ချန်ပီယံလိဂ်ဝင်ခွင့် မရဘူးဆိုရင် ပေါင် ၇၅ သန်းထိ နစ်နာသွားမယ့် ယူနိုက်တက်

UNICODE – ကြာသပတေးနေ့က ယူနိုက်တက်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်မှုမှာတော့ ကလပ်အမှုဆောင်ချုပ် ဝုဒ်ဝတ်က ” ကလပ်သမိုင်းမှာ အခက်ခဲဆုံး စမ်းသပ်မှု ရင်ဆိုင်နေရတဲ့ အချိန်ကာလ ရောက်နေတယ် ” လို့ ကြေညာခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ၁၄၂ နှစ် သမိုင်းမှာ အထိနာမှုကြီးတွေထဲ တစ်ခုဖြစ်လာတဲ့ ဒီကာလကတော့ ကိုရိုနာကပ်ဘေးကို ကျော်ဖြတ်နေရတဲ့ ကာလပဲဖြစ်တယ်။ ဝုဒ်ဝတ်ရဲ့ အတည်ပြုပေးမှုအရ ကလပ်ဟာ နှစ်တစ်နှစ်ရဲ့ ပထမ ၃ လသာ ဝင်ငွေစာရင်းက ပေါင် သန်း ၃၀ ထိ ထိုးကျသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကိုရိုနာ ကပ်ဘေးကြောင့် ဘဏ္ဍာရေးထိခိုက်မှု ကြီးမားခြင်းကို ရင်ဆိုင်ရဖွယ်ရှိပြီး ဒီကာလတွေအတွင်း ကလပ် အကြွေးကလည်း နောက်ထပ် ပါင်၁၂၇.၄ သန်း ထိ ထပ်မံ ထိုးတက်သွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ စုစုပေါင်း အကြွေးစာရင်းက ပေါင် ၄၂၉.၁ သန်းထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

လက်ကျန်ရာသီမှာ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားတွေကို ပရိသတ်ဝင်ပြီး အားပေးခွင့်ရမှာ မဟုတ်ခြင်းက ယူနုက်တက်ကို ဆက်လက် ဆုံးရံှူးမှုတွေ ရှိစေပါမယ်။ ဒါကြောင့်လည်း ဆုံးရံှူးမှုတွေ ကာမိစေဖို့ ယူနိုက်တက်ဘက်က ပရီးမီးယားလိဂ်ကို ပြန်ကစားနိုင်မယ် မျှော်လင့်နေတာဖြစ်တယ်။

ဒါမှလည်း ဒီရာသီ ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနိုင်မှာပါ။ ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရဘူးဆိုရင် ဥရောပအကောင်းဆုံး ပြိုင်ပွဲကို နှစ်ရာသီဆက် လွဲချော်မှာဖြစ်ပြီး ဘဏ္ဍာရေးအရ ပေါင် ၇၅ သန်းလောက်ထိ နစ်နာဖို့ ရှိနေပါတယ်။

ယူနိုက်တက်ရဲ့ ဂျာစီစပွန်ဆာ Adidas နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ချန်ပီယံလိဂ် နှစ်နှစ်ဆက် ပါဝင်နိုင်ခြင်း မရှိရင် ၃၀% ဖြတ်တောက်ခံရမှာဖြစ်ကာ အခြားသော ထိခိုက်မှုကြီးတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ရောက်ရေးအတွက် ပရီးမီးယားလိဂ်မှာ အားသွန်းလာဖို့ ရှိနေပါတယ်။

ZAWGYI – ၾကာသပေတးေန႔က ယူႏုိက္တက္ရဲ႕ ဘ႑ာေရးဆုိင္ရာ ထုတ္ျပန္မႈမွာေတာ့ ကလပ္အမႈေဆာင္ခ်ဳပ္ ဝုဒ္ဝတ္က ” ကလပ္သမိုင္းမွာ အခက္ခဲဆံုး စမ္းသပ္မႈ ရင္ဆိုင္ေနရတဲ့ အခ်ိန္ကာလ ေရာက္ေနတယ္ ” လို႔ ေၾကညာခဲ့ပါတယ္။

ယူနုိက္တက္ရဲ႕ ၁၄၂ ႏွစ္ သမိုင္းမွာ အထိနာမႈၾကီးေတြထဲ တစ္ခုျဖစ္လာတဲ့ ဒီကာလကေတာ့ ကိုရိုနာကပ္ေဘးကို ေက်ာ္ျဖတ္ေနရတဲ့ ကာလပဲျဖစ္တယ္။ ဝုဒ္ဝတ္ရဲ႕ အတည္ျပဳေပးမႈအရ ကလပ္ဟာ ႏွစ္တစ္ႏွစ္ရဲ႕ ပထမ ၃ လသာ ဝင္ေငြစာရင္းက ေပါင္ သန္း ၃၀ ထိ ထိုးက်သြားခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ကိုရိုနာ ကပ္ေဘးေၾကာင့္ ဘ႑ာေရးထိခိုက္မႈ ၾကီးမားျခင္းကို ရင္ဆိုင္ရဖြယ္ရွိျပီး ဒီကာလေတြအတြင္း ကလပ္ အေၾကြးကလည္း ေနာက္ထပ္ ပါင္၁၂၇.၄ သန္း ထိ ထပ္မံ ထိုးတက္သြားခဲ့ပါတယ္။ ယူႏုိက္တက္ရဲ႕ စုစုေပါင္း အေၾကြးစာရင္းက ေပါင္ ၄၂၉.၁ သန္းထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။

လက္က်န္ရာသီမွာ အက္ဖ္ေအဖလား၊ ယူရိုပါလိဂ္ဖလားေတြကို ပရိသတ္ဝင္ျပီး အားေပးခြင့္ရမွာ မဟုတ္ျခင္းက ယူႏုက္တက္ကို ဆက္လက္ ဆံုးရံွဴးမႈေတြ ရွိေစပါမယ္။ ဒါေၾကာင့္လည္း ဆံုးရံွဴးမႈေတြ ကာမိေစဖို႔ ယူႏုိက္တက္ဘက္က ပရီးမီးယားလိဂ္ကို ျပန္ကစားႏုိင္မယ္ ေမွ်ာ္လင့္ေနတာျဖစ္တယ္။

ဒါမွလည္း ဒီရာသီ ရည္မွန္းခ်က္ျဖစ္တဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ၾကိဳးစားႏုိင္မွာပါ။ ယူႏုိက္တက္ဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရဘူးဆိုရင္ ဥေရာပအေကာင္းဆံုး ျပိဳင္ပြဲကို ႏွစ္ရာသီဆက္ လြဲေခ်ာ္မွာျဖစ္ျပီး ဘ႑ာေရးအရ ေပါင္ ၇၅ သန္းေလာက္ထိ နစ္နာဖို႔ ရွိေနပါတယ္။

ယူႏုိက္တက္ရဲ႕ ဂ်ာစီစပြန္ဆာ Adidas နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ ခ်န္ပီယံလိဂ္ ႏွစ္ႏွစ္ဆက္ ပါဝင္ႏုိင္ျခင္း မရွိရင္ ၃၀% ျဖတ္ေတာက္ခံရမွာျဖစ္ကာ အျခားေသာ ထိခိုက္မႈၾကီးေတြလည္း ပါဝင္ေနပါတယ္။ ဒါေၾကာင့္ ယူႏုိက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ေရာက္ေရးအတြက္ ပရီးမီးယားလိဂ္မွာ အားသြန္းလာဖို႔ ရွိေနပါတယ္။