အာဆင်နယ်ဟာ ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်မှုရဖို့ ရုန်းကန်နေရတာဖြစ်သလို သူတို့ရဲ့ပုံစံက အမှတ်ပေးဇယား အလယ်က အသင်း အဆင့်မျိုးသာ ဖြစ်ပြီး လိဒ်စ်နဲ့ပွဲမှာ ကံကောင်းလို့ သရေတစ်မှတ်ရခဲ့တာပါလို့ ပေါလ်မာဆွန်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ရဲ့လူစာရင်းတွေကနေ ချန်လှပ်ခံခဲ့ရတဲ့ အိုဇေးကို အာတီတာက လုံလောက်တဲ့ အခွင့်အရေးပေးခဲ့ပြီးဖြစ်လို့ ကလပ်မှာ ထပ် ကစားပေးရမှာ မဟုတ်သလို အမ်းမရိတ်စ်မှာ သူ့ရဲ့ အနာဂတ်မရှိတော့ဘူးလို့ ကယ်ဗင် ကမ့်ဘဲက ပြောဆိုခဲ့ပါတယ်။
အစ္စကိုဟာ ဒီရာသီမှာ လာလီဂါ ၇ ပွဲ ကစားခဲ့ရပေမယ့် ရီးရဲလ်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိသလို သူ့ကို ခေါ်ယူဖို့အတွက် အာတီတာက အာဆင်နယ်ကို တိုက်တွန်းမှုလုပ်ခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ အရင်က သူတို့ရဲ့ ထိပ်တန်း အဆင့်အတန်းကို ပြန်လည်ရောက်ရှိဖို့ အချိန်ယူရနိုင်တာဖြစ်သလို ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်ဖို့အတွက် အပြောင်းအရွှေ့ ရာသီများစွာ လိုအပ်လိမ့်မယ်လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။
အိုဇေးဟာ အာဆင်နယ်ရဲ့ အပယ်ခံဖြစ်နေပြီး အနာဂတ်အဆုံးသတ်ဖို့ နီးစပ်လာပေမယ့် သူပိုင်ဆိုင်တဲ့ အရည်အသွေးတွေကြောင့် အာဆင်နယ် အသင်းမှာ ပါဝင်ခွင့်ရဖို့ ထိုက်တန်နေဆဲဖြစ်ကြောင်း ဖရက်ဒီ ယွန်းဘတ်က ထောက်ခံပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ tier 2 ထဲ ပါဝင်တာကြောင့် ဒီဇင်ဘာလထဲမှာ ပရိသတ် ၂၀၀၀ ဝင်ခွင့်ပေးနိုင်မှာ ဖြစ်သလို အသင်းရဲ့ အဓိက အလုပ်သမားတွေနဲ့ ကိုဗစ်ကာလအတွင်း ရုန်းကန်ခဲ့ရတဲ့ ပရိသတ်တွေအတွက် လက်မှတ်တွေ မျှဝေပေးသွားဖို့ စီစဉ်နေပါတယ်။
အာဆင်နယ် လူငယ်ကစားသမား ဇက် ဆွမ်ဆန်ဟာ မတ်စ်ရစ်ခ်ျမှာ အငှားကစားနေပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာနဲ့အတူ အာဆင်နယ်က အငှားစာချုပ်ကို ဖျက်သိမ်းပြီး ဇန်နဝါရီမှာ အင်္ဂလန်ကို ပြန်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။
အာဆင်နယ်ဟာ နွေရာသီအတွင်း ကွင်းလယ်လူ အာဝါကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် သူ့ရဲ့တန်ကြေး ပေါင်၄၅သန်းကို ပေးဖို့ တွန့်ဆုတ် နေခဲ့ပြီး သူ့အစား သောမတ်စ်ပါတေးကို ခေါ်ယူခဲ့တာကြောင့် အာဝါတစ်ယောက် စိတ်ပျက်နေခဲ့တယ်လို့ ဆိုပါတယ်။
