မိုလ်ဒီကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရစ်နယ်ဆန်ရဲ့ ခြေစွမ်းပြသမှုကို မြင်တွေ့ခဲ့ရတဲ့နောက် အာတီတာက ကျေနပ်နေခဲ့ပြီး နွေရာသီမှာ အငှားထွက် ကစားဖို့ ငြင်းပယ်ကာ အသင်းမှာ နေရာရအောင်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့စိတ်ဓာတ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ နောက်ထပ်လူအင်အားဖြည့်တင်းမှုတွေလုပ်ဖို့ ရည်ရွယ်ထားတာနဲ့အတူ လိုအပ်တဲ့ အသုံးစရိတ်ရရှိဖို့အတွက် အသင်းမှာ အပိုဖြစ်နေတဲ့ လာကာဇက်၊ ဆိုကရေးတစ်၊ မူစတာဖီတို့ကို ရောင်းချဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။
ပရီးမီးယားလိဂ်မှာစိတ်ပျက်စရာတွေဖြစ်ခဲ့ပေမယ့် ပီပီဟာ ယူရိုပါလိဂ်မှာ ပြန်လာနိုင်ခဲ့ပြီး ဂိုးသွင်းယူခဲ့ကာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့တဲ့အပေါ် နည်းပြ အာတီတာက ကျေနပ်နေပြီး သူ့အနေနဲ့ ဒီခြေစွမ်းတွေကို ဆက်ထိန်းသိမ်းထားဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ အင်္ဂလန်မှာ ပရိသတ်တွေ ပြန်ဝင်ခွင့်ရမယ့် ပထမဆုံးပွဲအဖြစ် ယူရိုပါလိဂ်မှာ ရက်ပစ် ဗီယင်နာနဲ့ တွေ့ဆုံကစားရမှာဖြစ်ပေမယ့် လူအင်အား ကန့်သတ်ချက်ကြောင့် တစ်ပွဲကို ပေါင်၅သိန်း ဆုံးရှုံးနေရဦးမှာပါ။
ဝီလီယံ ဆလီဘာဟာ ဇန်နဝါရီမှာ စိန့်အက်တီယန်ကို အငှားသွားကစားချင်ပေမယ့် လီဂူးဝမ်းကလပ်က သူ့ရဲ့လစာငွေကို မတတ်နိုင်တာဖြစ်သလို ၎င်းဟာ ပုံမှန်ကစားခွင့် ရနိုင်မယ့်အခွင့်အရေးအတွက် တစ်ပတ်ကို ပေါင်၉သောင်းလောက် လျှော့ယူဖို့ရှိနေပါတယ်။
ဒေးဗစ်လူးဝစ် ဟာ မိုလ်ဒီနဲ့ပွဲမှာ ၄၅ မိနစ်သာ ကစားခဲ့ပြီး ဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရသလို သူ့ကို ပိုမထိခိုက်အောင် ကာကွယ်ဖို့ ထုတ်ခဲ့တာဖြစ်ကြောင်း အာတီတာက ရှင်းပြခဲ့ပြီး သူ့အနေနဲ့ အကြာကြီး အနားမယူရဖို့ မျှော်လင့်နေပါတယ်။
ဘူကာယိုဆာကာဟာ ဒီရာသီ အာဆင်နယ်အတွက် ၁၁ပွဲကစားပေးခဲ့ပြီး စတုတ္ထမြောက် ပွဲအများဆုံးကစားရတဲ့သူ ဖြစ်နေသလို ဆယ်ကျော်သက် ကစားသမားအနေနဲ့ သူထမ်းနေရတဲ့ ဝန်က ကြီးမားလွန်းတယ်လို့ အီယန်ရိုက်က ထောက်ပြပြောဆိုခဲ့ပါတယ်။
မနေ့ကပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘာလိုဂန်ဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်မှာဖြစ်ပြီး စိတ်ဝင်စားတဲ့ ကလပ်တွေလည်း ရှိနေပေမယ့် အာဆင်နယ်ဟာ သူ့ကို စာချုပ်သစ်ချုပ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ အာတီတာက ဖွင့်ဟခဲ့ပါတယ်။
