အာဆင်နယ်ဟာ ရက်ဘူးဆဲလ်ဘက် ကွင်းလယ်လူ ဆိုဘော့စလေးကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပါဝင်နေသလို လာမယ့်ဇန်နဝါရီမှာ ၎င်းဟာ ဥရောပ ထိပ်သီး အသင်းတစ်သင်းကို ပြောင်းရွှေ့နိုင်တယ်လို့ ဆဲလ်ဘက်က ဝန်ခံခဲ့ပါတယ်။
ဂျက်ဝီလ်ရှီးယားက အာဆင်နယ်ကို ပြန်ဖို့ အိမ်မက်မက်ခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပေမယ့် အာတီတာကတော့ ကလပ်ဟာ သူ့ကို အခုပြန်ခေါ်ဖို့စိတ်မဝင်စားသလို ကစားသမားကလဲ ဂန်းနားတွေနဲ့အတူ လေ့ကျင့်ဖို့ မတောင်းဆိုခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
ပီပီရဲ့ အပြုအမူဟာ လက်ခံနိုင်စရာမရှိဘူးလို့ နည်းပြ အာတီတာက ဝေဖန်ခဲ့ပေမယ့် ပီပီ တောင်းပန်ပြီးတဲ့နောက် စိတ်ပြေသွားခဲ့ပြီး အာဆင်နယ်ရဲ့ ယူရိုပါလိဂ်ပွဲမှာ လိုက်ပါစေခဲ့သလို သူ့ကို အခွင့်အရေး ထပ်ပေးသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အိုဇေးဟာ အာဆင်နယ်ရဲ့ လူစာရင်းတွေကနေ ချန်လှပ်ခံထားရတာကို အံ့ဩမိကြောင်း ဝီလ်ရှီးယားက ဝန်ခံခဲ့ပြီး သူ့လိုကွင်းလယ်လူဟာ ပရီးမီးယားလိဂ်က ဘယ်အသင်းမှာမဆို ကစားလို့ရနိုင်တာကြောင့် အခုလိုပစ်ပယ်ခံရတာကို နားမလည်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ပီပီ ထုတ်ပယ်ခံခဲ့ရတဲ့နောက် အယ်လီယိုစကီးရဲ့ ဟန်ဆောင်မှုအတွက် တီရာနေးက ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့တာကို မြင်တွေ့ခဲ့ရတဲ့အပေါ် အီယန်ရိုက်က သဘောကျနေခဲ့ပြီး သူက ကလပ်ရဲ့အနာဂတ်ကပ္ပတိန်ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ရာသီကုန်မှာစာချုပ်သက်တမ်းကုန်မယ့် ဖိုလာရင် ဘာလိုဂန်ကို စာချုပ်သစ်ချုပ်ဖို့ အာတီတာက မျှော်လင့်နေသလို ၎င်းကို မိုလ်ဒီနဲ့ပွဲအတွက် လူစာရင်းမှာ ထည့်သွင်းခဲ့ပြီးနောက် ဘာလိုဂန်ဟာ သူလိုချင်တဲ့ကစားသမားမျိုးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲရစ်ဆင်ဟာ စီးရီးအေမှာ အထိုင်ကျဖို့ ရုန်းကန်နေရပြီး အင်တာကနေ ထွက်ခွာဖို့ အလားအလာရှိနေသလို အင်တာဟာ သူ့ကို ခေါ်ယူခဲ့ရတဲ့ ပေါင်၁၆.၉ သန်းထက် ပိုနည်းတဲ့ ပမာဏနဲ့ ဝယ်ဖို့ အာဆင်နယ်ထံ ကမ်းလှမ်းမှု လုပ်ခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ် တိုက်စစ်သမား ပီပီဟာ အာတီတာကို စိတ်ပျက်စေခဲ့တဲ့နောက် အသင်းက သူ့ကို ရောင်းချချင်တယ်ဆိုရင် အေစီမီလန်က သူ့ကို စိတ်ဝင်စားနေပြီး အပြီးသတ်ဝယ်ယူခွင့်နဲ့အတူ ကနဦး အငှားခေါ်ယူဖို့ကမ်းလှမ်းမှုလုပ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
