ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (25/11/20)

ညက ချန်ပီယံလိဂ် အုပ်စုပွဲ အချိန်ပိုမှာ ဂျီရူးရဲ့ အားပြင်းတဲ့ နောက်ကျ ခေါင်းတိုက်ဂိုးကြောင့် ချယ်ဆီးဟာ ရန်းနက်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဆီးဗီးလားနဲ့အတူ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကလပ်မှာ အနာဂတ် မရေရာမှုတွေရှိနေပေမယ့်လဲ ချန်ပီယံလိဂ်မှာ ချယ်ဆီးအတွက် အရေးပါတဲ့ အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် ဂျီရူးက မိမိအနေနဲ့ အသင်းအတွက် အကျိုးပြနိုင်ဖို့သာ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

လမ်းပတ်ဟာ ဂျီရူးကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားနေသလို သူက အသက်ကြီးလာနဲ့အမျှ ပိုပိုကောင်းလာတယ်လို့ ချီးကျူးခဲ့ပြီး နောက်လာမယ့် ပွဲကြပ်ကာလတွေမှာ သူ့ကို နေရာပေးသွားမှာ ဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

သီယာဂိုဆေးဗားဟာ ချယ်ဆီးကို ရောက်ပြီးမှာ မြန်မြန်ဆန်ဆန်ပဲ အသင်းနဲ့ အသားကျခဲ့ပြီး အထင်ကြီးစရာ ခံစစ်စွမ်းရည်တွေ ပြသနေတာဖြစ်သလို သူက ဗန်ဒိုက်ပြီးရင် အကောင်းဆုံး နောက်ခံလူ ဖြစ်တယ်လို့ ဂျိုကိုးလ်က ချီးကျူးခဲ့ပါတယ်။

ချယ်ဆီးဟာ ဗီလာရီးရဲ ကြယ်ပွင့် ဆမ်မြူရယ် ချူကွီဇီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းများစွာထဲမှာ ပါဝင်လာခဲ့ပေမယ့် ၎င်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင်၇၁ သန်း ရှိတာကြောင့် တော်တန်ရုံအသင်းက ချဉ်းကပ်နိုင်မှာတော့မဟုတ်ပါဘူး။

မယ်လ်မိုနောက်ခံလူ အေနယ် အာမက်ဟော့ဇစ်ကို စိတ်ဝင်စားနေတဲ့ ကလပ်၄ခုထဲမှာ ချယ်ဆီး ပါဝင်နေပြီး မယ်လ်မိုက သူ့ကို နောက်နွေရာသီအပြီးမှာ ဆက်ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူးလို့ လက်ခံ ထားတာကြောင့် အပြောင်းအရွှေ့ မြင်တွေ့ရဖွယ်ရှိပါတယ်။

အန်တိုနီယို ရူဒီဂါဟာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် နယူးကာဆယ်နဲ့ပွဲမှာ ကစားခဲ့ရတဲ့နောက် တိုးတက်လာတဲ့ သူ့အခြေအနေကို ကျေနပ်နေပြီး ချယ်ဆီးမှာ ဆက်နေ သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အသင်းမှာ ကစားသမားအားလုံး ပျော်အောင် ထားဖို့က မဖြစ်နိုင်တဲ့ အလုပ်ပဲလို့ နည်းပြ လမ်းပတ်က ပြောဆိုခဲ့ပေမယ့် အနိုင်ဂိုးသွင်းရှင် ဂျီရူးအနေနဲ့ ချယ်ဆီးမှာ သူ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ သိသွားလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Zawgyi – ညက ခ်န္ပီယံလိဂ္ အုပ္စုပြဲ အခ်ိန္ပိုမွာ ဂ်ီ႐ူးရဲ႕ အားျပင္းတဲ့ ေနာက္က် ေခါင္းတိုက္ဂိုးေၾကာင့္ ခ်ယ္ဆီးဟာ ရန္းနက္စ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ဆီးဗီးလားနဲ႔အတူ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ၿပီး ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။

