ပီပီဟာ လိဒ်စ်နဲ့ပွဲမှာ အနီကဒ်ထိခဲ့တဲ့နောက် ပရိသတ်ကို တောင်းပန်မှုလုပ်ခဲ့ပါတယ်။ အရေးကြီးတဲ့ပွဲမှာ သူက အသင်းကို ထိခိုက်စေခဲ့တာဖြစ်ပြီး သူ့ရဲ့အပြုအမူအတွက် ဆင်ခြေပေးစရာမရှိဘူးလို့ ပီပီက အင်စတာဂရမ်မှာ ဝန်ခံရေးသားခဲ့တာပါ။
အိုဇေးဟာ အာဆင်နယ်ရဲ့ လူစာရင်းတွေကနေ ချန်လှပ်ခံခဲ့ရတာဖြစ်သလို ကွင်းလယ်လူအပေါ် ကလပ်ရဲ့ ဆက်ဆံပုံကို ထရွိုင်ဒီးနီက ဝေဖန်ခဲ့ပြီး အိုဇေးက ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ထောက်ခံပြောဆို ခဲ့ပါတယ်။
လိဒ်စ်နဲ့ပွဲမှာ ဘူကာယို ဆာကာက မိနစ်၇၀မှာ လူစားဝင်လာခဲ့ပြီး အာဆင်နယ်ကို ပြန်လာနိုင်အောင် ကြိုးစားကူညီပေးခဲ့သလို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ ကစားပုံက အထင်ကြီးစရာ ကောင်းတယ်လို့ ယွန်းဘတ်က ချီးကျူးပြောဆိုခဲ့ပါတယ်။
ကွင်းလယ်လူ ဆန်ဒါဘက်ဂ်ျဟာ ရှက်ဖီးကိုရောက်လာပြီးထဲက ချီးကျူးမှုများစွာ ရရှိခဲ့ပေမယ့် အသင်းရဲ့ အခြေအနေဆိုးရွားနေမှုကြောင့် နောက်ရာသီမှာ တန်းမဆင်းရအောင် အသင်းပြောင်းဖို့ စဉ်းစားနေသလို အာဆင်နယ်က သူ့ကို ခေါ်ယူချင်နေပါတယ်။
အူနိုင်းအမ်မရီဟာ အမ်းမရိတ်စ်မှာ ဇာဟာကိုခေါ်ချင်ခဲ့ပေမယ့် အာဆင်နယ်က ပီပီကို ခေါ်ယူခဲ့တာဖြစ်သလို လိဒ်စ်နဲ့ပွဲမှာ သူ့ရဲ့ အနီကဒ်ပြစ်ဒဏ်အပြီး ပရိသတ်တွေက အမ်မရီ မှန်ခဲ့ပြီး ကလပ်အနေနဲ့ သူ့အစား ဇာဟာကို ခေါ်ပေးခဲ့သင့်တယ်လို့ ပြောဆိုနေခဲ့ကြပါတယ်။
အာဆင်နယ်ဟာ ဗီလာရီးရဲ နောက်ခံလူ ပါအူး တောရက်စ်ကို ချိတ်ဆက်ခဲ့ဖူးပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့သလို အခု သူ့ကို ခေါ်ယူဖို့ ပြန်ကြိုးစားမယ်ဆိုရင် ပေါင် သန်း ၅၀ ပေးရမှာဖြစ်တယ်လို့ စပိန်ကလပ်က တန်ကြေးသတ်မှတ်ပေးခဲ့ပါတယ်။
အာဆင်နယ်လူငယ်ကြယ်ပွင့် ဘာလိုဂန်ဟာ ယူရိုပါလိဂ်မှာခြေစွမ်းပြခဲ့တဲ့နောက် ရှက်ဖီးနဲ့ ဘရန့်ဖို့ဒ်တို့ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်အာဆင်နယ်က နောက်နွေရာသီမှာ သက်တမ်းကုန်မယ့် ကစားသမားကို အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။
ပီပီဟာ နဂိုကမှ ပွဲကစားချိန်မရတဲ့အထဲ အနီကဒ်ကြောင့် ၃ပွဲ ပယ်ခံရမှာဖြစ်သလို ၁၀ ယောက်တည်း ကစားခဲ့ပြီး လိဒ်စ်နဲ့ သရေပဲရခဲ့တာကြောင့် စိတ်ပျက်ဒေါသဖြစ်နေတဲ့ အာတီတာနဲ့ ပြဿနာဖြစ်လိမ့်မယ်လို့ အီယန်ရိုက်က သတိပေးပြောဆိုခဲ့ပါတယ်။
