ယူနိုက်တက်ဟာ ပေါ်တူဂီကလပ် ဘရာဂါအသင်းမှာ ထွန်းတောက်လာတဲ့ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူး ကာမိုကို ခေါ်ယူဖို့ ရေပန်းစားမှု မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။
ဇန်နဝါရီကမှ ဘရာဂါ စီနီယာအသင်းကို တိုးထွက်လာခဲ့တဲ့ ခံစစ်သမားဟာ အရပ်အမောင်း ၆ ပေ ၅ လက်မလောက်ထိ မြင့်မားသူဖြစ်တယ်။ သူ့ရဲ့ ထူးချွန်တဲ့ ခံစစ်စွမ်းရည်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်မှူးဖြစ်သူ ဗန်ဒိုက်ရဲ့ အရည်အသွေးနဲ့ နှိုင်းယှဉ်ခံရမှုတွေပါ ရှိလာနေပါတယ်။
လက်ရှိ ဈေးကွက်မှာ တိုက်စစ်သမားကောင်းတွေ များပြားပေမယ့် ခံစစ်သမားကောင်းတွေ ရှားပါးနေတာပါ။ ပေါ်တူဂီသားဟာ ပေါ်တူဂီလိဂ်ရဲ့ အလားအလာအကောင်းဆုံး ခံစစ်သမားဖြစ်ပြီး ပွဲကစားချိန်တွေ အများအပြားလည်း ရလာခဲ့တယ်။ သူဟာ ခံစစ်ကို ဦးဆောင်နိုင်စွမ်းကောင်းပြီး ဒီရာသီ ပြည်တွင်းလိဂ် ဒုတိယနေရာမှာ ဆက်ရှိနေဖို့လည်း အဓိက ကူညီထားသူဖြစ်တယ်။
နေရာယူမှု ကောင်းမွန်ခြင်းက သူ့ရဲ့ အားသာချက်ဖြစ်သလို ပိုင်ဆိုင်မှုပိုင်းမှာလည်း သက်သောင့်သက်သာရှိတယ်။ ရုပ်ပိုင်းဆိုင်ရာမှာတော့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာပါ ထိပ်တန်း ကစားသမား အဆင့်ကို ရောက်လာမယ့် အခြေခံကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
အသက် ၁၃ နှစ်အရွယ်မှာ ဘင်ဖီကာအသင်းကနေ ထွက်ခွာခဲ့ကာ လစ္စဘွန်းအခြေစိုက် ကလပ်က သူတောက်ပလာမယ်လို့ မယုံကြည်ခဲ့တာကလည်း အကြောင်းရင်းတစ်ချက်ဖြစ်တယ်။ မိဘတွေရဲ့ အားပေးထောက်ခံမှုကနေ သူဟာ တိုးတက်လာခဲ့ပြီး လိဂ်ရဲ့ အတိုးတက်ဆုံး ကစားသမားတစ်ဦးလည်း ဖြစ်လာပါတယ်။
ပေါ်တူဂီလိဂ်မှာ စွမ်းဆောင်ရည်ကောင်းနေလို့ သူ့ကို စိတ်ဝင်စားတဲ့ ကလပ်တွေ များပြားနေတယ်။ ကာမိုရဲ့ တိုးတက်မှုကို ခြေရာခံဖို့ ထိပ်တန်းအသင်းတွေက စောင့်ကြည့်မှုတွေ လုပ်နေဆဲဖြစ်တယ်။ သို့ပေမယ့် အခုချိန်ထိ ရေပန်းအစားဆုံး အသင်းက ယူနိုက်တက်ဖြစ်နေဆဲဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ဟာ ေပၚတူဂီကလပ္ ဘရာဂါအသင္းမွာ ထြန္းေတာက္လာတဲ့ အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္မွဴး ကာမိုကို ေခၚယူဖို႔ ေရပန္းစားမႈ ျမင့္တက္လာခဲ့ျပီျဖစ္ပါတယ္။
ဇန္နဝါရီကမွ ဘရာဂါ စီနီယာအသင္းကို တိုးထြက္လာခဲ့တဲ့ ခံစစ္သမားဟာ အရပ္အေမာင္း ၆ ေပ ၅ လက္မေလာက္ထိ ျမင့္မားသူျဖစ္တယ္။ သူ႔ရဲ႕ ထူးခၽြန္တဲ့ ခံစစ္စြမ္းရည္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးခံစစ္မွဴးျဖစ္သူ ဗန္ဒိုက္ရဲ႕ အရည္အေသြးနဲ႔ ႏိႈင္းယွဥ္ခံရမႈေတြပါ ရွိလာေနပါတယ္။
လက္ရွိ ေစ်းကြက္မွာ တိုက္စစ္သမားေကာင္းေတြ မ်ားျပားေပမယ့္ ခံစစ္သမားေကာင္းေတြ ရွားပါးေနတာပါ။ ေပၚတူဂီသားဟာ ေပၚတူဂီလိဂ္ရဲ႕ အလားအလာအေကာင္းဆံုး ခံစစ္သမားျဖစ္ျပီး ပြဲကစားခ်ိန္ေတြ အမ်ားအျပားလည္း ရလာခဲ့တယ္။ သူဟာ ခံစစ္ကို ဦးေဆာင္ႏုိင္စြမ္းေကာင္းျပီး ဒီရာသီ ျပည္တြင္းလိဂ္ ဒုတိယေနရာမွာ ဆက္ရွိေနဖို႔လည္း အဓိက ကူညီထားသူျဖစ္တယ္။
ေနရာယူမႈ ေကာင္းမြန္ျခင္းက သူ႔ရဲ႕ အားသာခ်က္ျဖစ္သလို ပိုင္ဆုိင္မႈပိုင္းမွာလည္း သက္ေသာင့္သက္သာရွိတယ္။ ရုပ္ပိုင္းဆိုင္ရာမွာေတာ့ စိတ္ဓါတ္ပိုင္းဆိုင္ရာမွာပါ ထိပ္တန္း ကစားသမား အဆင့္ကို ေရာက္လာမယ့္ အေျခခံေကာင္းေတြ ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။
အသက္ ၁၃ ႏွစ္အရြယ္မွာ ဘင္ဖီကာအသင္းကေန ထြက္ခြာခဲ့ကာ လစၥဘြန္းအေျခစိုက္ ကလပ္က သူေတာက္ပလာမယ္လို႔ မယံုၾကည္ခဲ့တာကလည္း အေၾကာင္းရင္းတစ္ခ်က္ျဖစ္တယ္။ မိဘေတြရဲ႕ အားေပးေထာက္ခံမႈကေန သူဟာ တိုးတက္လာခဲ့ျပီး လိဂ္ရဲ႕ အတိုးတက္ဆံုး ကစားသမားတစ္ဦးလည္း ျဖစ္လာပါတယ္။
ေပၚတူဂီလိဂ္မွာ စြမ္းေဆာင္ရည္ေကာင္းေနလို႔ သူ႔ကို စိတ္ဝင္စားတဲ့ ကလပ္ေတြ မ်ားျပားေနတယ္။ ကာမိုရဲ႕ တိုးတက္မႈကို ေျခရာခံဖို႔ ထိပ္တန္းအသင္းေတြက ေစာင့္ၾကည့္မႈေတြ လုပ္ေနဆဲျဖစ္တယ္။ သို႔ေပမယ့္ အခုခ်ိန္ထိ ေရပန္းအစားဆံုး အသင္းက ယူႏုိက္တက္ျဖစ္ေနဆဲျဖစ္ပါတယ္။