ပွဲကြိုမှာ ရင်းနက်စ်အသင်း နည်းပြ အထူး ထုတ်ဖော် ချီးကျူးခဲ့ရတဲ့ ချယ်ဆီးအသင်းသား

ချယ်ဆီးအသင်းရဲ့ ဒီတစ်ပတ် ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုပြိုင်ဘက် ရင်းနက်စ် အသင်းရဲ့ နည်းပြ ဂျူလီယန် စတီဖန်ကတော့ ပွဲကြိုရှင်းလင်းပွဲမှာ ချယ်ဆီး အသင်းသား တစ်ဦးကို အထူး ထုတ်ဖော် ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။ ၎င်း ချီးကျူးခဲ့သူကတော့ ချယ်ဆီးမှာ သိပ် ပွဲကစားခွင့် မရ ဖြစ်နေတဲ့ တိုက်စစ်မှူး ဂျီရူး ဖြစ်ပါတယ်။

” ချယ်ဆီးအသင်းက ဖြစ်ပေမယ့် ပွဲထွက်ခွင့် သိပ်မရတဲ့ ကစားသမား ကောင်းတွေ အကြောင်း ပြောရင် ကျနော် အထူး သတိရမိတာက ဂျီရူးပါ။ ဒီလို ကစားသမားမျိုး ပိုင်ဆိုင်ထားတာက ကလပ်အသင်းတွေ ဘယ်လို ကြွယ်ဝလဲ ပြသနေသလိုပါပဲ။ ကလပ်အသင်း တော်တော်များများက ပွဲထွက် ကစားသမား ရွေးချယ်ဖို့ အခက်တွေ့ကြရတယ်။

ပရို ကစားသမားတွေရဲ့ သဘောထားပိုင်း ပြောမယ် ဆိုရင် ဂျီရူးက ခြွင်းချက် မရှိ ပြည့်စုံတဲ့ ဥပမာကောင်းပါ။ သူ မိနစ် နည်းနည်းပဲ ဝင် ကစားရရင်တောင် ကွင်းထဲမှာ သူ့ အားထုတ်မှုက အပြည့်ပဲ။ ဒါကြောင့်လည်း ထိပ်သီးအလွှာ ကစားသမားမျိုး ဖြစ်နေတယ်ဆိုတာ သူက သက်သေပြနေတာပါ။ သူတို့က အခြေအနေတွေ ဘယ်လိုပဲ ပြောင်းပြောင်း သူတို့ အကောင်းဆုံး အားထုတ်မှုကို မလျှော့ပစ်ကြဘူး။ ” လို့ စတီဖန်က ချီးကျူးခဲ့ပါတယ်။

ဂျီရူးဟာ ဒီရာသီ ချယ်ဆီး အသင်းအတွက် ၁၅၇ မိနစ် မျှသာ ကစားထားရပြီး ချယ်ဆီး အသင်းရဲ့ ဦးစားပေး တိုက်စစ်သမားတွေ အဖြစ် တီမိုဝါနာနဲ့ အေဗရာဟမ်တို့ကသာ ပို နေရာပေးခြင်း ခံနေရပါတယ်။ ရင်းနက်စ် အသင်း နည်းပြကတော့ ဂျီရူးလို သစ္စာရှိ အမှုထမ်း ကစားသမားမျိုး အကောင်းဆုံး အနေအထားတွေ ပိုင်ဆိုင်နိုင်ပါစေ ဆုတောင်းလိုကြောင်း ပြောဆိုခဲ့ပါတယ်။

