ချယ်ဆီး အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ စူပါဆန်းဒေး ပွဲကောင်း အဖြစ် လန်ဒန်မြို့ခံ ပြိုင်ဘက် စပါး အသင်းနဲ့ ဒါဘီပွဲ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
လန်ဒန် နှစ်သင်း ကစားမယ့် ပွဲချိန် ကတော့ လာမယ့် နိုဝင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့၊ ည ၁၁ နာရီ၊ စတန်းဖို့ ဘရစ်ချ်မှာ ယှဉ်ပြိုင်ကြရမှာပါ။ ဒီပွဲစဉ် အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ်ထားပါတယ်။
အိုဝင်က – ” ကျနော်တော့ ဒီပွဲကို တိုက်ရိုက်ကြည့်ဖို့အတွက် မစောင့်နိုင်အောင်ပါပဲ။ အရမ်းကောင်းတဲ့ပွဲ ဖြစ်လာမှာဖြစ်သလို ဘယ်အသင်း နိုင်မယ်ဆိုတာ ပြောရ ခက်ပါလိမ့်မယ်။
လက်ရှိ စပါးအသင်းမှာ ကျနော့်ကို အကြိုက်တွေ့ အာရုံကျနေစေတဲ့ ကစားသမားကတော့ ဟော့ဘက် ပါပဲ။ သူက မော်ရင်ညို စိတ်ကြိုက် ကစားသမား ဖြစ်ပါတယ်။ သူ ဒီအတိုင်း ဆက် ကစားမယ်ဆိုရင် ဒီရာသီ တိုးတက်လာမှုတွေအရ ချီးကျူးမှုတွေ အများကြီးကို ရလာပါလိမ့်မယ်။
ဒီ နှစ်သင်းလုံးက တိုက်စစ်ပိုင်းမှာ အရည်အချင်းကောင်းတွေ ရှိထားတယ်။ ဒီပွဲက ဂိုးများမယ်လို့ ထင်သလို ချယ်ဆီးက ၂-၁ လောက်နဲ့ နိုင်သွားမယ် လို့ ထင်ပါတယ်။ ” လို့ သုံးသပ် ခန့်မှန်းထားပါတယ်။
Zawgyi – ခ်ယ္ဆီး အသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာေတာ့ စူပါဆန္းေဒး ပြဲေကာင္း အျဖစ္ လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ စပါး အသင္းနဲ႕ ဒါဘီပြဲ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။
လန္ဒန္ နွစ္သင္း ကစားမယ့္ ပြဲခ်ိန္ ကေတာ့ လာမယ့္ နို၀င္ဘာ ၂၉ ရက္၊ တနဂၤေႏြေန႔၊ ည ၁၁ နာရီ၊ စတန္းဖို႔ ဘရစ္ခ်္မွာ ယွဥ္ျပိဳင္ၾကရမွာပါ။ ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ထားပါတယ္။
အို၀င္က – ” က်ေနာ္ေတာ့ ဒီပြဲကို တိုက္ရိုက္ၾကည့္ဖို႔အတြက္ မေစာင့္ႏုိင္ေအာင္ပါပဲ။ အရမ္းေကာင္းတဲ့ပြဲ ျဖစ္လာမွာျဖစ္သလို ဘယ္အသင္း နိုင္မယ္ဆိုတာ ေျပာရ ခက္ပါလိမ့္မယ္။
လက္ရွိ စပါးအသင္းမွာ က်ေနာ့္ကို အၾကိဳက္ေတြ႔ အာရံုက်ေနေစတဲ့ ကစားသမားကေတာ့ ေဟာ့ဘက္ ပါပဲ။ သူက ေမာ္ရင္ညိဳ စိတ္ၾကိဳက္ ကစားသမား ျဖစ္ပါတယ္။ သူ ဒီအတိုင္း ဆက္ ကစားမယ္ဆိုရင္ ဒီရာသီ တုိးတက္လာမႈေတြအရ ခ်ီးက်ဴးမႈေတြ အမ်ားၾကီးကို ရလာပါလိမ့္မယ္။
ဒီ ႏွစ္သင္းလံုးက တိုက္စစ္ပိုင္းမွာ အရည္အခ်င္းေကာင္းေတြ ရွိထားတယ္။ ဒီပြဲက ဂိုးမ်ားမယ္လို႔ ထင္သလို ခ်ယ္ဆီးက ၂-၁ ေလာက္နဲ႔ ႏုိင္သြားမယ္ လို႔ ထင္ပါတယ္။ ” လို႔ သံုးသပ္ ခန္႔မွန္းထားပါတယ္။