ဒီတပတ် လီဗာပူး၊ ယူနိုက်တက်တို့ရဲ့ ဥရောပပွဲစဉ်တွေ အတွက် စကိုင်းစပေါ့ ခန့်မှန်းချက်

လီဗာပူး Vs အက္သလက္တီကို မက္ဒရစ္

ဒီတေလာ ရွံဳးပြဲေတြေၾကာင့္ ဖိအား၀င္ေနတဲ့ လီဗာပူးက ဘုန္းေမာက္နဲ႕ ပြဲ ရလဒ္ေၾကာင့္ သက္သာရရခဲ့ျပီ ထင္ပါတယ္။ ဒါက ေအာင္ပြဲၾကီး ခံစရာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ လီဗာပူး ရင္ဆိုင္ရမယ့္ အက္သလက္တီက လာလီဂါမွာ ရုန္းကန္ေနရဆဲ ျဖစ္ျပီး ဒါက လီဗာပူးကို ပို အားတက္ ရုန္းအားေကာင္းေစနုိင္မွာပါ။

ျပီးခဲ့တဲ့ အပတ္က ပြဲမွာ အက္သလက္တီကိုက ဆီဗီလာကို ဂိုးတခ်ိဳ႕ သြင္းခဲ့ပါတယ္။ ဒီေယဂို ေကာ္စတာကို ပြဲထြက္ကေန အနားေပးထား ခဲ့ေပမယ့္ ဂ်ာအို ဖိလစ္ ျပန္ကစားနိုင္ျပီး ဂိုးလည္း သြင္းခဲ့ပါတယ္။ အန္းဖီးမွာေတာ့ အက္သလက္တီကို ဒီလို အခြင့္ ရဖို႔ မလြယ္ပါဘူး။ အဆံုးအျဖတ္က အသင္းလိုက္ စြမ္းေဆာင္ရည္ေပၚ မူတည္တယ္ ဆိုေပမယ့္ တခ်ိဳ႕ အရွံဳးေတြ႔ထားတဲ့ အသင္းေတြက ျပန္လာနိုင္ပါတယ္။

အက္သလက္တီကိုက ေလာေလာဆယ္ အသာစီးရထားျပီး လီဗာပူးကို ခပ္ၾကမ္းၾကမ္း ကိုင္တြယ္ပါလိမ့္မယ္။ ဒါေပမယ့္ လီဗာပူး နိုင္သြားလိမ့္မယ္လို႔ က်ေနာ္ ထင္တယ္။ လီဗာပူးက ပရီးမီးယားလိဂ္မွာ ဖလားသိမ္းဖို႔ ပြဲသိမ္း ပြဲစဥ္တခ်ိဳ႕ပဲ က်န္ပါေတာ့တယ္။ ဒါေၾကာင့္ သူတို႔ စိတ္ဓာတ္အင္အားက ေကာင္းေနမွာ ျဖစ္ျပီး ဒီပြဲၾကီးကေန ေက်ာ္ျဖတ္နုိင္ဖို႔ လိုတယ္ဆိုိာလည္း ေကာင္းေကာင္း သိေနၾကတယ္။

အယ္လစ္ဆန္ကေတာ့ ဒီပြဲမွာ ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အန္းဖီး အရွိန္ရွိေနမယ့္ လီဗာပူးက ဒီပြဲမွာ ၂ ဂိုး ျပတ္ေလာက္ အနုိင္ရမယ္လို႔ မွန္းခ်က္ပါတယ္။ ဒါေပမယ့္ ေကာ္စတာ ျပန္၀င္ကစားျပီး လီဗာပူးကို ျခိမ္းေျခာက္နုိင္မလားလည္း ခ်ီတုံခ်တံု ျဖစ္ေနေသးတယ္။ က်ေန္ာ့ ဂိုးခန္႔မွန္းရလဒ္အေပၚ အျပည့္အ၀ေတာ့ စိတ္တိုင္းမက်မိဘူး။ ” လို႔ ခ်ာလီက သံုးသပ္သြားခဲ့့ပါတယ္။

