အင်္ဂလန်ရဲ့ ကိုဗစ်ကန့်သတ်ချက်တွေထဲမှာ လန်ဒန်က tier 2 ထဲပါဝင်တာကြောင့် ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်တို့ တွေ့ဆုံမယ့်ပွဲမှာ ပရိသတ် ၂၀၀၀ ဝင်ခွင့်ရမှာဖြစ်ပြီး tier 3 ထဲပါနေတဲ့ အိုးလ်ထရက်ဖို့ဒ် ကတော့ တံခါးပိတ် ကစားရဦးမှာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ အခွင့်အရေးတွေဖန်တီးပြီး ဂိုးတွေသွင်းယူနိုင်တဲ့ ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်ပြီး အထင်ကြီးစရာတွေ လုပ်ပြနိုင်ပေမယ့် ခံစစ်ပိုင်းမှာတော့ အားနည်းချက်ရှိတယ်လို့ ဘာဘာတော့က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ နွေရာသီမှာ ဒမ်ဘီလီကို အငှားခေါ်ဖို့ ကြိုးစားခဲ့ရာ ဘာကာက အပြီးသတ် ရောင်းချလိုနေတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပေမယ့် သူ့ကို လက်မလွှတ်သေးပဲ ဇန်နဝါရီမှာ အငှားခေါ်ဖို့ ထပ်မံကြိုးစားသွားမယ်လို့ သိရပါတယ်။
ယူနိုက်တက်အနေနဲ့ သီယာဂိုဆေးဗားနဲ့ ချယ်ဆီးကို အတုယူပြီး ၎င်းတို့လို လိုက်လုပ်သင့်တယ်လို့ ဘာဘာတော့က ယုံကြည်နေသလို ရီးရဲလ်ကနေ ရာမို့စ် ထွက်ခွာမယ်ဆိုရင် ခေါ်ယူဖို့ကြိုးစားသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဗီလာရီးရဲ တောင်ပံကစားသမား ဆမ်မြူရယ် ချူကွီဇီကို စောင့်ကြည့်နေပြီး ဇန်နဝါရီမှာ လီဗာပူးနဲ့အပြိုင် ကြိုးစားရဖို့ ရှိနေသလို ၎င်းရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရို သန်း ၈၀ ရှိတယ်လို့ သိရပါတယ်။
အဲရစ်ဆင်ဟာ စီးရီးအေမှာ ရုန်းကန်ခဲ့ရတဲ့နောက် အင်တာက သူ့ကို ဇန်နဝါရီမှာ ပေါင်၁၂ သန်းလောက်နဲ့ ရောင်းထုတ်တော့မှာဖြစ်သလို အင်္ဂလန်ထိပ်သီးကွင်းလယ်လူ ဖြစ်ခဲ့ဖူးတဲ့ စပါးကစားသမားဟောင်းက ယူနိုက်တက်အတွက် ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ ၁ မှတ်ထပ်ရရင်ပဲ အုပ်စုတက်မှာဖြစ်ပေမယ့် ပီအက်စ်ဂျီက လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်သလို သူတို့နဲ့ တွေ့ရမယ့်ပွဲမှာ အလိုက်အထိုက် ပြောင်းလဲကစားနိုင်ဖို့ လိုတယ်လို့ ကွင်းလယ်လူ ဖရက်က သတိပေးခဲ့ပါတယ်။
Zawgyi – အဂၤလန္ရဲ႕ ကိုဗစ္ကန႔္သတ္ခ်က္ေတြထဲမွာ လန္ဒန္က tier 2 ထဲပါဝင္တာေၾကာင့္ ဝက္စ္ဟမ္းနဲ႔ ယူႏိုက္တက္တို႔ ေတြ႕ဆုံမယ့္ပြဲမွာ ပရိသတ္ ၂၀၀၀ ဝင္ခြင့္ရမွာျဖစ္ၿပီး tier 3 ထဲပါေနတဲ့ အိုးလ္ထရက္ဖို႔ဒ္ ကေတာ့ တံခါးပိတ္ ကစားရဦးမွာျဖစ္ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အခြင့္အေရးေတြဖန္တီးၿပီး ဂိုးေတြသြင္းယူႏိုင္တဲ့ ကြင္းလယ္တိုက္စစ္ ကစားသမားျဖစ္ၿပီး အထင္ႀကီးစရာေတြ လုပ္ျပႏိုင္ေပမယ့္ ခံစစ္ပိုင္းမွာေတာ့ အားနည္းခ်က္ရွိတယ္လို႔ ဘာဘာေတာ့က ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေႏြရာသီမွာ ဒမ္ဘီလီကို အငွားေခၚဖို႔ ႀကိဳးစားခဲ့ရာ ဘာကာက အၿပီးသတ္ ေရာင္းခ်လိုေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္ခဲ့ေပမယ့္ သူ႔ကို လက္မလႊတ္ေသးပဲ ဇန္နဝါရီမွာ အငွားေခၚဖို႔ ထပ္မံႀကိဳးစားသြားမယ္လို႔ သိရပါတယ္။
ယူႏိုက္တက္အေနနဲ႔ သီယာဂိုေဆးဗားနဲ႔ ခ်ယ္ဆီးကို အတုယူၿပီး ၎တို႔လို လိုက္လုပ္သင့္တယ္လို႔ ဘာဘာေတာ့က ယုံၾကည္ေနသလို ရီးရဲလ္ကေန ရာမို႔စ္ ထြက္ခြာမယ္ဆိုရင္ ေခၚယူဖို႔ႀကိဳးစားသင့္တယ္လို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဗီလာရီးရဲ ေတာင္ပံကစားသမား ဆမ္ျမဴရယ္ ခ်ဴကြီဇီကို ေစာင့္ၾကည့္ေနၿပီး ဇန္နဝါရီမွာ လီဗာပူးနဲ႔အၿပိဳင္ ႀကိဳးစားရဖို႔ ရွိေနသလို ၎ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကေတာ့ ယူ႐ို သန္း ၈၀ ရွိတယ္လို႔ သိရပါတယ္။
အဲရစ္ဆင္ဟာ စီးရီးေအမွာ ႐ုန္းကန္ခဲ့ရတဲ့ေနာက္ အင္တာက သူ႔ကို ဇန္နဝါရီမွာ ေပါင္၁၂ သန္းေလာက္နဲ႔ ေရာင္းထုတ္ေတာ့မွာျဖစ္သလို အဂၤလန္ထိပ္သီးကြင္းလယ္လူ ျဖစ္ခဲ့ဖူးတဲ့ စပါးကစားသမားေဟာင္းက ယူႏိုက္တက္အတြက္ ေ႐ြးခ်ယ္စရာ ျဖစ္လာႏိုင္ပါတယ္။
ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္မွာ ၁ မွတ္ထပ္ရရင္ပဲ အုပ္စုတက္မွာျဖစ္ေပမယ့္ ပီအက္စ္ဂ်ီက လြယ္ကူတဲ့ၿပိဳင္ဘက္မဟုတ္သလို သူတို႔နဲ႔ ေတြ႕ရမယ့္ပြဲမွာ အလိုက္အထိုက္ ေျပာင္းလဲကစားႏိုင္ဖို႔ လိုတယ္လို႔ ကြင္းလယ္လူ ဖရက္က သတိေပးခဲ့ပါတယ္။