အသင်းရဲ့ အင်အားကို ထိန်းသိမ်းဖို့ ပွင့်လင်းမြင်သာမှုဖြင့် ကြိုးစား စည်းရုံးနေတဲ့ လမ်းပတ်

မန်နေဂျာလမ်းပတ်က တိုက်စစ်သမား ဂျီရူးကို ဇန်နဝါရီမှာ အသင်းကနေ မထွက်ဖို့အတွက် စည်းရုံးမှုကို လူသိရှင်ကြား ပြုလုပ်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ကစားသမားဟာ နောက်နွေရာသီ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲကြီးအတွင်းမှာ ပြင်သစ်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ခွင့် ထပ်ရဖို့ စိတ်အားထက်သန်နေတာပါ။ ဒါ့အတွက်လည်း မန်နေဂျာဒက်ချမ့်ကို သက်သေပြဖို့ လိုအပ်နေပြီး ကလပ်မှာ ကစားချိန် ပိုမရလာရင် ဇန်နဝါရီမှာ ထွက်ခွာမှာပါလို့ ဝန်ခံခဲ့တာပါ။

လမ်းပတ်ကတော့ ဂျီရူးက အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ကြောင်းနဲ့ အသင်းရဲ့ အခြေအနေကို နားလည်ပေးပြီး လာမယ့် ကာလတွေမှာ ပွဲကစားခွင့်တွေ ပိုပေးမှာဖြစ်လို့ အသင်းမှာ ဆက်နေဖို့ စည်းရုံးလာပါတယ်။

လမ်းပတ်က “ ဂျီရူးနဲ့အတူ ကျွန်တော့်အနေနဲ့ တစ်ပွဲချင်း အခြေအနေကို ကြည့်ဖို့ လိုပါတယ်၊ အခုအချိန်မှာ တန်မီ အေဗရာဟမ်ကလဲ ပုံစံကောင်းမှာ ရှိနေပါတယ်၊ ဒါပေမယ့် ဂျီရူးကိုလဲ ကျွန်တော် သဘောကျတယ်ဆိုတာ သူ သိပါတယ်၊ ကျွန်တော် သူ့အပေါ် ဘယ်လောက် အားကိုးတယ်ဆိုတာလဲ သူသိဖို့မျှော်လင့်ပါတယ်။

ကစားသမားတိုင်းက ပွဲတိုင်း ကစားချင်ကြတာပဲ၊ ကျွန်တော့်အနေနဲ့က သူတို့အားလုံး ကျေနပ်အောင် လိုက်လုပ်ပေးနေလို့ မရပါဘူး၊ သူက ဒါကို နားလည်ပြီး ကျေနပ်နိုင်ဖို့ မျှော်လင့်ပါတယ်၊ သူ ဂိုးရသွားတဲ့အချိန် အသင်းဖော်တွေနဲ့ တုံ့ပြန်ပုံကို ခင်ဗျားတို့ မြင်မှာပါ။ သူက လေ့ကျင့်ရေးမှာရော သူ့ပုံစံကပါ အရမ်း ပရော်ဖက်ရှင်နယ် ပီသပါတယ်။

သူ့အတွက် အသက်အရွယ်က ဘာမှမဟုတ်ဘူး၊ အသက်ကြီးလာလေ သူက ပိုကောင်းလာလေပဲ၊ ဒါကြောင့် သူက အသင်းအတွက် အများကြီး ပေးဆပ်နိုင်နေတုန်းပါ၊ ကျွန်တော်တို့ ရှေ့မှာ ပွဲကျပ်ကာလတွေ ကြုံရမယ်၊ အဲ့ဒီ့အခါမှာ ကစားသမားတွေ အများကြီးအပေါ် ကျွန်တော် အားကိုးရမှာပါ။

