ယနေ့ညနေပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (29/11/20)

ယူနိုက်တက်နဲ့ အနာဂတ်က မေးခွန်းထုတ်စရာဖြစ်နေပေမယ့် ကလပ်အသင်းဟာ လမ်းကြောင်းမှန် ပေါ် ရောက်ရှိနေပြီလို့ ဆိုးလ်ရှားက ယုံကြည်နေပြီး သူ့ရာထူး ကိစ္စထက် အသင်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ကိုသာ အာရုံ စိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

အသင်းခေါင်းဆောင် မက်ဂွဲရားဟာ ဒီတလော သီတင်းပတ်တွေ အတွင်းမှာ တိုးတက်မှုတွေ ပြသထားခဲ့ပြီလို့ ယုံကြည်ကြောင်းလည်း နည်းပြ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်နဲ့ ဘောလုံးကျွမ်းကျင်မှုတွေက သူ့ကို အထင်းကြီးစေခဲ့ပြီး ထရိန်နင်မှာ ရက်ဖို့ဒ်ရဲ့ လှုပ်ရှားမှုကို မြင်စမှာ အံ့အားသင့်ခဲ့ရကြောင်း ဒီကလန်ရိုက်စ် က ဖွင့်ဟခဲ့ပါတယ်။

အိန်ဂျယ်ဂိုမက်စ်ဟာ ယူနိုက်တက်နဲ့ စာချုပ် ၁နှစ်ခွဲအတွင်း စီနီယာ ၁၀ ပွဲသာ ကစားခဲ့ရသလို သက်တမ်းကုန်တဲ့ ဩဂုတ်လမှာ လိုင်လီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ သွားရောက်ခဲ့တာက ပွဲ ကစားရင်း ပျော်ရွှင်မှုတွေ ပြန်ရှာဖွေဖို့ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီည ဆောက်သမ်တန်နဲ့ ပွဲမှာ ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြိမ် အဖြစ် ၎င်းတို့ရဲ့ ဒီရာသီ အဝေးကွင်း ဝတ်စုံ အနက်ရောင် ဂျာစီကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ယူနိုက်တက်မှာ မစ္စတာ ဒေါသအိုး တစ်ယောက် ဘရူနို ဖာနန်ဒက်စ် ဖြစ်နေတဲ့ အပေါ် ကျေနပ် နှစ်သက်မိကြောင်း ဆိုးရှားက ဆိုလိုက်ပြီး အသင်းဖော်တွေ အတွက်ပါ တွန်းအား တစ်ရပ် ဖြစ်စေမယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

Zawgyi – ယူနိုက္တက္နဲ႕ အနာဂတ္က ေမးခြန္းထုတ္စရာျဖစ္ေနေပမယ့္ ကလပ္အသင္းဟာ လမ္းေၾကာင္းမွန္ ေပၚ ေရာက္ရွိေနၿပီလို႔ ဆိုးလ္ရွားက ယုံၾကည္ေနျပီး သူ႔ရာထူး ကိစၥထက္ အသင္းရဲ႕ ရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို႔ကိုသာ အာ႐ုံ စိုက္ထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ဒီတေလာ သီတင္းပတ္ေတြ အတြင္းမွာ တိုးတက္မႈေတြ ျပသထားခဲ့ျပီလို႔ ယံုၾကည္ေၾကာင္းလည္း နည္းျပ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႕ဒ္ရဲ႕ စြမ္းေဆာင္ရည္နဲ႕ ေဘာလံုးကၽြမ္းက်င္မႈေတြက သူ႔ကို အထင္းၾကီးေစခဲ့ျပီး ထရိန္နင္မွာ ရက္ဖို႔ဒ္ရဲ႕ လႈပ္ရွားမႈကို ျမင္စမွာ အံ့အားသင့္ခဲ့ရေၾကာင္း ဒီကလန္ရိုက္စ္ က ဖြင့္ဟခဲ့ပါတယ္။

အိန္ဂ်ယ္ဂိုမက္စ္ဟာ ယူႏိုက္တက္နဲ႔ စာခ်ဳပ္ ၁ႏွစ္ခြဲအတြင္း စီနီယာ ၁၀ ပြဲသာ ကစားခဲ့ရသလို သက္တမ္းကုန္တဲ့ ဩဂုတ္လမွာ လိုင္လီထံ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ သြားေရာက္ခဲ့တာက ပြဲ ကစားရင္း ေပ်ာ္႐ႊင္မႈေတြ ျပန္ရွာေဖြဖို႔ ျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီည ေဆာက္သမ္တန္နဲ႕ ပြဲမွာ ပရီးမီးယားလိဂ္မွာ ပထမဆံုး အၾကိမ္ အျဖစ္ ၄င္းတို႔ရဲ႕ ဒီရာသီ အေ၀းကြင္း ၀တ္စံု အနက္ေရာင္ ဂ်ာစီကို ၀တ္ဆင္သြားမွာ ျဖစ္ပါတယ္။

ယူနိုက္တက္မွာ မစၥတာ ေဒါသအိုး တစ္ေယာက္ ဘရူနို ဖာနန္ဒက္စ္ ျဖစ္ေနတဲ့ အေပၚ ေက်နပ္ နွစ္သက္မိေၾကာင္း ဆိုးရွားက ဆိုလိုက္ျပီး အသင္းေဖာ္ေတြ အတြက္ပါ တြန္းအား တစ္ရပ္ ျဖစ္ေစမယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။