Zawgyi – အာဆင္နယ္ဟာ ရက္ဘူးဆဲလ္ဘက္ ကြင္းလယ္လူ ဆိုေဘာ့စေလးကို ေခၚယူခ်င္ေနတဲ့ အသင္းေတြထဲမွာ ပါဝင္ေနသလို လာမယ့္ဇန္နဝါရီမွာ ၎ဟာ ဥေရာပ ထိပ္သီး အသင္းတစ္သင္းကို ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ ဆဲလ္ဘက္က ဝန္ခံခဲ့ပါတယ္။
ဂ်က္ဝီလ္ရွီးယားက အာဆင္နယ္ကို ျပန္ဖို႔ အိမ္မက္မက္ခဲ့တဲ့အေၾကာင္း ဖြင့္ဟခဲ့ေပမယ့္ အာတီတာကေတာ့ ကလပ္ဟာ သူ႔ကို အခုျပန္ေခၚဖို႔စိတ္မဝင္စားသလို ကစားသမားကလဲ ဂန္းနားေတြနဲ႔အတူ ေလ့က်င့္ဖို႔ မေတာင္းဆိုခဲ့ဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။
ပီပီရဲ႕ အျပဳအမူဟာ လက္ခံႏိုင္စရာမရွိဘူးလို႔ နည္းျပ အာတီတာက ေဝဖန္ခဲ့ေပမယ့္ ပီပီ ေတာင္းပန္ၿပီးတဲ့ေနာက္ စိတ္ေျပသြားခဲ့ၿပီး အာဆင္နယ္ရဲ႕ ယူ႐ိုပါလိဂ္ပြဲမွာ လိုက္ပါေစခဲ့သလို သူ႔ကို အခြင့္အေရး ထပ္ေပးသြားမွာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
အိုေဇးဟာ အာဆင္နယ္ရဲ႕ လူစာရင္းေတြကေန ခ်န္လွပ္ခံထားရတာကို အံ့ဩမိေၾကာင္း ဝီလ္ရွီးယားက ဝန္ခံခဲ့ၿပီး သူ႔လိုကြင္းလယ္လူဟာ ပရီးမီးယားလိဂ္က ဘယ္အသင္းမွာမဆို ကစားလို႔ရႏိုင္တာေၾကာင့္ အခုလိုပစ္ပယ္ခံရတာကို နားမလည္ႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ပီပီ ထုတ္ပယ္ခံခဲ့ရတဲ့ေနာက္ အယ္လီယိုစကီးရဲ႕ ဟန္ေဆာင္မႈအတြက္ တီရာေနးက ေဒါသတႀကီး တုံ႔ျပန္ေျပာဆိုခဲ့တာကို ျမင္ေတြ႕ခဲ့ရတဲ့အေပၚ အီယန္႐ိုက္က သေဘာက်ေနခဲ့ၿပီး သူက ကလပ္ရဲ႕အနာဂတ္ကပၸတိန္ျဖစ္ႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ရာသီကုန္မွာစာခ်ဳပ္သက္တမ္းကုန္မယ့္ ဖိုလာရင္ ဘာလိုဂန္ကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အာတီတာက ေမွ်ာ္လင့္ေနသလို ၎ကို မိုလ္ဒီနဲ႔ပြဲအတြက္ လူစာရင္းမွာ ထည့္သြင္းခဲ့ၿပီးေနာက္ ဘာလိုဂန္ဟာ သူလိုခ်င္တဲ့ကစားသမားမ်ိဳးျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
အဲရစ္ဆင္ဟာ စီးရီးေအမွာ အထိုင္က်ဖို႔ ႐ုန္းကန္ေနရၿပီး အင္တာကေန ထြက္ခြာဖို႔ အလားအလာရွိေနသလို အင္တာဟာ သူ႔ကို ေခၚယူခဲ့ရတဲ့ ေပါင္၁၆.၉ သန္းထက္ ပိုနည္းတဲ့ ပမာဏနဲ႔ ဝယ္ဖို႔ အာဆင္နယ္ထံ ကမ္းလွမ္းမႈ လုပ္ခဲ့တယ္လို႔ သိရပါတယ္။
အာဆင္နယ္ တိုက္စစ္သမား ပီပီဟာ အာတီတာကို စိတ္ပ်က္ေစခဲ့တဲ့ေနာက္ အသင္းက သူ႔ကို ေရာင္းခ်ခ်င္တယ္ဆိုရင္ ေအစီမီလန္က သူ႔ကို စိတ္ဝင္စားေနၿပီး အၿပီးသတ္ဝယ္ယူခြင့္နဲ႔အတူ ကနဦး အငွားေခၚယူဖို႔ကမ္းလွမ္းမႈလုပ္ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။