ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (25/11/20)

အစ္စတန်ဘူလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ် အထိုင်နေရာကနေ တာဝန်ယူ ကစားပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲဖက်ကာ ပုံဖော်ခဲ့တဲ့ ဗန်ဒီဘိခ်ကတော့ နံပါတ် ၁၀ နေရာရော ကွင်းလယ် အထိုင်မှာပါ အေဂျက် မှာ ကစားဖူးတဲ့ အတွက် နှစ်နေရာလုံးမှာ အဆင်ပြေကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားခဲ့ပေမယ့် အသေးစား ဒဏ်ရာ ကိုယ်စီနဲ့ လူစားလဲခဲ့ရတဲ့ ဝမ် ဘစ်ဆာကာနဲ့ လင်ဒီလော့ဖ်တို့ အခြေအနေကို ယူနိုက်တက် နည်းပြ ဆိုးရှားက ပွဲ အပြီးမှာ အသိပေး ရှင်းလင်းမှု ပြုလုပ်ခဲ့ပါတယ်။

လင်ဒီလော့ဖ်က နောက်ကျော နာကျင်မှု ရှိနေတာကြောင့် ဖြစ်ပြီး ဝမ် ဘစ်ဆာကာ ကတော့ ခြေကျင်းဝတ်မှာ အနည်းငယ် ထိသွားတာကြောင့် နှစ်ယောက်လုံးကို စွန့်စား မသုံးတော့ဘဲ ဒဏ်ရာကြီး မရအောင် လူစားလဲခဲ့ရတာ ဖြစ်တယ်လို့ နည်းပြ ဆိုးရှားက ဆိုပါတယ်။

ယူနိုက်တက်ဟာ ကစားသမား ခေါ်ယူမှု အပိုင်းမှာ လီဗာပူးလို အပြောင်းအရွှေ့ ဂုရု မိုက်ကယ်အက်ဝပ် ကဲ့သို့ ကျွမ်းကျင်သူ တစ်ဦး မရှိတာကြောင့် လောလောဆယ် ခါးသီးပြိုင်ဘက်အသင်းကို လိုက်မမှီနိုင် ဖြစ်နေရကြောင်း အိုဝင် ဟားဂရေ့ဗ် က ပြောဆိုခဲ့ပါတယ်။

ဒီရာသီမှာ ရောက်ရှိလာတဲ့ ကစားသမားသစ်တွေ ဖြစ်တဲ့ တိုက်စစ်မှူး ကာဗာနီနဲ့ ကွင်းလယ် သမား ဗန်ဒီဘိခ်တို့ဟာ အသင်းမှာ တဖြည်းဖြည်း အံဝင် အထိုင်ကျလာနေပြီ ဖြစ်ကြောင်း ယူနိုက်တက် နည်းပြ ဆိုးရှားက ချီးကျူးစကား ဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ မနေ့ကပွဲမှာ ဖာနန်ဒက်စ်၊ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ကောင်းကောင်း ချိတ်ဆက်ကစားပြခဲ့သလို ဒန်နီရယ်ဂျိမ်းစ်ရဲ့ဂိုးကိုလဲ ဖန်တီးပေးခဲ့တဲ့နောက် ဆောက်သမ်တန်နဲ့ လိဂ်ပွဲမှာ ပွဲထွက်ခွင့် ပြန်ရနိုင်တယ် လို့ အိုဝင်ဟားဂရေ့ဗ်က ယုံကြည်နေပါတယ်။

Zawgyi – အစၥတန္ဘူလ္နဲ႕ ခ်န္ပီယံလိဂ္ပြဲမွာ ကြင္းလယ္ အထိုင္ေနရာကေန တာ၀န္ယူ ကစားျပီး ဘရူနို ဖာနန္ဒက္စ္နဲ႕ တြဲဖက္ကာ ပံုေဖာ္ခဲ့တဲ့ ဗန္ဒီဘိခ္ကေတာ့ နံပါတ္ ၁၀ ေနရာေရာ ကြင္းလယ္ အထိုင္မွာပါ ေအဂ်က္ မွာ ကစားဖူးတဲ့ အတြက္ နွစ္ေနရာလံုးမွာ အဆင္ေျပေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ပြဲမွာ ပါ၀င္ကစားခဲ့ေပမယ့္ အေသးစား ဒဏ္ရာ ကိုယ္စီနဲ႕ လူစားလဲခဲ့ရတဲ့ ၀မ္ ဘစ္ဆာကာနဲ႕ လင္ဒီေလာ့ဖ္တို႔ အေျခအေနကို ယူနိုက္တက္ နည္းျပ ဆိုးရွားက ပြဲ အျပီးမွာ အသိေပး ရွင္းလင္းမႈ ျပဳလုပ္ခဲ့ပါတယ္။

လင္ဒီေလာ့ဖ္က ေနာက္ေက်ာ နာက်င္မႈ ရွိေနတာေၾကာင့္ ျဖစ္ျပီး ၀မ္ ဘစ္ဆာကာ ကေတာ့ ေျခက်င္း၀တ္မွာ အနည္းငယ္ ထိသြားတာေၾကာင့္ နွစ္ေယာက္လံုးကို စြန္႔စား မသံုးေတာ့ဘဲ ဒဏ္ရာၾကီး မရေအာင္ လူစားလဲခဲ့ရတာ ျဖစ္တယ္လို႔ နည္းျပ ဆိုးရွားက ဆိုပါတယ္။

ယူနိုက္တက္ဟာ ကစားသမား ေခၚယူမႈ အပိုင္းမွာ လီဗာပူးလို အေျပာင္းအေရႊ႕ ဂုရု မိုက္ကယ္အက္၀ပ္ ကဲ့သို႔ ကၽြမ္းက်င္သူ တစ္ဦး မရွိတာေၾကာင့္ ေလာေလာဆယ္ ခါးသီးျပိဳင္ဘက္အသင္းကို လိုက္မမွီနိုင္ ျဖစ္ေနရေၾကာင္း အို၀င္ ဟားဂေရ႔ဗ္ က ေျပာဆိုခဲ့ပါတယ္။

ဒီရာသီမွာ ေရာက္ရွိလာတဲ့ ကစားသမားသစ္ေတြ ျဖစ္တဲ့ တိုက္စစ္မွဴး ကာဗာနီနဲ႕ ကြင္းလယ္ သမား ဗန္ဒီဘိခ္တို႔ဟာ အသင္းမွာ တျဖည္းျဖည္း အံ၀င္ အထိုင္က်လာေနျပီ ျဖစ္ေၾကာင္း ယူနိုက္တက္ နည္းျပ ဆိုးရွားက ခ်ီးက်ဴးစကား ဆိုခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ မေန႔ကပြဲမွာ ဖာနန္ဒက္စ္၊ ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္တို႔နဲ႔ ေကာင္းေကာင္း ခ်ိတ္ဆက္ကစားျပခဲ့သလို ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ဂိုးကိုလဲ ဖန္တီးေပးခဲ့တဲ့ေနာက္ ေဆာက္သမ္တန္နဲ႔ လိဂ္ပြဲမွာ ပြဲထြက္ခြင့္ ျပန္ရႏိုင္တယ္ လို႔ အိုဝင္ဟားဂေရ႕ဗ္က ယုံၾကည္ေနပါတယ္။