ယူနိုက်တက်က နည်းပြအပြောင်းအလဲ လုပ်မယ်ဆိုရင် ဆိုးလ်ရှားနေရာကို ဆက်ခံမယ့်သူအဖြစ် ဟက်ဆန်ဟော့ က အလားအလာ ရှိသူထဲ ပါဝင်နေပေမယ့် သူ့အနေနဲ့ ဆောက်သမ်တန်နဲ့ အောင်မြင်မှုရဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ မြင့်မားတဲ့အဆင့်အတန်းနဲ့ နေရာယူထားတာ ဖြစ်သလို ၎င်းဟာ ယူနိုက်တက်အတွက် ပေါ်တူဂီ အသင်းဖော် ရော်နယ်ဒိုလိုမျိုး တူညီတဲ့ အကျိုးသက်ရောက်မှု ပေးနိုင်တယ်လို့ ဆိုးလ်ရှားက နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
ကွင်းလယ် ကစားသမား ပေါ့ဘာဟာ ခြေကျင်းဝတ် ဒဏ်ရာရနေပြီး တော်မီနေးက နောက်ကျော ဒဏ်ရာ ရနေတာ ဖြစ်သလို သူတို့ဟာ မနေ့က အသင်းလေ့ကျင့်ရေးကို လွဲချော်ခဲ့တဲ့နောက် မနက်ဖြန် ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ကယ်ဟာနိုဂလူဟာ အေစီမီလန်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး နောက်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်သလို ယူနိုက်တက်က သူ့ကိုခေါ်ယူဖို့ ဆွေးနွေးမှုအခြေအနေကောင်းနေပါတယ်။
ယူနိုက်တက်ဟာ နွေရာသီမှာဆန်ချိုကို မခေါ်နိုင်ခဲ့ပေမယ့် ကာဗာနီ၊ အဲလက်စ်တဲလက်စ်၊ ဗန်ဒီဘိခ်တို့ကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သလို ဇန်နဝါရီမှာ အာမက် ဒီရယ်လို ရောက်လာမှာက လွဲရင် ကစားသမားအသစ် ထပ်ထည့်ဖို့ မရှိဘူးလို့ ဆိုးလ်ရှားက သတင်းပေးခဲ့ပါတယ်။
ဝမ်ဘစ်ဆာကာဟာ ခံစစ်ပိုင်းမှာ အထင်ကြီးစရာကောင်းပေမယ့် တိုက်စစ်ကို လိုက်ပါနိုင်စွမ်းက အားနည်းတာကြောင့် ယူနိုက်တက်ဟာ ဘစ်ဆာကာနဲ့ နေရာရဖို့ ပြိုင်ဆိုင်မယ့် ညာနောက်ခံလူ အသစ်တစ်ယောက်ကို ထပ်မံခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
Zawgyi – ယူႏိုက္တက္က နည္းျပအေျပာင္းအလဲ လုပ္မယ္ဆိုရင္ ဆိုးလ္ရွားေနရာကို ဆက္ခံမယ့္သူအျဖစ္ ဟက္ဆန္ေဟာ့ က အလားအလာ ရွိသူထဲ ပါ၀င္ေနေပမယ့္ သူ႔အေနနဲ႔ ေဆာက္သမ္တန္နဲ႔ ေအာင္ျမင္မႈရဖို႔ကိုသာ အာ႐ုံစိုက္ထားတယ္လို႔ ဆိုပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ျမင့္မားတဲ့အဆင့္အတန္းနဲ႔ ေနရာယူထားတာ ျဖစ္သလို ၎ဟာ ယူႏိုက္တက္အတြက္ ေပၚတူဂီ အသင္းေဖာ္ ေရာ္နယ္ဒိုလိုမ်ိဳး တူညီတဲ့ အက်ိဳးသက္ေရာက္မႈ ေပးႏိုင္တယ္လို႔ ဆိုးလ္ရွားက ႏႈိင္းယွဥ္ေျပာဆိုခဲ့ပါတယ္။
ကြင္းလယ္ ကစားသမား ေပါ့ဘာဟာ ေျခက်င္းဝတ္ ဒဏ္ရာရေနၿပီး ေတာ္မီေနးက ေနာက္ေက်ာ ဒဏ္ရာ ရေနတာ ျဖစ္သလို သူတို႔ဟာ မေန႔က အသင္းေလ့က်င့္ေရးကို လြဲေခ်ာ္ခဲ့တဲ့ေနာက္ မနက္ျဖန္ ေဆာက္သမ္တန္နဲ႔ပြဲမွာ ပါဝင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။
ကယ္ဟာႏိုဂလူဟာ ေအစီမီလန္နဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး ေနာက္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္မွာ ျဖစ္သလို ယူႏိုက္တက္က သူ႔ကိုေခၚယူဖို႔ ေဆြးေႏြးမႈအေျခအေနေကာင္းေနပါတယ္။
ယူႏိုက္တက္ဟာ ေႏြရာသီမွာဆန္ခ်ိဳကို မေခၚႏိုင္ခဲ့ေပမယ့္ ကာဗာနီ၊ အဲလက္စ္တဲလက္စ္၊ ဗန္ဒီဘိခ္တို႔ကို ေခၚယူႏိုင္ခဲ့ၿပီးျဖစ္သလို ဇန္နဝါရီမွာ အာမက္ ဒီရယ္လို ေရာက္လာမွာက လြဲရင္ ကစားသမားအသစ္ ထပ္ထည့္ဖို႔ မရွိဘူးလို႔ ဆိုးလ္ရွားက သတင္းေပးခဲ့ပါတယ္။
ဝမ္ဘစ္ဆာကာဟာ ခံစစ္ပိုင္းမွာ အထင္ႀကီးစရာေကာင္းေပမယ့္ တိုက္စစ္ကို လိုက္ပါႏိုင္စြမ္းက အားနည္းတာေၾကာင့္ ယူႏိုက္တက္ဟာ ဘစ္ဆာကာနဲ႔ ေနရာရဖို႔ ၿပိဳင္ဆိုင္မယ့္ ညာေနာက္ခံလူ အသစ္တစ္ေယာက္ကို ထပ္မံေခၚယူဖို႔ စိတ္အားထက္သန္ေနပါတယ္။