ကလပ္မွာ အနာဂတ္ မေရရာမႈေတြရွိေနေပမယ့္လဲ ခ်န္ပီယံလိဂ္မွာ ခ်ယ္ဆီးအတြက္ အေရးပါတဲ့ အႏိုင္ဂိုးသြင္းယူခဲ့ၿပီးေနာက္ ဂ်ီ႐ူးက မိမိအေနနဲ႔ အသင္းအတြက္ အက်ိဳးျပႏိုင္ဖို႔သာ အာ႐ုံစိုက္ထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္ဟာ ဂ်ီ႐ူးကို အသင္းမွာ ဆက္ထိန္းထားဖို႔ ႀကိဳးစားေနသလို သူက အသက္ႀကီးလာနဲ႔အမွ် ပိုပိုေကာင္းလာတယ္လို႔ ခ်ီးက်ဴးခဲ့ၿပီး ေနာက္လာမယ့္ ပြဲၾကပ္ကာလေတြမွာ သူ႔ကို ေနရာေပးသြားမွာ ျဖစ္ေၾကာင္း ကတိေပးခဲ့ပါတယ္။

သီယာဂိုေဆးဗားဟာ ခ်ယ္ဆီးကို ေရာက္ၿပီးမွာ ျမန္ျမန္ဆန္ဆန္ပဲ အသင္းနဲ႔ အသားက်ခဲ့ၿပီး အထင္ႀကီးစရာ ခံစစ္စြမ္းရည္ေတြ ျပသေနတာျဖစ္သလို သူက ဗန္ဒိုက္ၿပီးရင္ အေကာင္းဆုံး ေနာက္ခံလူ ျဖစ္တယ္လို႔ ဂ်ိဳကိုးလ္က ခ်ီးက်ဴးခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဗီလာရီးရဲ ၾကယ္ပြင့္ ဆမ္ျမဴရယ္ ခ်ဴကြီဇီကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းမ်ားစြာထဲမွာ ပါဝင္လာခဲ့ေပမယ့္ ၎ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္၇၁ သန္း ရွိတာေၾကာင့္ ေတာ္တန္႐ုံအသင္းက ခ်ဥ္းကပ္ႏိုင္မွာေတာ့မဟုတ္ပါဘူး။

မယ္လ္မိုေနာက္ခံလူ ေအနယ္ အာမက္ေဟာ့ဇစ္ကို စိတ္ဝင္စားေနတဲ့ ကလပ္၄ခုထဲမွာ ခ်ယ္ဆီး ပါဝင္ေနၿပီး မယ္လ္မိုက သူ႔ကို ေနာက္ေႏြရာသီအၿပီးမွာ ဆက္ထိန္းသိမ္းႏိုင္မွာ မဟုတ္ဘူးလို႔ လက္ခံ ထားတာေၾကာင့္ အေျပာင္းအေ႐ႊ႕ ျမင္ေတြ႕ရဖြယ္ရွိပါတယ္။

အသင္းမွာ ကစားသမားအားလုံး ေပ်ာ္ေအာင္ ထားဖို႔က မျဖစ္ႏိုင္တဲ့ အလုပ္ပဲလို႔ နည္းျပ လမ္းပတ္က ေျပာဆိုခဲ့ေပမယ့္ အႏိုင္ဂိုးသြင္းရွင္ ဂ်ီ႐ူးအေနနဲ႔ ခ်ယ္ဆီးမွာ သူ ဘယ္ေလာက္ တန္ဖိုးရွိတယ္ဆိုတာ သိသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

အန္တိုနီယို ႐ူဒီဂါဟာ စတန္းဖို႔ဒ္ဘရစ္ခ္်ကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္မႈေတြ ရွိေနေပမယ့္ နယူးကာဆယ္နဲ႔ပြဲမွာ ကစားခဲ့ရတဲ့ေနာက္ တိုးတက္လာတဲ့ သူ႔အေျခအေနကို ေက်နပ္ေနၿပီး ခ်ယ္ဆီးမွာ ဆက္ေန သြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။