ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (26/11/20)

ပေါ့ဘာဟာ မနှစ်က ခြေကျင်းဝတ်ဒဏ်ရာရဲ့ အကြွင်းအကျန်တွေ ပြန်ထလာတာကြောင့် ကလပ်ရဲ့ နောက်ဆုံး၂ပွဲကို လွဲချော်ခဲ့ပေမယ့် ယူနိုက်တက်ဟာ သူ့ကို ကာလရှည် နားရတာမျိုးမဖြစ်စေဖို့ မျှော်လင့်နေပြီး လိဂ်မှာပြန်ကစားနိုင်ဖို့ အလိုရှိနေပါတယ်။

လုခ်ရှော မကစားနိုင်ချိန်မှာ ပါဝင်လာခဲ့တဲ့ အဲလက်စ်တဲလက်စ်ဟာ တိုက်စစ်ရော ခံစစ်အတွက်ပါ ပံ့ပိုးပေးခဲ့ပြီး သူ့ရဲ့အရည်အသွေးကောင်းတွေကို ပြသခဲ့သလို ပရိသတ်တွေက ၎င်းကို အီဗရာလက်သစ်အဖြစ် ချီးကျူးပြောဆိုခဲ့ကြပါတယ်။

ယူနိုက်တက် ဗဟို တိုက်စစ်နေရာ အတွက် မာရှယ်နဲ့ ကာဗာနီကြား ငြင်းခုံမှုတွေ ရှိနေပေမယ့် ပေါလ်စခိုးကတော့ မာရှယ်ဟာ တိုက်စစ်ကိုဦးဆောင်နိုင်ဖို့ ဘောလုံးထိန်းသိမ်းရတဲ့ ကစားပုံနဲ့ လှုပ်ရှားမှုမျိုး မရှိနေဘူးလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

တွမ်ဇီဘီဟာ အစ္စတန်ဘူလ်နဲ့ပွဲမှာ ဒမ်ဘာဘာအပေါ် ပြစ်ဒဏ်ကျူးလွန်မှုကြောင့် အဝါကဒ် ပြသခံခဲ့ရသလို ဒါဟာ ဒီရာသီ ဥရောပပြိုင်ပွဲမှာ ၎င်းရဲ့ တတိယမြောက် အဝါကဒ် ဖြစ်တာကြောင့် တစ်ပွဲ ပယ်ခံရမှာ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်ရမှာပါ။

တင်မိုသီ ဖိုဆူမန်ဆာရဲ့ စာချုပ်ဟာ၂၀၂၁ နွေရာသီမှာ သက်တမ်းကုန်မှာဖြစ်ပြီး ယူနိုက်တက်က သူ့ကို သက်တမ်းတိုးဖို့ ရည်ရွယ်ချက်မရှိသလို အလွတ်ထွက်ခွာခွင့် မပေးရအောင်လို့ ဇန်နဝါရီမှာ သူ့ကို ရောင်းချသွားမှာဖြစ်ပါတယ်။

မေဆန်ဂရင်းဝုဒ်ဟာ ချန်ပီယံလိဂ်မှာ လူစားဝင်ကစားခဲ့ပြီး ဒန်နီရယ်ဂျိမ်းစ်ရဲ့ဂိုးအတွက် ဖန်တီးပေးခဲ့သလို သူ့ရဲ့အထင်ကြီးစရာခြေစွမ်းကို ရီယိုဖာဒီနန်က ချီးကျူးခဲ့ပြီး ၎င်းဟာ နစ္စတယ်ရွိုင်းလို အဆုံးသတ် စွမ်းရည်မျိုး ရှိတယ်လို့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ကောင်းမှုကြောင့် ပင်နယ်တီကန်ခဲ့ရသလို အသက် ၂၃နှစ် ၂၄ရက်နဲ့ ဥရောပသွင်းဂိုး ၁၅ဂိုးပြည့်တဲ့ အငယ်ဆုံး ယူနိုက်တက်ကစားသမား ဖြစ်လာခဲ့ပြီး ရွန်းနီရဲ့ ၂၃ နှစ်၊ ၄၇ ရက်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi – ေပါ့ဘာဟာ မႏွစ္က ေျခက်င္းဝတ္ဒဏ္ရာရဲ႕ အႂကြင္းအက်န္ေတြ ျပန္ထလာတာေၾကာင့္ ကလပ္ရဲ႕ ေနာက္ဆုံး၂ပြဲကို လြဲေခ်ာ္ခဲ့ေပမယ့္ ယူႏိုက္တက္ဟာ သူ႔ကို ကာလရွည္ နားရတာမ်ိဳးမျဖစ္ေစဖို႔ ေမွ်ာ္လင့္ေနၿပီး လိဂ္မွာျပန္ကစားႏိုင္ဖို႔ အလိုရွိေနပါတယ္။

