ယူနိုက်တက်ဟာ ပွဲတိုင်းမှာ ကစားပုံ ရုန်းကန်နေရပေမယ့်လဲ ဆောက်သမ်တမ်ကို ၂-၀ နဲ့ ဦးဆောင်ခွင့် ပေးထားရာကနေ ၃-၂ နဲ့ ပြန်လည်အနိုင်ရရှိခဲ့တဲ့နောက် ပရီးမီးယားလိဂ် သမိုင်းမှာ အဝေးကွင်း ၄ပွဲ ဆက်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် နစ္စတယ်ရွိုင်း၊ ဗန်ပါစီ၊ ဇလာတန် အီဗရာဟီမီုဗစ်ခ်ျတို့နောက်ပိုင်း ပရီးမီးယားလိဂ် ၅ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် ယူနိုက်တက် ကစားသမား ဖြစ်လာခဲ့ပါတယ်။
ကာဗာနီဟာ ဆောက်သမ်တန်နဲ့ပွဲမှာ နောက်ကျဂိုး ၂ ဂိုး သွင်းယူပေးခဲ့တဲ့နောက် အင်စတာဂရမ်မှာ ‘Gracias n******’ ဆိုပြီး လူမျိုးရေးခွဲခြားတဲ့စကားလုံးနဲ့ ပို့စ်တင်ခဲ့တဲ့အတွက် FA က စုံစမ်းစစ်ဆေးပြီးရင် ၃ပွဲပယ်ပြစ်ဒဏ်ခံနိုင်ဖွယ်ရှိပါတယ်။
ပေါ့ဘာဟာ နိုင်ငံတာကာသီတင်းပတ်အပြီး ၃ ပွဲမြောက်အဖြစ် ဆောက်သမ်တန်နဲ့ ပွဲကိုလဲ လွဲချော်ခဲ့ပေမယ့် အိမ်ကနေ ယူနိုက်တက်ပွဲကို ကြည့်နေခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်ကနေ အနိုင်ဂိုးသွင်းရှင် ကာဗာနီကို ချီးကျူးပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၃-၂ နဲ့ ပြန်လာနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ၎င်းတို့ရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကို ရွိုင်ကိန်းက ဝေဖန်ခဲ့ပြီး အထူးသဖြင့် ဖရီးကစ် အခွင့်အရေးကို လက်လွှတ်ခဲ့တဲ့ ဖရက်ကိုလဲ ပျင်းရိ ပေါ့တန်သူအဖြစ် အပြစ်တင်ပြောဆိုခဲ့ပါတယ်။
ကာဗာနီဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပြီးကတည်းက အသင်းကို ချက်ချင်း အကျိုးပြုခဲ့ပြီး သွင်းဂိုး ၂ ဂိုးနဲ့ ဖန်တီးမှု ၁ ကြိမ် လုပ်နိုင်ခဲ့သလို သူ့ရဲ့ Super-sub စွမ်းဆောင်ရည်ဟာ အန်ဒီကိုလ်းကို သတိရစေတယ်လို့ ဆိုးလ်ရှားက ချီးကျူးခဲ့ပါတယ်။
ဗန်ဒီဘိခ်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ သူ့ရဲ့ ပထမဆုံးလိဂ် ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် ပထမပိုင်းမှာ ဝပ်ပရောက်စ်ရဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုကိုခံခဲ့ရပြီး ပွဲချိန်ပြည့် ကစားနိုင်ခဲ့ပေမယ့် ခြေကျင်းဝတ် ဒဏ်ရာ စိုးရိမ်စရာ ရှိနေပါတယ်။
