ထရိန်နင်ဆင်းဖို့ ငြင်းတဲ့ ချယ်ဆီးကွင်းလယ် ကန်တေကို ဟန်ဒါဆန် စကားပါး

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ပရီးမီးယားလိဂ် ပွဲတွေ ပြန်စဖို့ ပထမ ခြေလှမ်းအဖြစ် အသင်းတွေလိုက် အဖွဲ့ငယ်တွေ စုကာ ထရိန်နင် ပြန်ဆင်းကြတဲ့ အခိုက်မှာ ထရိန်နင် ပြန်ဆင်းဖို့ ငြင်းပယ်ခဲ့ကြတဲ့ ချယ်ဆီးကွင်းလယ် ကန်တေ၊ ဝက်ဖို့ဒ် တိုက်စစ်မှူး ထရွိုင် ဒီနေးတို့ နဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောဆိုမှု ပြုလုပ်လာပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ ကလပ်အသင်းတွေက ကိုရိုနာ ရှိမရှိ စမ်းသပ်စစ်ဆေးမှု တွေ ပြုလုပ်ကာ ကင်းရှင်းတဲ့ ကစားသမားတွေနဲ့ ကလပ်အသင်းတွေက လေ့ကျင့်မှုတွေ စတင်ခဲ့ပြီ ဖြစ်ပါတယ်။ ထရိန်နင်ကိုလည်း ကျန်းမာရေးက အကြံပေးချက် အတိုင်း အဖွဲ့ငယ်လေးတွေ ခွဲကာ လေ့ကျင့်နေကြပါတယ်။

ဝက်ဖို့ဒ် တိုက်စစ်မှူး ဒီနေးကတော့ သူ့မိသားစု ကိုပါ အန္တရာယ်ကြီး ရှိစေနိုင်တာကြောင့် လေ့ကျင့်ရေး ပြန်မဆင်းလိုကြောင်း ဒီတပတ် အစောပိုင်းမှာ ပြောဆိုခဲ့သလို ချယ်ဆီး ကွင်းလယ် ကန်တေကလည်း အသင်းကို ခွင့်တိုင်ပြီး လေ့ကျင့်ရေး ပြန်လာဆင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကတော့ ဒီလို လေ့ကျင့်ဖို့ သဘောမတူကြတဲ့ ကစားသမားတွေ အပေါ် စာနာကြောင်းနဲ့ လူတိုင်း ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိလို့ နားလည်လေးစားမှု ရှိကြောင်း ပြောဆိုပေးခဲ့ပါတယ်။

” သူတို့ အမြင်နဲ့ ဆုံးဖြတ်ချက်အပေါ် ကျနော် လေးစားမှု အပြည့် ရှိပါတယ်။ လူတိုင်းက အိမ်မှာ တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အနေအထားတွေ ရှိနေကြမှာပါ။ တကယ်လို့ ပြန်လေ့ကျင့်ဖို့ အဆင်ပြေတယ် စိတ်ချရတယ် မခံစားရဘူး ဆိုရင် အလုပ် ပြန်လာလုပ်ဖို့ တွန်းအားပေး ခံရတာမျိုး မခံစားကြပါနဲ့။ ” လို့ ဟန်ဒါဆန်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းသားတွေကတော့ ဒီရာသီ ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ ရမှတ် ၆ မှတ်သာ လိုတော့တာ ဖြစ်ပြီး မာဆေးဆိုဒ်အသင်းဘက်မှာတော့ လေ့ကျင့်ရေး မဆင်းချင်တဲ့ ကစားသမား မရှိနေပါဘူး။ ဒါပေမယ့် ဟန်ဒါဆန်က အခြားကလပ်အသင်းတွေက ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်ကို သူ့ဘက်က လေးစားမှု ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စဖို႔ ပထမ ေျခလွမ္းအျဖစ္ အသင္းေတြလိုက္ အဖြဲ႕ငယ္ေတြ စုကာ ထရိန္နင္ ျပန္ဆင္းၾကတဲ့ အခိုက္မွာ ထရိန္နင္ ျပန္ဆင္းဖို႔ ျငင္းပယ္ခဲ့ၾကတဲ့ ခ်ယ္ဆီးကြင္းလယ္ ကန္ေတ၊ ၀က္ဖို႔ဒ္ တိုက္စစ္မွဴး ထရိြဳင္ ဒီေနးတို႔ နဲ႕ ပတ္သတ္ျပီး ထုတ္ေဖာ္ ေျပာဆိုမႈ ျပဳလုပ္လာပါတယ္။

