ချယ်ဆီး အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ခြေကောင်းနေတဲ့ လန်ဒန်မြို့ခံ ပြိုင်ဘက် စပါး အသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားတော့မှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ နိုဝင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့၊ ည ၁၁ နာရီ မှာပါ။
ချယ်ဆီးနဲ့ စပါး လန်ဒန်ဒါဘီ ပွဲကောင်း အတွက် ဘီဘီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လော်ရိုးက – ” ဂျို့စ် မော်ရင်ညိုရဲ့ အထူးတန်းမှာ ရှိနေတဲ့ စပါးအသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ စပါး ခြေစွမ်းကောင်းခဲ့ပြီး ကစားတာ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် စပါးအသင်းဟာ သူတို့ ပွဲ အစီအမံ အလုပ်ဖြစ်ဖို့ဆို ဦးဆောင်ဂိုး သွင်းမှ အဆင်ပြေမယ်လို့ ကျနော် ခံစားမိတယ်။
ချယ်ဆီးကတော့ ဂိုးတွေ အများကြီး ရလေ့ ရှိတဲ့ အသင်းပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး အများဆုံး အသင်းလည်း ဖြစ်နေတယ်။ ဒါကြောင့် စပါးအသင်းက ချယ်ဆီးကို ကျော်နိုင်ပါ့မလား ကျနော် သိပ် မသေချာဘူး။ ” လို့ သုံးသပ်ထားပါတယ်။
လော်ရိုးရဲ့ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး 2-1 စပါး ဖြစ်ပါတယ်။
Zawgyi – ခ်ယ္ဆီး အသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ ေျခေကာင္းေနတဲ့ လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ စပါး အသင္းကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားေတာ့မွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ နို၀င္ဘာ ၂၉ ရက္၊ တနဂၤေႏြေန႔၊ ည ၁၁ နာရီ မွာပါ။
ခ်ယ္ဆီးနဲ႕ စပါး လန္ဒန္ဒါဘီ ပြဲေကာင္း အတြက္ ဘီဘီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
ေလာ္ရိုးက – ” ဂ်ိဳ႔စ္ ေမာ္ရင္ညိဳရဲ႕ အထူးတန္းမွာ ရွိေနတဲ့ စပါးအသင္းဟာ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က မန္စီးတီးကို အနုိင္ယူနုိင္ခဲ့ပါတယ္။ အဲဒီပြဲမွာ စပါး ေျခစြမ္းေကာင္းခဲ့ျပီး ကစားတာ ေကာင္းမြန္ခဲ့ပါတယ္။ ဒါေပမယ့္ စပါးအသင္းဟာ သူတို႔ ပြဲ အစီအမံ အလုပ္ျဖစ္ဖို႔ဆို ဦးေဆာင္ဂိုး သြင္းမွ အဆင္ေျပမယ္လို႔ က်ေနာ္ ခံစားမိတယ္။
ခ်ယ္ဆီးကေတာ့ ဂိုးေတြ အမ်ားၾကီး ရေလ့ ရွိတဲ့ အသင္းပါ။ ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး အမ်ားဆံုး အသင္းလည္း ျဖစ္ေနတယ္။ ဒါေၾကာင့္ စပါးအသင္းက ခ်ယ္ဆီးကို ေက်ာ္နုိင္ပါ့မလား က်ေနာ္ သိပ္ မေသခ်ာဘူး။ ” လို႔ သံုးသပ္ထားပါတယ္။
ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ ကေတာ့ ခ်ယ္ဆီး 2-1 စပါး ျဖစ္ပါတယ္။