ဂျီရူးက ပုံမှန် မကစားရတာတောင်မှ သူ့မှာ မှန်ကန်တဲ့စိတ်ဓာတ် အမြဲရှိတယ်၊ ကျွန်တော် လိုအပ်ရင် အခုလိုပဲ သူလုပ်ပေးနိုင်မယ်ဆိုတာ ကျွန်တော်သိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာလမ္းပတ္က တိုက္စစ္သမား ဂ်ီရူးကို ဇန္နဝါရီမွာ အသင္းကေန မထြက္ဖို႔အတြက္ စည္းရံုးမႈကို လူသိရွင္ၾကား ျပဳလုပ္ခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ ကစားသမားဟာ ေနာက္ေႏြရာသီ ဥေရာပ ခ်န္ပီယံရွစ္ ျပိဳင္ပြဲၾကီးအတြင္းမွာ ျပင္သစ္အသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ခြင့္ ထပ္ရဖို႔ စိတ္အားထက္သန္ေနတာပါ။ ဒါ့အတြက္လည္း မန္ေနဂ်ာဒက္ခ်မ့္ကို သက္ေသျပဖို႔ လိုအပ္ေနျပီး ကလပ္မွာ ကစားခ်ိန္ ပိုမရလာရင္ ဇန္နဝါရီမွာ ထြက္ခြာမွာပါလို႔ ဝန္ခံခဲ့တာပါ။

လမ္းပတ္ကေတာ့ ဂ်ီရူးက အသင္းအတြက္ အေရးပါတဲ့ ကစားသမားျဖစ္ေၾကာင္းနဲ႔ အသင္းရဲ႕ အေျခအေနကို နားလည္ေပးျပီး လာမယ့္ ကာလေတြမွာ ပြဲကစားခြင့္ေတြ ပိုေပးမွာျဖစ္လို႔ အသင္းမွာ ဆက္ေနဖို႔ စည္းရံုးလာပါတယ္။

လမ္းပတ္က “ ဂ်ီ႐ူးနဲ႔အတူ ကြၽန္ေတာ့္အေနနဲ႔ တစ္ပြဲခ်င္း အေျခအေနကို ၾကည့္ဖို႔ လိုပါတယ္၊ အခုအခ်ိန္မွာ တန္မီ ေအဗရာဟမ္ကလဲ ပုံစံေကာင္းမွာ ရွိေနပါတယ္၊ ဒါေပမယ့္ ဂ်ီ႐ူးကိုလဲ ကြၽန္ေတာ္ သေဘာက်တယ္ဆိုတာ သူ သိပါတယ္၊ ကြၽန္ေတာ္ သူ႔အေပၚ ဘယ္ေလာက္ အားကိုးတယ္ဆိုတာလဲ သူသိဖို႔ေမွ်ာ္လင့္ပါတယ္။

ကစားသမားတိုင္းက ပြဲတိုင္း ကစားခ်င္ၾကတာပဲ၊ ကြၽန္ေတာ့္အေနနဲ႔က သူတို႔အားလုံး ေက်နပ္ေအာင္ လိုက္လုပ္ေပးေနလို႔ မရပါဘူး၊ သူက ဒါကို နားလည္ၿပီး ေက်နပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္၊ သူ ဂိုးရသြားတဲ့အခ်ိန္ အသင္းေဖာ္ေတြနဲ႔ တုံ႔ျပန္ပုံကို ခင္ဗ်ားတို႔ ျမင္မွာပါ။ သူက ေလ့က်င့္ေရးမွာေရာ သူ႔ပုံစံကပါ အရမ္း ပေရာ္ဖက္ရွင္နယ္ ပီသပါတယ္။

သူ႔အတြက္ အသက္အ႐ြယ္က ဘာမွမဟုတ္ဘူး၊ အသက္ႀကီးလာေလ သူက ပိုေကာင္းလာေလပဲ၊ ဒါေၾကာင့္ သူက အသင္းအတြက္ အမ်ားႀကီး ေပးဆပ္ႏိုင္ေနတုန္းပါ၊ ကြၽန္ေတာ္တို႔ ေရွ႕မွာ ပြဲက်ပ္ကာလေတြ ႀကဳံရမယ္၊ အဲ့ဒီ့အခါမွာ ကစားသမားေတြ အမ်ားႀကီးအေပၚ ကြၽန္ေတာ္ အားကိုးရမွာပါ။

ဂ်ီ႐ူးက ပုံမွန္ မကစားရတာေတာင္မွ သူ႔မွာ မွန္ကန္တဲ့စိတ္ဓာတ္ အၿမဲရွိတယ္၊ ကြၽန္ေတာ္ လိုအပ္ရင္ အခုလိုပဲ သူလုပ္ေပးႏိုင္မယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။