ဒီတစ္ပတ္ထဲမွာပဲ ကလပ္အသင္းေတြက ကုိရိုနာ ရွိမရွိ စမ္းသပ္စစ္ေဆးမႈ ေတြ ျပဳလုပ္ကာ ကင္းရွင္းတဲ့ ကစားသမားေတြနဲ႕ ကလပ္အသင္းေတြက ေလ့က်င့္မႈေတြ စတင္ခဲ့ျပီ ျဖစ္ပါတယ္။ ထရိန္နင္ကိုလည္း က်န္းမာေရးက အၾကံေပးခ်က္ အတိုင္း အဖြဲ႕ငယ္ေလးေတြ ခဲြကာ ေလ့က်င့္ေနၾကပါတယ္။

၀က္ဖို႔ဒ္ တိုက္စစ္မွဴး ဒီေနးကေတာ့ သူ႔မိသားစု ကိုပါ အႏၱရာယ္ၾကီး ရွိေစနုိင္တာေၾကာင့္ ေလ့က်င့္ေရး ျပန္မဆင္းလိုေၾကာင္း ဒီတပတ္ အေစာပိုင္းမွာ ေျပာဆိုခဲ့သလို ခ်ယ္ဆီး ကြင္းလယ္ ကန္ေတကလည္း အသင္းကို ခြင့္တိုင္ျပီး ေလ့က်င့္ေရး ျပန္လာဆင္းဖို႔ ျငင္းဆန္ခဲ့ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကေတာ့ ဒီလို ေလ့က်င့္ဖို႔ သေဘာမတူၾကတဲ့ ကစားသမားေတြ အေပၚ စာနာေၾကာင္းနဲ႕ လူတိုင္း ကုိယ့္အေၾကာင္းနဲ႕ ကိုယ္ရွိလို႔ နားလည္ေလးစားမႈ ရွိေၾကာင္း ေျပာဆိုေပးခဲ့ပါတယ္။

” သူတို႔ အျမင္နဲ႕ ဆုံးျဖတ္ခ်က္အေပၚ က်ေနာ္ ေလးစားမႈ အျပည့္ ရွိပါတယ္။ လူတိုင္းက အိမ္မွာ တစ္ေယာက္နဲ႕ တစ္ေယာက္ မတူတဲ့ အေနအထားေတြ ရွိေနၾကမွာပါ။ တကယ္လို႔ ျပန္ေလ့က်င့္ဖို႔ အဆင္ေျပတယ္ စိတ္ခ်ရတယ္ မခံစားရဘူး ဆိုရင္ အလုပ္ ျပန္လာလုပ္ဖို႔ တြန္းအားေပး ခံရတာမ်ိဳး မခံစားၾကပါနဲ႕။ ” လို႔ ဟန္ဒါဆန္က ေျပာဆိုခဲ့ပါတယ္။

လီဗာပူးအသင္းသားေတြကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ ဗိုလ္စြဲဖို႔ ရမွတ္ ၆ မွတ္သာ လိုေတာ့တာ ျဖစ္ျပီး မာေဆးဆိုဒ္အသင္းဘက္မွာေတာ့ ေလ့က်င့္ေရး မဆင္းခ်င္တဲ့ ကစားသမား မရွိေနပါဘူး။ ဒါေပမယ့္ ဟန္ဒါဆန္က အျခားကလပ္အသင္းေတြက ကစားသမားေတြရဲ႕ ဆံုးျဖတ္ခ်က္ကို သူ႔ဘက္က ေလးစားမႈ ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။