ပရိသတ်တွေဟာ မနှစ်က ပထမ ရာသီဝက်အတွင်း တန်မီအေဗရာဟမ် ဘယ်လောက် ကောင်းခဲ့တယ်ဆိုတာကို မေ့နေကြတယ်လို့ နည်းပြ လမ်းပတ်က ပြောဆိုခဲ့သလို ၎င်းဟာ ဒီထက်ပိုပြီး ချီးကျူးခံရဖို့ ထိုက်တန်တယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။
သီယာဂိုဆေးဗားရဲ့ အတွေ့အကြုံတွေက ချယ်ဆီးရဲ့ လူငယ်ကစားသမားတွေအတွက် အကျိုးရှိစေခဲ့တယ်လို့ မေဆန်မောင့်က ချီးကျူးခဲ့သလို သူဟာ ဘရာဇီးသားထံကနေ လေ့လာသင့်ယူခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ ဒီတစ်ပတ်မှာ လိဂ်အစောဆုံးပွဲ ကစားခဲ့ရသလို နောက်တစ်ပတ် စပါးနဲ့ တွေ့ဆုံရတဲ့အခါ မိမိတို့အသင်းက နှစ်ရက် ပိုနားထားရတဲ့အတွက် ပိုပြီး အားသာချက် ရှိလိမ့်မယ်လို့ နည်းပြ လမ်းပတ်က ဝန်ခံခဲ့ပါတယ်။
ချယ်ဆီးဟာ စပါးထက် ပိုပြီး ကောင်းတဲ့ အသင်းဖြစ်တယ်လို့ ကွင်းလယ်လူဟောင်း ခရစ်ဘာလေ ထင်မြင်နေသလို ဒီနှစ် ပရီးမီးယားလိဂ် ဖလားက တော့တင်ဟမ် ဟော့စပါးကွင်းထက် စတန်းဖို့ဒ်ဘရစ်ခ်ျကို ရောက်ရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးမှာ ကစားချိန်မရတဲ့နောက် ပြင်သစ်အသင်းနဲ့ ယူရိုပြိုင်ပွဲမှာကစားချင်တဲ့ ဂျီရူးဟာ အသင်းကနေထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိနေတဲ့ကြားက နည်းပြလမ်းပတ်ကတော့ သူ့ကို အသင်းမှာ ဆက်ထိန်းထားချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
တိုက်စစ်မှူး ဂျီရူးလိုပဲ ချယ်ဆီးအသင်းကြီးမှာ ကစားချိန်မရတဲ့ နောက်ခံလူ တိုမိုရီဟာ ၎င်းရဲ့ အနာဂတ်အတွက် အသင်းကနေ ထွက်ခွာဖို့လိုအပ်နေသလို ဇန်နဝါရီမှာ ချယ်ဆီးက သူ့ကို အငှားထွက်ကစားခွင့် ပေးမှာဖြစ်ပါတယ်။
မေဆန်မောင့်ဟာ နိုင်ငံရော ကလပ်မှာပါ ပုံမှန်ကစားနေရလို့ ဝေဖန်မှုတွေ ရှိနေပေမယ့် သူ့ကို အလေးပေးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို လမ်းပတ်က ငြင်းပယ်ခဲ့ပြီး မောင့်ဟာ တခြားသူတွေထက် ပိုကောင်းလို့သာ နေရာပေးရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Zawgyi – ပရိသတ္ေတြဟာ မႏွစ္က ပထမ ရာသီဝက္အတြင္း တန္မီေအဗရာဟမ္ ဘယ္ေလာက္ ေကာင္းခဲ့တယ္ဆိုတာကို ေမ့ေနၾကတယ္လို႔ နည္းျပ လမ္းပတ္က ေျပာဆိုခဲ့သလို ၎ဟာ ဒီထက္ပိုၿပီး ခ်ီးက်ဴးခံရဖို႔ ထိုက္တန္တယ္လို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။
သီယာဂိုေဆးဗားရဲ႕ အေတြ႕အႀကဳံေတြက ခ်ယ္ဆီးရဲ႕ လူငယ္ကစားသမားေတြအတြက္ အက်ိဳးရွိေစခဲ့တယ္လို႔ ေမဆန္ေမာင့္က ခ်ီးက်ဴးခဲ့သလို သူဟာ ဘရာဇီးသားထံကေန ေလ့လာသင့္ယူခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဒီတစ္ပတ္မွာ လိဂ္အေစာဆုံးပြဲ ကစားခဲ့ရသလို ေနာက္တစ္ပတ္ စပါးနဲ႔ ေတြ႕ဆုံရတဲ့အခါ မိမိတို႔အသင္းက ႏွစ္ရက္ ပိုနားထားရတဲ့အတြက္ ပိုၿပီး အားသာခ်က္ ရွိလိမ့္မယ္လို႔ နည္းျပ လမ္းပတ္က ဝန္ခံခဲ့ပါတယ္။
ခ်ယ္ဆီးဟာ စပါးထက္ ပိုၿပီး ေကာင္းတဲ့ အသင္းျဖစ္တယ္လို႔ ကြင္းလယ္လူေဟာင္း ခရစ္ဘာေလ ထင္ျမင္ေနသလို ဒီႏွစ္ ပရီးမီးယားလိဂ္ ဖလားက ေတာ့တင္ဟမ္ ေဟာ့စပါးကြင္းထက္ စတန္းဖို႔ဒ္ဘရစ္ခ္်ကို ေရာက္ရွိႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးမွာ ကစားခ်ိန္မရတဲ့ေနာက္ ျပင္သစ္အသင္းနဲ႔ ယူ႐ိုၿပိဳင္ပြဲမွာကစားခ်င္တဲ့ ဂ်ီ႐ူးဟာ အသင္းကေနထြက္ခြာဖို႔ ခ်ိတ္ဆက္မႈေတြရွိေနတဲ့ၾကားက နည္းျပလမ္းပတ္ကေတာ့ သူ႔ကို အသင္းမွာ ဆက္ထိန္းထားခ်င္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
တိုက္စစ္မွဴး ဂ်ီ႐ူးလိုပဲ ခ်ယ္ဆီးအသင္းႀကီးမွာ ကစားခ်ိန္မရတဲ့ ေနာက္ခံလူ တိုမိုရီဟာ ၎ရဲ႕ အနာဂတ္အတြက္ အသင္းကေန ထြက္ခြာဖို႔လိုအပ္ေနသလို ဇန္နဝါရီမွာ ခ်ယ္ဆီးက သူ႔ကို အငွားထြက္ကစားခြင့္ ေပးမွာျဖစ္ပါတယ္။
ေမဆန္ေမာင့္ဟာ ႏိုင္ငံေရာ ကလပ္မွာပါ ပုံမွန္ကစားေနရလို႔ ေဝဖန္မႈေတြ ရွိေနေပမယ့္ သူ႔ကို အေလးေပးေနတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို လမ္းပတ္က ျငင္းပယ္ခဲ့ၿပီး ေမာင့္ဟာ တျခားသူေတြထက္ ပိုေကာင္းလို႔သာ ေနရာေပးရတာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။