ခ်ာလီနစ္ကိုးလပ္စ္ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၂-၀ အက္သလက္တီကို မက္ဒရစ္ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ယေန႔ည/ ၾကာသပေတးေန႔ မနက္အေစာ ျမန္မာအခ်ိန္ ၂း၃၀ နာရီမွာ ျဖစ္ပါတယ္။

LASK Vs မန္ခ်က္စတာယူနုိက္တက္

” LASK က နာမည္ေကာင္းေတာ့ ရွိပါတယ္ ဒါေပမယ့္ သူတို႔ ကြင္း အေဆာက္အဦးေပၚမွာပဲ ျဖစ္တယ္။ မွ်မွ်တတ ေျပာရရင္ သူတို႔က အသင္းေကာင္း တစ္သင္းေတာ့ ဟုတ္ပါတယ္။ ျပီးခဲ့တဲ့ စေနေန႔က ပြဲမွာ မန္ခ်က္စတာယူနိုက္တက္က က်ဥ္းထဲၾကပ္ထဲ ေရာက္သြားမလား ေစာင့္ၾကည့္ခဲ့ေပမယ့္ သူတို႔ကလည္း အေျခအေနေတြကို ေျပာင္းလဲ ျပနိုင္ခဲ့တယ္။ ယူနိုက္တက္မွာ အားနည္းခ်က္ေတြ ရွိေနေပမယ့္ ေဘာလံုး ပိုင္ဆိုင္မႈေတြ ရထားခဲ့တာေတာင္ မန္စီးတီးက ေတာ္ေတာ္ ခ်ာခဲ့ပါတယ္။

ယူနိုက္တက္ဟာ ေကာင္တာတိုက္စစ္ အားသန္တဲ့ အသင္းတစ္သင္း အျဖစ္ ရွိေနဆဲပါ။ ယူနိုက္တက္ဟာ အမွတ္ေပးဇယားမွာ ေနရာရဖို႔ ျပိဳင္ဆိုင္မႈေတြ ရွိေနျပီး အသင္း တည္ေဆာက္ေနရင္း ခံစစ္ပိုင္းမွာလည္း တိုးတက္ေနပါတယ္။ ဒါေပမယ့္ LASK နဲ႕ ပြဲမွာ လြယ္လြယ္နဲ႕ ပန္းခင္းလမ္းမွာ ေလွ်ာက္ရမွာေတာ့ မဟုတ္ပါဘူး။ နွစ္ဘက္လံုး ဂိုးသြင္းတဲ့ သေရပြဲ ျဖစ္ပါလိမ့္မယ္။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။

ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ LASK ၁-၁ ယူနိုက္တက္ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ၾကာသပေတးေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၂း၂၅ နာရီ ျဖစ္ပါတယ္။

Unicode –

လီဗာပူး Vs အက်သလက်တီကို မက်ဒရစ်

ဒီတလော ရှုံးပွဲတွေကြောင့် ဖိအားဝင်နေတဲ့ လီဗာပူးက ဘုန်းမောက်နဲ့ ပွဲ ရလဒ်ကြောင့် သက်သာရရခဲ့ပြီ ထင်ပါတယ်။ ဒါက အောင်ပွဲကြီး ခံစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူး ရင်ဆိုင်ရမယ့် အက်သလက်တီက လာလီဂါမှာ ရုန်းကန်နေရဆဲ ဖြစ်ပြီး ဒါက လီဗာပူးကို ပို အားတက် ရုန်းအားကောင်းစေနိုင်မှာပါ။

ပြီးခဲ့တဲ့ အပတ်က ပွဲမှာ အက်သလက်တီကိုက ဆီဗီလာကို ဂိုးတချို့ သွင်းခဲ့ပါတယ်။ ဒီယေဂို ကော်စတာကို ပွဲထွက်ကနေ အနားပေးထား ခဲ့ပေမယ့် ဂျာအို ဖိလစ် ပြန်ကစားနိုင်ပြီး ဂိုးလည်း သွင်းခဲ့ပါတယ်။ အန်းဖီးမှာတော့ အက်သလက်တီကို ဒီလို အခွင့် ရဖို့ မလွယ်ပါဘူး။ အဆုံးအဖြတ်က အသင်းလိုက် စွမ်းဆောင်ရည်ပေါ် မူတည်တယ် ဆိုပေမယ့် တချို့ အရှုံးတွေ့ထားတဲ့ အသင်းတွေက ပြန်လာနိုင်ပါတယ်။

