ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (22/05/20)

ယူနိုက်တက်ထံ ပြောင်းရွှေ့လာချင်နေတဲ့ ဒေါ့မွန် တိုက်စစ်သမား ဆန်ချိုကို အသင်းဖော် အမ်မရေချန် က ဘာကြောင့် ပြောင်းရွှေ့ချင်သလဲ နားမလည်နိုင်ကြောင်းနဲ့ ဒေါ့မွန်မှာ ဆက်နေဖို့ စည်းရုံးသွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘာမင်ဂမ် ကွင်းလယ် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ယူနိုက်တက်က ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်လည်း ပုံမှန် ပွဲကစားချိန် ရရှိဖို့ လက်ရှိ ကလပ်မှာပဲ အငှား ဆက်လက် ချထားသင့်ကြောင်း ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

လတ်တလောနှစ်များမှာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု စီမံမှုများ လိုအပ်ချက် ရှိနေတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းများထက် နောက်ကျ ကျန်နေရစ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ရဲ့ အသင်းဖော်ဟောင်း စပို့တင်းလစ္စဘွန်း ဘယ်စွန် ခံစစ်သမား နူနို မန်ဒက်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အေးဂျင့်နဲ့လည်း အဆက်အသွယ် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

နာမည်ကျော် ကြယ်ပွင့် မေဆန် ဂရင်းဝုဒ် အပြင် ယူနိုက်တက် အကယ်ဒမီကနေ တောက်ပလာမယ့် ကြယ်ပွင့် ကစားသမားတွေ အဖြစ် ဒီရွှန်ဘားနက်၊ ရာမက်ဇာနီ၊ ဂျိမ်းစ် ဂါနာတို့အား ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရဘူးဆိုရင် ဥရောပ အဆင့်မြင့်ဆုံး ပြိုင်ပွဲကို နှစ်ရာသီဆက် လွဲချော်မှာဖြစ်ပြီး ဘဏ္ဍာရေး အရလည်း ပေါင် ၇၅ သန်းလောက်ထိ နစ်နာဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေက ယူနိုက်တက် ပေါင် သန်း ၈၀ နဲ့ ခေါ်ယူခဲ့တဲ့ ခံစစ်မှူး မက်ဂွဲရားကို စပါးနည်းပြဟောင်း ပိုချက်တီနိုကလည်း ခေါ်ယူချင်ခဲ့ကြောင်း ဒန်နီရို့စ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ထံ ေျပာင္းေရႊ႕လာခ်င္ေနတဲ့ ေဒါ့မြန္ တိုက္စစ္သမား ဆန္ခ်ိဳကို အသင္းေဖာ္ အမ္မေရခ်န္ က ဘာေၾကာင့္ ေျပာင္းေရႊ႕ခ်င္သလဲ နားမလည္နိုင္ေၾကာင္းနဲ႕ ေဒါ့မြန္မွာ ဆက္ေနဖို႔ စည္းရုံးသြားမယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ဘာမင္ဂမ္ ကြင္းလယ္ လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟမ္ကို ယူနိုက္တက္က ေခၚယူနိုင္ခဲ့မယ္ ဆိုရင္လည္း ပံုမွန္ ပြဲကစားခ်ိန္ ရရွိဖို႔ လက္ရွိ ကလပ္မွာပဲ အငွား ဆက္လက္ ခ်ထားသင့္ေၾကာင္း ဖရန္စစ္က တိုက္တြန္းလိုက္ပါတယ္။

လတ္တေလာနွစ္မ်ားမွာ ယူနိုက္တက္ရဲ႕ အေျပာင္းအေရႊ႕ လႈပ္ရွားမႈ စီမံမႈမ်ား လိုအပ္ခ်က္ ရွိေနတာေၾကာင့္ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ အသင္းမ်ားထက္ ေနာက္က် က်န္ေနရစ္ေနတယ္လို႔ ေ၀ဖန္မႈေတြ ရွိေနပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ရဲ႕ အသင္းေဖာ္ေဟာင္း စပို႔တင္းလစၥဘြန္း ဘယ္စြန္ ခံစစ္သမား နူနို မန္ဒက္စ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနျပီး ေအးဂ်င့္နဲ႕လည္း အဆက္အသြယ္ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

နာမည္ေက်ာ္ ၾကယ္ပြင့္ ေမဆန္ ဂရင္း၀ုဒ္ အျပင္ ယူနိုက္တက္ အကယ္ဒမီကေန ေတာက္ပလာမယ့္ ၾကယ္ပြင့္ ကစားသမားေတြ အျဖစ္ ဒီ႐ႊန္ဘားနက္၊ ရာမက္ဇာနီ၊ ဂ်ိမ္းစ္ ဂါနာတို႔အား ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

ယူႏုိက္တက္ဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရဘူးဆိုရင္ ဥေရာပ အဆင့္ျမင့္ဆံုး ျပိဳင္ပြဲကို ႏွစ္ရာသီဆက္ လြဲေခ်ာ္မွာျဖစ္ျပီး ဘ႑ာေရး အရလည္း ေပါင္ ၇၅ သန္းေလာက္ထိ နစ္နာဖြယ္ ရွိေနပါတယ္။

ျပီးခဲ့တဲ့ေႏြက ယူနိုက္တက္ ေပါင္ သန္း ၈၀ နဲ႕ ေခၚယူခဲ့တဲ့ ခံစစ္မွဴး မက္ဂြဲရားကို စပါးနည္းျပေဟာင္း ပိုခ်က္တီနိုကလည္း ေခၚယူခ်င္ခဲ့ေၾကာင္း ဒန္နီရို႔စ္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။