Zawgyi – အာဆင္နယ္ဟာ ဒီရာသီမွာ ေျခစြမ္းတည္ၿငိမ္မႈရဖို႔ ႐ုန္းကန္ေနရတာျဖစ္သလို သူတို႔ရဲ႕ပုံစံက အမွတ္ေပးဇယား အလယ္က အသင္း အဆင့္မ်ိဳးသာ ျဖစ္ၿပီး လိဒ္စ္နဲ႔ပြဲမွာ ကံေကာင္းလို႔ သေရတစ္မွတ္ရခဲ့တာပါလို႔ ေပါလ္မာဆြန္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ရဲ႕လူစာရင္းေတြကေန ခ်န္လွပ္ခံခဲ့ရတဲ့ အိုေဇးကို အာတီတာက လုံေလာက္တဲ့ အခြင့္အေရးေပးခဲ့ၿပီးျဖစ္လို႔ ကလပ္မွာ ထပ္ ကစားေပးရမွာ မဟုတ္သလို အမ္းမရိတ္စ္မွာ သူ႔ရဲ႕ အနာဂတ္မရွိေတာ့ဘူးလို႔ ကယ္ဗင္ ကမ့္ဘဲက ေျပာဆိုခဲ့ပါတယ္။
အစၥကိုဟာ ဒီရာသီမွာ လာလီဂါ ၇ ပြဲ ကစားခဲ့ရေပမယ့္ ရီးရဲလ္မွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာႏိုင္ဖြယ္ ရွိသလို သူ႔ကို ေခၚယူဖို႔အတြက္ အာတီတာက အာဆင္နယ္ကို တိုက္တြန္းမႈလုပ္ခဲ့ပါတယ္။
အာဆင္နယ္အေနနဲ႔ အရင္က သူတို႔ရဲ႕ ထိပ္တန္း အဆင့္အတန္းကို ျပန္လည္ေရာက္ရွိဖို႔ အခ်ိန္ယူရႏိုင္တာျဖစ္သလို ပရီးမီးယားလိဂ္ ဖလား စိန္ေခၚႏိုင္ဖို႔အတြက္ အေျပာင္းအေ႐ႊ႕ ရာသီမ်ားစြာ လိုအပ္လိမ့္မယ္လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။
အိုေဇးဟာ အာဆင္နယ္ရဲ႕ အပယ္ခံျဖစ္ေနၿပီး အနာဂတ္အဆုံးသတ္ဖို႔ နီးစပ္လာေပမယ့္ သူပိုင္ဆိုင္တဲ့ အရည္အေသြးေတြေၾကာင့္ အာဆင္နယ္ အသင္းမွာ ပါဝင္ခြင့္ရဖို႔ ထိုက္တန္ေနဆဲျဖစ္ေၾကာင္း ဖရက္ဒီ ယြန္းဘတ္က ေထာက္ခံေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ tier 2 ထဲ ပါဝင္တာေၾကာင့္ ဒီဇင္ဘာလထဲမွာ ပရိသတ္ ၂၀၀၀ ဝင္ခြင့္ေပးႏိုင္မွာ ျဖစ္သလို အသင္းရဲ႕ အဓိက အလုပ္သမားေတြနဲ႔ ကိုဗစ္ကာလအတြင္း ႐ုန္းကန္ခဲ့ရတဲ့ ပရိသတ္ေတြအတြက္ လက္မွတ္ေတြ မွ်ေဝေပးသြားဖို႔ စီစဥ္ေနပါတယ္။
အာဆင္နယ္ဟာ ေႏြရာသီအတြင္း ကြင္းလယ္လူ အာဝါကို ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ သူ႔ရဲ႕တန္ေၾကး ေပါင္၄၅သန္းကို ေပးဖို႔ တြန္႔ဆုတ္ ေနခဲ့ၿပီး သူ႔အစား ေသာမတ္စ္ပါေတးကို ေခၚယူခဲ့တာေၾကာင့္ အာဝါတစ္ေယာက္ စိတ္ပ်က္ေနခဲ့တယ္လို႔ ဆိုပါတယ္။
အာဆင္နယ္ လူငယ္ကစားသမား ဇက္ ဆြမ္ဆန္ဟာ မတ္စ္ရစ္ခ္်မွာ အငွားကစားေနေပမယ့္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရတာနဲ႔အတူ အာဆင္နယ္က အငွားစာခ်ဳပ္ကို ဖ်က္သိမ္းၿပီး ဇန္နဝါရီမွာ အဂၤလန္ကို ျပန္ေခၚဖို႔ ျပင္ဆင္ေနပါတယ္။