မားကို့စ် ရိုဂျိုဟာ ဒီရာသီ ယူနိုက်တက်အတွက် တစ်ပွဲမှ မကစားရသေးပဲ အပယ်ခံ ကစားသမားဖြစ်နေပြီး အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်နေသလို ရှက်ဖီးယူနိုက်တက်က ဇန်နဝါရီမှာ အငှားခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
အင်္ဂလန်မှာ ကလေးတွေအတွက် အခမဲ့ နေ့လည်စာ ကျွေးဖို့ အစီအစဉ်ကို ဦးဆောင် လှုံ့ဆော်ခဲ့တဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ် ကို ဂန္တဝင်နည်းပြကြီး ဖာဂူဆန်က ချီးကျူး ဂုဏ်ယူစကား ဆိုခဲ့ပြီး ရက်ဖို့ဒ်ဟာ အားလုံးကို ဦးဆောင် လမ်းပြခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ အာဂျင်တီးနားကလပ် Velez Sarsfield အသင်းမှ အသက် ၁၉ နှစ် အရွယ် တောင်ပံ တိုက်စစ် သမားလေး သီယေဂို အယ်မန်ဒါကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ပြီးခဲ့တဲ့နွေကလည်း ချဉ်းကပ်ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၎င်းကို ခေါ်ဖို့ မန်စီးတီးကလည်း စိတ်ဝင်စားနေပါတယ်။
ဒဏ်ရာနေတဲ့ ဖီးဂျုံးစ်ဟာ ခရစ္စမတ်လောက်မှာ ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ ဆိုးလ်ရှားက သတင်းပေးခဲ့ပေမယ့် ၎င်းဟာ ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ် လူစာရင်းမှာ မပါဝင်ခဲ့တာကြောင့် နောက်နှစ်မှသာ ပြန်ကစားရဖို့ ရှိနေပါတယ်။
လူငယ် ကစားသမားတွေကို နည်းပြ ဆိုးရှား ပေးခဲ့တဲ့ အကြံဉာဏ်တွေထဲမှာ ” သွား ပြုံးပြုံးလေးသာ သွားကစားကြစမ်းပါ ” ဆိုတဲ့ စကားကို အနှစ်သက်ဆုံး ဖြစ်ကြောင်း ဂရင်းဝုဒ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဂရင်းဝုဒ်ကပဲ မန်ချက်စတာ ယူနိုက်တက်မှာ သူ အတုယူ အားကျရ စိတ်ဓာတ်ခွန်းအား ရစေတဲ့ ကစားသမားကတော့ ရက်ဖို့ဒ် ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
Zawgyi – မားကို႔စ္ ႐ိုဂ်ိဳဟာ ဒီရာသီ ယူႏိုက္တက္အတြက္ တစ္ပြဲမွ မကစားရေသးပဲ အပယ္ခံ ကစားသမားျဖစ္ေနၿပီး အသင္းကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္ေနသလို ရွက္ဖီးယူႏိုက္တက္က ဇန္နဝါရီမွာ အငွားေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။
အဂၤလန္မွာ ကေလးေတြအတြက္ အခမဲ့ ေန႔လည္စာ ေကၽြးဖို႔ အစီအစဥ္ကို ဦးေဆာင္ လွံဳ႕ေဆာ္ခဲ့တဲ့ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ ကို ဂႏၱ၀င္နည္းျပၾကီး ဖာဂူဆန္က ခ်ီးက်ဴး ဂုဏ္ယူစကား ဆိုခဲ့ျပီး ရက္ဖို႔ဒ္ဟာ အားလံုးကို ဦးေဆာင္ လမ္းျပခဲ့တယ္လို႔ ဆိုလိုက္ပါတယ္။
ယူနိုက္တက္ဟာ အာဂ်င္တီးနားကလပ္ Velez Sarsfield အသင္းမွ အသက္ ၁၉ နွစ္ အရြယ္ ေတာင္ပံ တုိက္စစ္ သမားေလး သီေယဂို အယ္မန္ဒါကို ေခၚယူဖို႔ ပစ္မွတ္ထားေနျပီး ျပီးခဲ့တဲ့ေႏြကလည္း ခ်ဥ္းကပ္ဖူးေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ၄င္းကို ေခၚဖို႔ မန္စီးတီးကလည္း စိတ္၀င္စားေနပါတယ္။
ဒဏ္ရာေနတဲ့ ဖီးဂ်ဳံးစ္ဟာ ခရစၥမတ္ေလာက္မွာ ျပန္လည္ေကာင္းမြန္လာႏိုင္တယ္လို႔ ဆိုးလ္ရွားက သတင္းေပးခဲ့ေပမယ့္ ၎ဟာ ယူႏိုက္တက္ရဲ႕ပရီးမီးယားလိဂ္ လူစာရင္းမွာ မပါဝင္ခဲ့တာေၾကာင့္ ေနာက္ႏွစ္မွသာ ျပန္ကစားရဖို႔ ရွိေနပါတယ္။
လူငယ္ ကစားသမားေတြကို နည္းျပ ဆိုးရွား ေပးခဲ့တဲ့ အၾကံဥာဏ္ေတြထဲမွာ ” သြား ျပံဳးျပံဳးေလးသာ သြားကစားၾကစမ္းပါ ” ဆိုတဲ့ စကားကို အနွစ္သက္ဆံုး ျဖစ္ေၾကာင္း ဂရင္း၀ုဒ္က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
ဂရင္း၀ုဒ္ကပဲ မန္ခ်က္စတာ ယူနုိက္တက္မွာ သူ အတုယူ အားက်ရ စိတ္ဓာတ္ခြန္းအား ရေစတဲ့ ကစားသမားကေတာ့ ရက္ဖို႔ဒ္ ျဖစ္တယ္လို႔လည္း ဆိုခဲ့ပါတယ္။