Zawgyi – ပီပီဟာ လိဒ္စ္နဲ႔ပြဲမွာ အနီကဒ္ထိခဲ့တဲ့ေနာက္ ပရိသတ္ကို ေတာင္းပန္မႈလုပ္ခဲ့ပါတယ္။ အေရးႀကီးတဲ့ပြဲမွာ သူက အသင္းကို ထိခိုက္ေစခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အျပဳအမူအတြက္ ဆင္ေျခေပးစရာမရွိဘူးလို႔ ပီပီက အင္စတာဂရမ္မွာ ဝန္ခံေရးသားခဲ့တာပါ။
အိုေဇးဟာ အာဆင္နယ္ရဲ႕ လူစာရင္းေတြကေန ခ်န္လွပ္ခံခဲ့ရတာျဖစ္သလို ကြင္းလယ္လူအေပၚ ကလပ္ရဲ႕ ဆက္ဆံပုံကို ထ႐ြိဳင္ဒီးနီက ေဝဖန္ခဲ့ၿပီး အိုေဇးက ဘာအမွားမွ မလုပ္ခဲ့ဘူးလို႔ ေထာက္ခံေျပာဆို ခဲ့ပါတယ္။
လိဒ္စ္နဲ႔ပြဲမွာ ဘူကာယို ဆာကာက မိနစ္၇၀မွာ လူစားဝင္လာခဲ့ၿပီး အာဆင္နယ္ကို ျပန္လာႏိုင္ေအာင္ ႀကိဳးစားကူညီေပးခဲ့သလို ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ ကစားပုံက အထင္ႀကီးစရာ ေကာင္းတယ္လို႔ ယြန္းဘတ္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ကြင္းလယ္လူ ဆန္ဒါဘက္ဂ္်ဟာ ရွက္ဖီးကိုေရာက္လာၿပီးထဲက ခ်ီးက်ဴးမႈမ်ားစြာ ရရွိခဲ့ေပမယ့္ အသင္းရဲ႕ အေျခအေနဆိုး႐ြားေနမႈေၾကာင့္ ေနာက္ရာသီမွာ တန္းမဆင္းရေအာင္ အသင္းေျပာင္းဖို႔ စဥ္းစားေနသလို အာဆင္နယ္က သူ႔ကို ေခၚယူခ်င္ေနပါတယ္။
အူႏိုင္းအမ္မရီဟာ အမ္းမရိတ္စ္မွာ ဇာဟာကိုေခၚခ်င္ခဲ့ေပမယ့္ အာဆင္နယ္က ပီပီကို ေခၚယူခဲ့တာျဖစ္သလို လိဒ္စ္နဲ႔ပြဲမွာ သူ႔ရဲ႕ အနီကဒ္ျပစ္ဒဏ္အၿပီး ပရိသတ္ေတြက အမ္မရီ မွန္ခဲ့ၿပီး ကလပ္အေနနဲ႔ သူ႔အစား ဇာဟာကို ေခၚေပးခဲ့သင့္တယ္လို႔ ေျပာဆိုေနခဲ့ၾကပါတယ္။
အာဆင္နယ္ဟာ ဗီလာရီးရဲ ေနာက္ခံလူ ပါအူး ေတာရက္စ္ကို ခ်ိတ္ဆက္ခဲ့ဖူးေပမယ့္ အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္ခဲ့သလို အခု သူ႔ကို ေခၚယူဖို႔ ျပန္ႀကိဳးစားမယ္ဆိုရင္ ေပါင္ သန္း ၅၀ ေပးရမွာျဖစ္တယ္လို႔ စပိန္ကလပ္က တန္ေၾကးသတ္မွတ္ေပးခဲ့ပါတယ္။
အာဆင္နယ္လူငယ္ၾကယ္ပြင့္ ဘာလိုဂန္ဟာ ယူ႐ိုပါလိဂ္မွာေျခစြမ္းျပခဲ့တဲ့ေနာက္ ရွက္ဖီးနဲ႔ ဘရန႔္ဖို႔ဒ္တို႔ရဲ႕စိတ္ဝင္စားမႈကို ရရွိခဲ့ေပမယ့္အာဆင္နယ္က ေနာက္ေႏြရာသီမွာ သက္တမ္းကုန္မယ့္ ကစားသမားကို အသင္းမွာ ဆက္ထိန္းထားခ်င္ေနပါတယ္။
ပီပီဟာ နဂိုကမွ ပြဲကစားခ်ိန္မရတဲ့အထဲ အနီကဒ္ေၾကာင့္ ၃ပြဲ ပယ္ခံရမွာျဖစ္သလို ၁၀ ေယာက္တည္း ကစားခဲ့ၿပီး လိဒ္စ္နဲ႔ သေရပဲရခဲ့တာေၾကာင့္ စိတ္ပ်က္ေဒါသျဖစ္ေနတဲ့ အာတီတာနဲ႔ ျပႆနာျဖစ္လိမ့္မယ္လို႔ အီယန္႐ိုက္က သတိေပးေျပာဆိုခဲ့ပါတယ္။