Zawgyi – ယူႏိုက္တက္ဟာ ပြဲတိုင္းမွာ ကစားပံု ႐ုန္းကန္ေနရေပမယ့္လဲ ေဆာက္သမ္တမ္ကို ၂-၀ နဲ႔ ဦးေဆာင္ခြင့္ ေပးထားရာကေန ၃-၂ နဲ႔ ျပန္လည္အႏိုင္ရရွိခဲ့တဲ့ေနာက္ ပရီးမီးယားလိဂ္ သမိုင္းမွာ အေဝးကြင္း ၄ပြဲ ဆက္ႏိုင္တဲ့ ပထမဆုံးအသင္း ျဖစ္လာခဲ့ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ေနာက္ နစၥတယ္႐ြိဳင္း၊ ဗန္ပါစီ၊ ဇလာတန္ အီဗရာဟီမီုဗစ္ခ္်တို႔ေနာက္ပိုင္း ပရီးမီးယားလိဂ္ ၅ ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့ စတုတၳေျမာက္ ယူႏိုက္တက္ ကစားသမား ျဖစ္လာခဲ့ပါတယ္။
ကာဗာနီဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ ေနာက္က်ဂိုး ၂ ဂိုး သြင္းယူေပးခဲ့တဲ့ေနာက္ အင္စတာဂရမ္မွာ ‘Gracias n******’ ဆိုၿပီး လူမ်ိဳးေရးခြဲျခားတဲ့စကားလုံးနဲ႔ ပို႔စ္တင္ခဲ့တဲ့အတြက္ FA က စုံစမ္းစစ္ေဆးၿပီးရင္ ၃ပြဲပယ္ျပစ္ဒဏ္ခံႏိုင္ဖြယ္ရွိပါတယ္။
ေပါ့ဘာဟာ ႏိုင္ငံတာကာသီတင္းပတ္အၿပီး ၃ ပြဲေျမာက္အျဖစ္ ေဆာက္သမ္တန္နဲ႔ ပြဲကိုလဲ လြဲေခ်ာ္ခဲ့ေပမယ့္ အိမ္ကေန ယူႏိုက္တက္ပြဲကို ၾကည့္ေနခဲ့တာျဖစ္ၿပီး ဆိုရွယ္မီဒီယာေပၚကေန အႏိုင္ဂိုးသြင္းရွင္ ကာဗာနီကို ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ၃-၂ နဲ႔ ျပန္လာႏိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာ ၎တို႔ရဲ႕ ဆိုး႐ြားတဲ့ ေျခစြမ္းကို ႐ြိဳင္ကိန္းက ေဝဖန္ခဲ့ၿပီး အထူးသျဖင့္ ဖရီးကစ္ အခြင့္အေရးကို လက္လႊတ္ခဲ့တဲ့ ဖရက္ကိုလဲ ပ်င္းရိ ေပါ့တန္သူအျဖစ္ အျပစ္တင္ေျပာဆိုခဲ့ပါတယ္။
ကာဗာနီဟာ ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့ၿပီးကတည္းက အသင္းကို ခ်က္ခ်င္း အက်ိဳးျပဳခဲ့ၿပီး သြင္းဂိုး ၂ ဂိုးနဲ႔ ဖန္တီးမႈ ၁ ႀကိမ္ လုပ္ႏိုင္ခဲ့သလို သူ႔ရဲ႕ Super-sub စြမ္းေဆာင္ရည္ဟာ အန္ဒီကိုလ္းကို သတိရေစတယ္လို႔ ဆိုးလ္ရွားက ခ်ီးက်ဴးခဲ့ပါတယ္။
ဗန္ဒီဘိခ္ဟာ ေဆာက္သမ္တန္နဲ႔ပြဲမွာ သူ႔ရဲ႕ ပထမဆုံးလိဂ္ ပြဲထြက္ခြင့္ရရွိခဲ့ေပမယ့္ ပထမပိုင္းမွာ ဝပ္ပေရာက္စ္ရဲ႕ ျပင္းထန္တဲ့ ျပစ္ဒဏ္က်ဴးလြန္မႈကိုခံခဲ့ရၿပီး ပြဲခ်ိန္ျပည့္ ကစားႏိုင္ခဲ့ေပမယ့္ ေျခက်င္းဝတ္ ဒဏ္ရာ စိုးရိမ္စရာ ရွိေနပါတယ္။