ေႏြမွာ အငွားထြက္ဖို႔ ရွိခဲ့ေပမယ့္ နည္းျပ ဆိုးရွားက ပိတ္ပင္ကာ အသင္းမွာ ဆက္ေခၚထားခဲ့ပါတယ္။

ပင္နယ္တီ ကန္သြင္းရာမွာ ယူနိုက္တက္ ကြင္းလယ္သမား ဘရူနို ဖာနန္ဒက္စ္လို ခုန္ျပီး ေျပးကန္တာမ်ိဳး က ဂိုးသမားေတြ ဒိုင္ဗင္ ပစ္ ဖမ္းဖို႔ အလြန္ ခက္ခဲတာေၾကာင့္ ထိုသို႔ ကန္နည္းမ်ိဳးကို တားျမစ္ ပိတ္ပင္သင့္ေၾကာင္း အီယန္ရိုက္က ေျပာဆိုခဲ့ပါတယ္။