နောက်နှစ် နွေ ယူရိုပြိုင်ပွဲမှာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့အတူ ပါဝင်နိုင်ဖို့ အတွက်တော့ ဂျီရူးက ကလပ်အသင်းမှာ ပုံမှန် ပွဲကစားခွင့် လိုအပ်နေပြီး ဇန်နဝါရီမှာတော့ ပြင်သစ်သားက အသင်းပြောင်းဖို့ စဉ်းစားဖွယ် ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ဒီတစ္ပတ္ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ အုပ္စုျပိဳင္ဘက္ ရင္းနက္စ္ အသင္းရဲ႕ နည္းျပ ဂ်ဴလီယန္ စတီဖန္ကေတာ့ ပြဲၾကိဳရွင္းလင္းပြဲမွာ ခ်ယ္ဆီး အသင္းသား တစ္ဦးကို အထူး ထုတ္ေဖာ္ ခ်ီးက်ဴးမႈ ျပဳလုပ္သြားခဲ့ပါတယ္။ ၄င္း ခ်ီးက်ဴးခဲ့သူကေတာ့ ခ်ယ္ဆီးမွာ သိပ္ ပြဲကစားခြင့္ မရ ျဖစ္ေနတဲ့ တိုက္စစ္မွဴး ဂ်ီရူး ျဖစ္ပါတယ္။

” ခ်ယ္ဆီးအသင္းက ျဖစ္ေပမယ့္ ပြဲထြက္ခြင့္ သိပ္မရတဲ့ ကစားသမား ေကာင္းေတြ အေၾကာင္း ေျပာရင္ က်ေနာ္ အထူး သတိရမိတာက ဂ်ီရူးပါ။ ဒီလို ကစားသမားမ်ိဳး ပိုင္ဆိုင္ထားတာက ကလပ္အသင္းေတြ ဘယ္လို ၾကြယ္၀လဲ ျပသေနသလိုပါပဲ။ ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားက ပြဲထြက္ ကစားသမား ေရြးခ်ယ္ဖို႔ အခက္ေတြ႔ၾကရတယ္။

ပရို ကစားသမားေတြရဲ႕ သေဘာထားပိုင္း ေျပာမယ္ ဆိုရင္ ဂ်ီရူးက ျခြင္းခ်က္ မရွိ ျပည့္စံုတဲ့ ဥပမာေကာင္းပါ။ သူ မိနစ္ နည္းနည္းပဲ ၀င္ ကစားရရင္ေတာင္ ကြင္းထဲမွာ သူ႔ အားထုတ္မႈက အျပည့္ပဲ။ ဒါေၾကာင့္လည္း ထိပ္သီးအလႊာ ကစားသမားမ်ိဳး ျဖစ္ေနတယ္ဆိုတာ သူက သက္ေသျပေနတာပါ။ သူတို႔က အေျခအေနေတြ ဘယ္လိုပဲ ေျပာင္းေျပာင္း သူတို႔ အေကာင္းဆံုး အားထုတ္မႈကို မေလွ်ာ့ပစ္ၾကဘူး။ ” လို႔ စတီဖန္က ခ်ီးက်ဴးခဲ့ပါတယ္။

ဂ်ီရူးဟာ ဒီရာသီ ခ်ယ္ဆီး အသင္းအတြက္ ၁၅၇ မိနစ္ မွ်သာ ကစားထားရျပီး ခ်ယ္ဆီး အသင္းရဲ႕ ဦးစားေပး တိုက္စစ္သမားေတြ အျဖစ္ တီမို၀ါနာနဲ႕ ေအဗရာဟမ္တို႔ကသာ ပို ေနရာေပးျခင္း ခံေနရပါတယ္။ ရင္းနက္စ္ အသင္း နည္းျပကေတာ့ ဂ်ီရူးလို သစၥာရွိ အမႈထမ္း ကစားသမားမ်ိဳး အေကာင္းဆံုး အေနအထားေတြ ပိုင္ဆိုင္နုိင္ပါေစ ဆုေတာင္းလိုေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေနာက္နွစ္ ေႏြ ယူရိုျပိဳင္ပြဲမွာ ျပင္သစ္ လက္ေရြးစင္ အသင္းနဲ႕အတူ ပါ၀င္နုိင္ဖို႔ အတြက္ေတာ့ ဂ်ီရူးက ကလပ္အသင္းမွာ ပံုမွန္ ပြဲကစားခြင့္ လိုအပ္ေနျပီး ဇန္န၀ါရီမွာေတာ့ ျပင္သစ္သားက အသင္းေျပာင္းဖို႔ စဥ္းစားဖြယ္ ရွိေနပါတယ္။