အာဆင်နယ်ဟာ ဒီနေ့မှာ ဝုလ်ဗ်နဲ့ကစားရမှာဖြစ်ရာ ကွင်းလယ်မှာ အယ်နီနီက ပြန်လည်ပါဝင်လာနိုင် ပေမယ့် ပါတေးကတော့ ကစားဖို့ အဆင်သင့် မဖြစ်သေးသလို အသင်းနဲ့ လေ့ကျင်ရေး ပြန်ဆင်းခဲ့တဲ့ ဆာကာက ကစားနိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည်ရဦးမှာပါ။
အာဆင်နယ်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ အူဘာမီးယန်းရဲ့ ပင်နယ်တီ တစ်ဂိုးသာ ရှိခဲ့ပြီး ကစားကွက် ကနေ ဂိုး သွင်းယူနိုင်ခြင်း မရှိသေးတာကြောင့် အသင်းမှာ တစ်ခုခုတော့ ပျောက်ဆုံးနေတယ်လို့ အာတီတာက ဝန်ခံခဲ့ပါတယ်။
ပီပီဟာ ယူရိုပါလိဂ်မှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် လိုင်လီမှာတုန်းကလို အကောင်းဆုံး ပုံစံတွေ မပြသနိုင်သေးတာဖြစ်သလို အာဆင်နယ်ဟာ သူ့ကို သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီ ဖြစ်ပြီး သင့်တော်တဲ့ကမ်းလှမ်းရရင် ရောင်းထုတ်ဖို့အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။
ဒန်နီ ဆီဘယ်လော့ဟာ လုံလောက်တဲ့ ဖန်တီးမှုတွေ မလုပ်နိုင်တဲ့အပြင် killer pass တွေပေးပြီး ကစားနိုင်သူလဲ မဟုတ်ဘူးလို့ ပေါလ်မာဆွန်က ဆိုလိုက်ပြီး သူ့ကို ဘောလုံးပေးရင် ပေးတဲ့လူဆီ ပြန်ပေးတတ်တဲ့ အမြင်မရှိသူဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
နီးကိုလပ်ပီပီဟာ အာဆင်နယ်မှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းမှုအတွက် ဝေဖန်မှုတွေကြောင့် ဖိအားတွေခံနေရပေမယ့် ၎င်းကို အချိန်ပေးရင် ပိုကောင်းတဲ့ ကစားသမားအဖြစ် သက်သေပြလိမ့်မယ်လို့ ယွန်းဘတ်က ထောက်ခံပြောဆိုခဲ့ပါတယ်။
အမ်းမရိတ်စ်ကွင်းထဲကို ပရိသတ်တွေ ပြန်ရောက်လာမှာနဲ့ ပတ်သက်လို့ အာတီတာက မစောင့်နိုင်တော့အောင် စိတ်လှုပ်ရှားနေပြီး သူတို့ရဲ့ အားပေးမှုက ကစားသမားတွေ အတွက် မရပ်တန့်နိုင်တဲ့ အင်အားတွေ ပေးစွမ်းနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ ပီပီကို ရောင်းထုတ်ချင်နေပေမယ့် အိုဇေးတုန်းကလို လစာအမြင့်ဆုံး ပေးပြီး ဒီတိုင်းအလှကြည့်နေခဲ့ရကာ အလွတ် ထွက်ခွာခွင့် ပေးရတော့မယ့် အမှားမျိုး ထပ်မဖြစ်အောင် သင့်တော်တဲ့ ဈေးရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဆီးဘယ်လော့ဟာ အာဆင်နယ်မှာ ဒေးဗစ်လူးဝစ်နဲ့ ပြဿနာဖြစ်ခဲ့တဲ့နောက် ၂၀၂၁ မှာ ရီးရဲလ်မက်ဒရစ်ကို ပြန်သွားချင်တယ်လို့ ဖွင့်ဟခဲ့ပြီး ဘာနေဗျူးက ကစားသမားတိုင်းရဲ့ အိမ်မက်ဖြစ်တယ်ဆိုတာ သေချာသိချင်ရင် အိုဇေးကို မေးလို့ရတယ်လို့ ဆိုပါတယ်။
