ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (27/11/20)

ဆောက်သမ်တန် နောက်ခံလူ ဘားထရန့်ဟာ ယူနိုက်တက်နဲ့ တွေ့ဆုံရမယ့်ပွဲမတိုင်ခင် သူတို့ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကို ပြောပြခဲ့ပြီး ရက်ရှ်ဖို့ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ ဦးဆောင်တဲ့ တန်ပြန်တိုက်စစ်က ကြောက်စရာကောင်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ ပွဲမှာ ပေါ့ဘာနဲ့ တော်မီနေးတို့ ပါဝင်ကစားနိုင်ဖို့ အခွင့်အရေးနည်းကြောင်း ယူနိုက်တက် နည်းပြ ဆိုးရှားက ပွဲကြိုမှာ ပြောဆို အတည်ပြုခဲ့ပါတယ်။ ပေါ့ဘာက ခြေကျင်းဝတ်ဒဏ်ရာ ပြန်ရသွားတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆိုင်ဘာကနေ ထိုးနှက်တိုက်ခိုက်ခံခဲ့ရပြီး အချက်အလက်တွေကို ဖောက်ချမယ်လို့ ငွေညှစ်ခံခဲ့ရသော်လည်း အသင်းကနေ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ကျနေ်ာတို့ဟာ သင်ခန်းစာတွေကို သင်ယူပြီး ပိုကောင်းလာပြီလား ကြည့်ဖို့ စိန်ခေါ်မှုကောင်း ဖြစ်ကြောင်း စိန့်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ ဆိုးရှားက ဆိုခဲ့ပါတယ်။ အသင်းဟာ တည်ငြိမ်မှုတွေ ပြန်ရလာနေပြီလို့ ၎င်းက ယုံကြည်နေပါတယ်။

ကြားရက် ဥရောပပွဲကို အဝေးကွင်းကစားပြီး စနေနေ့ ညနေအစောပိုင်း ပွဲ ကန်ရတာက ကစားသမားတွေ အတွက် အဆင်မပြေကြောင်း နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်က ဆိုးရှား ပြောဆိုခဲ့မှုဟာ မှန်ကန်ကြောင်း ဘရိုက်တန် ကွင်းလယ်သမား လယ်လာနာက ထောက်ခံလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်က နွေမှာ ခေါ်ယူခဲ့ပေမယ့် အသင်းမှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ် ကို ဂျူဗင်တပ်က ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ဇန်နဝါရီမှာ လှုပ်ရှားဖွယ် ရှိနေပါတယ်။

Zawgyi – ေဆာက္သမ္တန္ ေနာက္ခံလူ ဘားထရန႔္ဟာ ယူႏိုက္တက္နဲ႔ ေတြ႕ဆုံရမယ့္ပြဲမတိုင္ခင္ သူတို႔ရဲ႕ အႀကီးမားဆုံး ၿခိမ္းေျခာက္မႈကို ေျပာျပခဲ့ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ ဦးေဆာင္တဲ့ တန္ျပန္တိုက္စစ္က ေၾကာက္စရာေကာင္းတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ေဆာက္သမ္တန္နဲ႕ ပြဲမွာ ေပါ့ဘာနဲ႕ ေတာ္မီေနးတို႔ ပါ၀င္ကစားနိုင္ဖို႔ အခြင့္အေရးနည္းေၾကာင္း ယူနိုက္တက္ နည္းျပ ဆိုးရွားက ပြဲၾကိဳမွာ ေျပာဆို အတည္ျပဳခဲ့ပါတယ္။ ေပါ့ဘာက ေျခက်င္း၀တ္ဒဏ္ရာ ျပန္ရသြားတာ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆိုင္ဘာကေန ထိုးနွက္တိုက္ခိုက္ခံခဲ့ရျပီး အခ်က္အလက္ေတြကို ေဖာက္ခ်မယ္လို႔ ေငြညွစ္ခံခဲ့ရေသာ္လည္း အသင္းကေန ျပန္လည္ ထိန္းခ်ဳပ္နုိင္ခဲ့ေၾကာင္း သိရပါတယ္။

က်ေန္ာတို႔ဟာ သင္ခန္းစာေတြကို သင္ယူျပီး ပိုေကာင္းလာျပီလား ၾကည့္ဖို႔ စိန္ေခၚမႈေကာင္း ျဖစ္ေၾကာင္း စိန္႔နဲ႕ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ယူနိုက္တက္ နည္းျပ ဆိုးရွားက ဆိုခဲ့ပါတယ္။ အသင္းဟာ တည္ျငိမ္မႈေတြ ျပန္ရလာေနျပီလို႔ ၄င္းက ယံုၾကည္ေနပါတယ္။

ၾကားရက္ ဥေရာပပြဲကို အေ၀းကြင္းကစားျပီး စေနေန႔ ညေနအေစာပိုင္း ပြဲ ကန္ရတာက ကစားသမားေတြ အတြက္ အဆင္မေျပေၾကာင္း နုိင္ငံတကာ သီတင္းပတ္ မတိုင္ခင္က ဆုိးရွား ေျပာဆိုခဲ့မႈဟာ မွန္ကန္ေၾကာင္း ဘရိုက္တန္ ကြင္းလယ္သမား လယ္လာနာက ေထာက္ခံလိုက္ပါတယ္။

မန္ခ်က္စတာယူနုိက္တက္က ေႏြမွာ ေခၚယူခဲ့ေပမယ့္ အသင္းမွာ ေနရာမရျဖစ္ေနတဲ့ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ ကို ဂ်ဴဗင္တပ္က ေခၚယူဖို႔ ေစာင့္ၾကည့္ေနျပီး ဇန္န၀ါရီမွာ လႈပ္ရွားဖြယ္ ရွိေနပါတယ္။