ဘရူနိုရဲ့ အသင်းဖော်ဟောင်း နာမည်ကျော် ဘယ်စွန်ခံစစ်မှူးကို ယူနိုက်တက် ပစ်မှတ်ထား

ယူနိုက်တက် ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်ရဲ့ အသင်းဖော်ဟောင်းလည်း ဖြစ်ပြီး ဥရောပတခွင်မှာ အကောင်းဆုံး လူငယ် ဘယ်စွန်ခံစစ်လို့ နာမည်ကျော်ခဲ့တဲ့ နူနို မန်ဒက်စ်ကို ခေါ်ယူဖို့ ယူနိုက်တက်က စောင့်ကြည့်နေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

ပေါ်တူဂီဘက်က သတင်းများ အဆိုအရ မန်ဒက်စ်ကို ယူနိုက်တက် စောင့်ကြည့်တာ အခုမှ မဟုတ်ဘဲ ယခင်တည်းက ခေါ်ယူဖို့ တောက်လျောက် စောင့်ကြည့်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ပြောဆို ဆွေးနွေးမှုများပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မန်ဒက်စ်ကို စပို့တင်း လစ္စဘွန်း ဥက္ကဌ က ဥရောပမှာ အကောင်းဆုံး ဆယ်ကျော်သက် ဘယ်ခံစစ်မှူးလို့ အမည်တပ်ခဲ့ပါတယ်။

မန်ဒက်စ်ရဲ့ အေးဂျင့်ကလည်း ဘရူနို ဖာနန်ဒက်စ်ရဲ့ အေးဂျင့်နဲ့ အတူတူပဲ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ၎င်းကို ခေါ်ယူဖို့ ထည့်သွင်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၎င်းနဲ့ အဆက်အသွယ် ရှိဆဲ ဖြစ်ပြီး နွေအတွက် ဆွေးနွေးမှုပါ စီစဉ်နေပါတယ်။

အသက် ၁၉ နှစ် အရွယ် ခံစစ်မှူးအတွက် ယူနိုက်တက် တရားဝင် ကမ်းလှမ်းမှုတော့ မပြုလုပ်ရသေးပေမယ့် ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားမှုတော့ ရှိနေပါတယ်။ မန်ဒက်စ်ဟာ ဒီရာသီ စပို့တင်းနဲ့ အတူ လိဂ်ပွဲ ၁၇ ပွဲ ကစားထားရာ တစ်ဂိုးသွင်းပြီး ၃ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

ယူနိုက်တက်မှာ လက်ရှိ ဘယ်စွန်ခံစစ်ကို တာဝန်ယူထားတာက လုခ်ရှော ဖြစ်ပြီး ရှော ဒဏ်ရာ ရချိန်မှာ ဘရန်ဒန် ဝီလီယံက ဝင်ရောက် ကစားကာ ခြေစွမ်းလည်း ပြနိုငခဲ့ပါတယ်။ ၎င်းကလည်း ယူနိုက်တက် လူစာရင်းမှာ ပုံမှန် နေရာ ရလာနိုင်သူ ဖြစ်ပြီး ဆိုးရှားကတော့ အပြိုင်ဆိုင် အဖြစ် ကစားသမား ထပ်မံခေါ်ယူလိုနပါတယ်။

Zawgyi – ယူနိုက္တက္ ကစားသမားသစ္ ဘရူနို ဖာနန္ဒက္စ္ရဲ႕ အသင္းေဖာ္ေဟာင္းလည္း ျဖစ္ျပီး ဥေရာပတခြင္မွာ အေကာင္းဆံုး လူငယ္ ဘယ္စြန္ခံစစ္လို႔ နာမည္ေက်ာ္ခဲ့တဲ့ နူနို မန္ဒက္စ္ကို ေခၚယူဖို႔ ယူနုိက္တက္က ေစာင့္ၾကည့္ေနေၾကာင္း သတင္း ထြက္ေပၚေနပါတယ္။

ေပၚတူဂီဘက္က သတင္းမ်ား အဆိုအရ မန္ဒက္စ္ကို ယူနိုက္တက္ ေစာင့္ၾကည့္တာ အခုမွ မဟုတ္ဘဲ ယခင္တည္းက ေခၚယူဖို႔ ေတာက္ေလ်ာက္ ေစာင့္ၾကည့္ခဲ့ျပီး ျပီးခဲ့တဲ့ ဇန္န၀ါရီတုန္းက ေျပာဆို ေဆြးေႏြးမႈမ်ားပါ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ မန္ဒက္စ္ကို စပို႔တင္း လစၥဘြန္း ဥကၠဌ က ဥေရာပမွာ အေကာင္းဆံုး ဆယ္ေက်ာ္သက္ ဘယ္ခံစစ္မွဴးလို႔ အမည္တပ္ခဲ့ပါတယ္။

မန္ဒက္စ္ရဲ႕ ေအးဂ်င့္ကလည္း ဘရူနို ဖာနန္ဒက္စ္ရဲ႕ ေအးဂ်င့္နဲ႕ အတူတူပဲ ျဖစ္တာေၾကာင့္ ျပီးခဲ့တဲ့ အေျပာင္းအေရႊ႕မွာ ၄ငး္ကို ေခၚယူဖို႔ ထည့္သြင္း ေဆြးေႏြးျဖစ္ခဲ့ပါတယ္။ ယူနုိက္တက္ဟာ ၄င္းနဲ႕ အဆက္အသြယ္ ရွိဆဲ ျဖစ္ျပီး ေႏြအတြက္ ေဆြးေႏြးမႈပါ စီစဥ္ေနပါတယ္။

အသက္ ၁၉ နွစ္ အရြယ္ ခံစစ္မွဴးအတြက္ ယူနိုက္တက္ တရား၀င္ ကမ္းလွမ္းမႈေတာ့ မျပဳလုပ္ရေသးေပမယ့္ ေခၚယူဖို႔ အေလးအနက္ စိတ္၀င္စားမႈေတာ့ ရွိေနပါတယ္။ မန္ဒက္စ္ဟာ ဒီရာသီ စပို႔တင္းနဲ႕ အတူ လိဂ္ပြဲ ၁၇ ပြဲ ကစားထားရာ တစ္ဂိုးသြင္းျပီး ၃ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။

ယူနိုက္တက္မွာ လက္ရွိ ဘယ္စြန္ခံစစ္ကို တာ၀န္ယူထားတာက လုခ္ေရွာ ျဖစ္ျပီး ေရွာ ဒဏ္ရာ ရခ်ိန္မွာ ဘရန္ဒန္ ၀ီလီယံက ၀င္ေရာက္ ကစားကာ ေျခစြမ္းလည္း ျပနို္ငခဲ့ပါတယ္။ ၄င္းကလည္း ယူနုိက္တက္ လူစာရင္းမွာ ပံုမွန္ ေနရာ ရလာနုိင္သူ ျဖစ္ျပီး ဆိုးရွားကေတာ့ အျပိဳင္ဆုိင္ အျဖစ္ ကစားသမား ထပ္မံေခၚယူလိုနပါတယ္။