Zawgyi – အာဆင္နယ္ဟာ ဒီေန႔မွာ ဝုလ္ဗ္နဲ႔ကစားရမွာျဖစ္ရာ ကြင္းလယ္မွာ အယ္နီနီက ျပန္လည္ပါဝင္လာႏိုင္ ေပမယ့္ ပါေတးကေတာ့ ကစားဖို႔ အဆင္သင့္ မျဖစ္ေသးသလို အသင္းနဲ႔ ေလ့က်င္ေရး ျပန္ဆင္းခဲ့တဲ့ ဆာကာက ကစားႏိုင္ပါ့မလား ဆိုတာကိုေတာ့ ေစာင့္ၾကည္ရဦးမွာပါ။
အာဆင္နယ္ဟာ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၅ ပြဲမွာ အူဘာမီးယန္းရဲ႕ ပင္နယ္တီ တစ္ဂိုးသာ ရွိခဲ့ၿပီး ကစားကြက္ ကေန ဂိုး သြင္းယူႏိုင္ျခင္း မရွိေသးတာေၾကာင့္ အသင္းမွာ တစ္ခုခုေတာ့ ေပ်ာက္ဆုံးေနတယ္လို႔ အာတီတာက ဝန္ခံခဲ့ပါတယ္။
ပီပီဟာ ယူ႐ိုပါလိဂ္မွာ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လိုင္လီမွာတုန္းကလို အေကာင္းဆုံး ပုံစံေတြ မျပသႏိုင္ေသးတာျဖစ္သလို အာဆင္နယ္ဟာ သူ႔ကို သည္းခံႏိုင္စြမ္း ကုန္ဆုံးေနၿပီ ျဖစ္ၿပီး သင့္ေတာ္တဲ့ကမ္းလွမ္းရရင္ ေရာင္းထုတ္ဖို႔အဆင္သင့္ျဖစ္ေနၿပီလို႔သိရပါတယ္။
ဒန္နီ ဆီဘယ္ေလာ့ဟာ လုံေလာက္တဲ့ ဖန္တီးမႈေတြ မလုပ္ႏိုင္တဲ့အျပင္ killer pass ေတြေပးၿပီး ကစားႏိုင္သူလဲ မဟုတ္ဘူးလို႔ ေပါလ္မာဆြန္က ဆိုလိုက္ၿပီး သူ႔ကို ေဘာလုံးေပးရင္ ေပးတဲ့လူဆီ ျပန္ေပးတတ္တဲ့ အျမင္မရွိသူျဖစ္တယ္လို႔ ေဝဖန္ခဲ့ပါတယ္။
နီးကိုလပ္ပီပီဟာ အာဆင္နယ္မွာ ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းမႈအတြက္ ေဝဖန္မႈေတြေၾကာင့္ ဖိအားေတြခံေနရေပမယ့္ ၎ကို အခ်ိန္ေပးရင္ ပိုေကာင္းတဲ့ ကစားသမားအျဖစ္ သက္ေသျပလိမ့္မယ္လို႔ ယြန္းဘတ္က ေထာက္ခံေျပာဆိုခဲ့ပါတယ္။
အမ္းမရိတ္စ္ကြင္းထဲကို ပရိသတ္ေတြ ျပန္ေရာက္လာမွာနဲ႔ ပတ္သက္လို႔ အာတီတာက မေစာင့္ႏိုင္ေတာ့ေအာင္ စိတ္လႈပ္ရွားေနၿပီး သူတို႔ရဲ႕ အားေပးမႈက ကစားသမားေတြ အတြက္ မရပ္တန႔္ႏိုင္တဲ့ အင္အားေတြ ေပးစြမ္းႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ ပီပီကို ေရာင္းထုတ္ခ်င္ေနေပမယ့္ အိုေဇးတုန္းကလို လစာအျမင့္ဆုံး ေပးၿပီး ဒီတိုင္းအလွၾကည့္ေနခဲ့ရကာ အလြတ္ ထြက္ခြာခြင့္ ေပးရေတာ့မယ့္ အမွားမ်ိဳး ထပ္မျဖစ္ေအာင္ သင့္ေတာ္တဲ့ ေဈးရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
ဆီးဘယ္ေလာ့ဟာ အာဆင္နယ္မွာ ေဒးဗစ္လူး၀စ္နဲ႕ ျပႆနာျဖစ္ခဲ့တဲ့ေနာက္ ၂၀၂၁ မွာ ရီးရဲလ္မက္ဒရစ္ကို ျပန္သြားခ်င္တယ္လို႔ ဖြင့္ဟခဲ့ၿပီး ဘာေနဗ်ဴးက ကစားသမားတိုင္းရဲ႕ အိမ္မက္ျဖစ္တယ္ဆိုတာ ေသခ်ာသိခ်င္ရင္ အိုေဇးကို ေမးလို႔ရတယ္လို႔ ဆိုပါတယ္။