လုခ္ေရွာ မကစားႏိုင္ခ်ိန္မွာ ပါဝင္လာခဲ့တဲ့ အဲလက္စ္တဲလက္စ္ဟာ တိုက္စစ္ေရာ ခံစစ္အတြက္ပါ ပံ့ပိုးေပးခဲ့ၿပီး သူ႔ရဲ႕အရည္အေသြးေကာင္းေတြကို ျပသခဲ့သလို ပရိသတ္ေတြက ၎ကို အီဗရာလက္သစ္အျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့ၾကပါတယ္။

ယူနိုက္တက္ ဗဟို တိုက္စစ္ေနရာ အတြက္ မာရွယ္နဲ႔ ကာဗာနီၾကား ျငင္းခုံမႈေတြ ရွိေနေပမယ့္ ေပါလ္စခိုးကေတာ့ မာရွယ္ဟာ တိုက္စစ္ကိုဦးေဆာင္ႏိုင္ဖို႔ ေဘာလုံးထိန္းသိမ္းရတဲ့ ကစားပုံနဲ႔ လႈပ္ရွားမႈမ်ိဳး မရွိေနဘူးလို႔ သုံးသပ္ေျပာၾကားခဲ့ပါတယ္။

တြမ္ဇီဘီဟာ အစၥတန္ဘူလ္နဲ႔ပြဲမွာ ဒမ္ဘာဘာအေပၚ ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ အဝါကဒ္ ျပသခံခဲ့ရသလို ဒါဟာ ဒီရာသီ ဥေရာပၿပိဳင္ပြဲမွာ ၎ရဲ႕ တတိယေျမာက္ အဝါကဒ္ ျဖစ္တာေၾကာင့္ တစ္ပြဲ ပယ္ခံရမွာ ျဖစ္ၿပီး ပီအက္စ္ဂ်ီနဲ႔ပြဲကို လြဲေခ်ာ္ရမွာပါ။

တင္မိုသီ ဖိုဆူမန္ဆာရဲ႕ စာခ်ဳပ္ဟာ၂၀၂၁ ေႏြရာသီမွာ သက္တမ္းကုန္မွာျဖစ္ၿပီး ယူႏိုက္တက္က သူ႔ကို သက္တမ္းတိုးဖို႔ ရည္႐ြယ္ခ်က္မရွိသလို အလြတ္ထြက္ခြာခြင့္ မေပးရေအာင္လို႔ ဇန္နဝါရီမွာ သူ႔ကို ေရာင္းခ်သြားမွာျဖစ္ပါတယ္။

ေမဆန္ဂရင္းဝုဒ္ဟာ ခ်န္ပီယံလိဂ္မွာ လူစားဝင္ကစားခဲ့ၿပီး ဒန္နီရယ္ဂ်ိမ္းစ္ရဲ႕ဂိုးအတြက္ ဖန္တီးေပးခဲ့သလို သူ႔ရဲ႕အထင္ႀကီးစရာေျခစြမ္းကို ရီယိုဖာဒီနန္က ခ်ီးက်ဴးခဲ့ၿပီး ၎ဟာ နစၥတယ္႐ြိဳင္းလို အဆုံးသတ္ စြမ္းရည္မ်ိဳး ရွိတယ္လို႔ ႏႈိင္းယွဥ္ေျပာဆိုခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ေကာင္းမႈေၾကာင့္ ပင္နယ္တီကန္ခဲ့ရသလို အသက္ ၂၃ႏွစ္ ၂၄ရက္နဲ႔ ဥေရာပသြင္းဂိုး ၁၅ဂိုးျပည့္တဲ့ အငယ္ဆုံး ယူႏိုက္တက္ကစားသမား ျဖစ္လာခဲ့ၿပီး ႐ြန္းနီရဲ႕ ၂၃ ႏွစ္၊ ၄၇ ရက္စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။