Zawgyi – မိုလ္ဒီကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ရစ္နယ္ဆန္ရဲ႕ ေျခစြမ္းျပသမႈကို ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ အာတီတာက ေက်နပ္ေနခဲ့ၿပီး ေႏြရာသီမွာ အငွားထြက္ ကစားဖို႔ ျငင္းပယ္ကာ အသင္းမွာ ေနရာရေအာင္ႀကိဳးစားဖို႔ ဆုံးျဖတ္ခဲ့တဲ့ သူ႔ရဲ႕စိတ္ဓာတ္ကို ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ ေနာက္ထပ္လူအင္အားျဖည့္တင္းမႈေတြလုပ္ဖို႔ ရည္႐ြယ္ထားတာနဲ႔အတူ လိုအပ္တဲ့ အသုံးစရိတ္ရရွိဖို႔အတြက္ အသင္းမွာ အပိုျဖစ္ေနတဲ့ လာကာဇက္၊ ဆိုကေရးတစ္၊ မူစတာဖီတို႔ကို ေရာင္းခ်ဖို႔ တိုက္တြန္းမႈေတြ ရွိေနပါတယ္။
ပရီးမီးယားလိဂ္မွာစိတ္ပ်က္စရာေတြျဖစ္ခဲ့ေပမယ့္ ပီပီဟာ ယူ႐ိုပါလိဂ္မွာ ျပန္လာႏိုင္ခဲ့ၿပီး ဂိုးသြင္းယူခဲ့ကာ ပုံစံေကာင္းေတြ ျပသႏိုင္ခဲ့တဲ့အေပၚ နည္းျပ အာတီတာက ေက်နပ္ေနၿပီး သူ႔အေနနဲ႔ ဒီေျခစြမ္းေတြကို ဆက္ထိန္းသိမ္းထားဖို႔လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ အဂၤလန္မွာ ပရိသတ္ေတြ ျပန္ဝင္ခြင့္ရမယ့္ ပထမဆုံးပြဲအျဖစ္ ယူ႐ိုပါလိဂ္မွာ ရက္ပစ္ ဗီယင္နာနဲ႔ ေတြ႕ဆုံကစားရမွာျဖစ္ေပမယ့္ လူအင္အား ကန႔္သတ္ခ်က္ေၾကာင့္ တစ္ပြဲကို ေပါင္၅သိန္း ဆုံးရႈံးေနရဦးမွာပါ။
ဝီလီယံ ဆလီဘာဟာ ဇန္နဝါရီမွာ စိန္႔အက္တီယန္ကို အငွားသြားကစားခ်င္ေပမယ့္ လီဂူးဝမ္းကလပ္က သူ႔ရဲ႕လစာေငြကို မတတ္ႏိုင္တာျဖစ္သလို ၎ဟာ ပုံမွန္ကစားခြင့္ ရႏိုင္မယ့္အခြင့္အေရးအတြက္ တစ္ပတ္ကို ေပါင္၉ေသာင္းေလာက္ ေလွ်ာ့ယူဖို႔ရွိေနပါတယ္။
ေဒးဗစ္လူး၀စ္ ဟာ မိုလ္ဒီနဲ႔ပြဲမွာ ၄၅ မိနစ္သာ ကစားခဲ့ၿပီး ဒဏ္ရာေၾကာင့္ ဒုတိယပိုင္းမွာ လူစားလဲခဲ့ရသလို သူ႔ကို ပိုမထိခိုက္ေအာင္ ကာကြယ္ဖို႔ ထုတ္ခဲ့တာျဖစ္ေၾကာင္း အာတီတာက ရွင္းျပခဲ့ၿပီး သူ႔အေနနဲ႔ အၾကာႀကီး အနားမယူရဖို႔ ေမွ်ာ္လင့္ေနပါတယ္။
ဘူကာယိုဆာကာဟာ ဒီရာသီ အာဆင္နယ္အတြက္ ၁၁ပြဲကစားေပးခဲ့ၿပီး စတုတၳေျမာက္ ပြဲအမ်ားဆုံးကစားရတဲ့သူ ျဖစ္ေနသလို ဆယ္ေက်ာ္သက္ ကစားသမားအေနနဲ႔ သူထမ္းေနရတဲ့ ဝန္က ႀကီးမားလြန္းတယ္လို႔ အီယန္႐ိုက္က ေထာက္ျပေျပာဆိုခဲ့ပါတယ္။
မေန႔ကပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဘာလိုဂန္ဟာ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္မွာျဖစ္ၿပီး စိတ္ဝင္စားတဲ့ ကလပ္ေတြလည္း ရွိေနေပမယ့္ အာဆင္နယ္ဟာ သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစားလုပ္ေဆာင္ေနတယ္လို႔ အာတီတာက ဖြင့္ဟခဲ့ပါတယ္။