အက်သလက်တီကိုက လောလောဆယ် အသာစီးရထားပြီး လီဗာပူးကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ပါလိမ့်မယ်။ ဒါပေမယ့် လီဗာပူး နိုင်သွားလိမ့်မယ်လို့ ကျနော် ထင်တယ်။ လီဗာပူးက ပရီးမီးယားလိဂ်မှာ ဖလားသိမ်းဖို့ ပွဲသိမ်း ပွဲစဉ်တချို့ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် သူတို့ စိတ်ဓာတ်အင်အားက ကောင်းနေမှာ ဖြစ်ပြီး ဒီပွဲကြီးကနေ ကျော်ဖြတ်နိုင်ဖို့ လိုတယ်ဆိုာလည်း ကောင်းကောင်း သိနေကြတယ်။

အယ်လစ်ဆန်ကတော့ ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အန်းဖီး အရှိန်ရှိနေမယ့် လီဗာပူးက ဒီပွဲမှာ ၂ ဂိုး ပြတ်လောက် အနိုင်ရမယ်လို့ မှန်းချက်ပါတယ်။ ဒါပေမယ့် ကော်စတာ ပြန်ဝင်ကစားပြီး လီဗာပူးကို ခြိမ်းခြောက်နိုင်မလားလည်း ချီတုံချတုံ ဖြစ်နေသေးတယ်။ ကျနေ်ာ့ ဂိုးခန့်မှန်းရလဒ်အပေါ် အပြည့်အဝတော့ စိတ်တိုင်းမကျမိဘူး။ ” လို့ ချာလီက သုံးသပ်သွားခဲ့ပါတယ်။

ချာလီနစ်ကိုးလပ်စ် ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-၀ အက်သလက်တီကို မက်ဒရစ် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ည/ ကြာသပတေးနေ့ မနက်အစော မြန်မာအချိန် ၂း၃၀ နာရီမှာ ဖြစ်ပါတယ်။

LASK Vs မန်ချက်စတာယူနိုက်တက်

” LASK က နာမည်ကောင်းတော့ ရှိပါတယ် ဒါပေမယ့် သူတို့ ကွင်း အဆောက်အဦးပေါ်မှာပဲ ဖြစ်တယ်။ မျှမျှတတ ပြောရရင် သူတို့က အသင်းကောင်း တစ်သင်းတော့ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ပွဲမှာ မန်ချက်စတာယူနိုက်တက်က ကျဉ်းထဲကြပ်ထဲ ရောက်သွားမလား စောင့်ကြည့်ခဲ့ပေမယ့် သူတို့ကလည်း အခြေအနေတွေကို ပြောင်းလဲ ပြနိုင်ခဲ့တယ်။ ယူနိုက်တက်မှာ အားနည်းချက်တွေ ရှိနေပေမယ့် ဘောလုံး ပိုင်ဆိုင်မှုတွေ ရထားခဲ့တာတောင် မန်စီးတီးက တော်တော် ချာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကောင်တာတိုက်စစ် အားသန်တဲ့ အသင်းတစ်သင်း အဖြစ် ရှိနေဆဲပါ။ ယူနိုက်တက်ဟာ အမှတ်ပေးဇယားမှာ နေရာရဖို့ ပြိုင်ဆိုင်မှုတွေ ရှိနေပြီး အသင်း တည်ဆောက်နေရင်း ခံစစ်ပိုင်းမှာလည်း တိုးတက်နေပါတယ်။ ဒါပေမယ့် LASK နဲ့ ပွဲမှာ လွယ်လွယ်နဲ့ ပန်းခင်းလမ်းမှာ လျှောက်ရမှာတော့ မဟုတ်ပါဘူး။ နှစ်ဘက်လုံး ဂိုးသွင်းတဲ့ သရေပွဲ ဖြစ်ပါလိမ့်မယ်။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။

ချာလီနစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းရလဒ်ကတော့ LASK ၁-၁ ယူနိုက်တက် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ကြာသပတေးနေ့ည မြန်မာစံတော်ချိန် ၁၂း၂၅ နာရီ ဖြစ်ပါတယ်။