ဝုလ်ဗ်ကို ၂-၁နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အာဆင်နယ်ဟာ ပျော့ညံ့လွန်းတဲ့ စိတ်မချရတဲ့ ကစားသမားတွေကြောင့် အတားအဆီးဖြစ်နေတယ်လို့ ရွိုင်ကိန်းက ဝေဖန်ခဲ့ပြီး စိတ်ဓာတ်ကင်းမဲ့နေတဲ့ပုံစံက စိုးရိမ်စရာ ကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဝုလ်ဗ်နဲ့ပွဲမှာ အူဘာမီးယန်းဟာ ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်ရှိခဲ့ပေမယ့် တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့သလို ၎င်းအနေနဲ့ ဂိုးသွင်းနိုင်ဖို့ ဆက်လက်ရုန်းကန်ခဲ့ရတာဟာ ကလပ်ရဲ့ အကြီးမားဆုံး စိုးရိမ်စရာ ဖြစ်တယ် လို့ အာတီတာက ဆိုပါတယ်။
သောမတ်စ်ပါတေးဟာ ဗီလာနဲ့ပွဲပြီးထဲက ဒဏ်ရာကြောင့် အခုထိ မကစားနိုင်သေးသလို သူက ကွင်းထဲကို ပြန်လာဖို့စိတ်အားထက်သန်နေပေမယ့် ရက်သတ္တပတ် အနည်းငယ်လောက် အနားယူရဦးမှာ ဖြစ်ကြောင်း အာတီတာ သတင်းပေးခဲ့ပါတယ်။
ဒေးဗစ်လူးဝစ်ဟာ ဝုလ်ဗ် တိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်နဲ့ ခေါင်းချင်းထိခိုက်မိပြီးတဲ့နောက် ပတ်တီးစည်းထား တာတောင်မှ သွေးတွေကျနေသေးပေမယ့် သူ့ကို လူစားမလဲပဲ ပထမပိုင်းပြီးတဲ့အထိ ဆက် ကစားစေခဲ့တဲ့အပါ် အလန်ရှီးယားက အာဆင်နယ်ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ဝီလီယံဟာ ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကိုလဲ ရရှိခဲ့ပေမယ့် အာဆင်နယ်က သူ့အပေါ် လေးစားမှုကိုပြသခဲ့ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေအပေါ် ထားရှိတဲ့ ယုံကြည်မှုကြောင့် ဒီကိုပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။
လီနိုဟာ ပုံမှန်အားဖြင့် တောက်ပတဲ့အစိမ်းရောင်ဂျာစီကို ဝတ်ဆင်လေ့ရှိပေမယ့် ဝုလ်ဗ်နဲ့ပွဲမှာတော့ တစ်ဖက်ဂိုးသမား ပက်ထရီစီယိုရဲ့ ဝတ်စုံနဲ့ အတော်လေး ဆင်တူနေတာကြောင့် အာဆင်နယ်ရဲ့ အဝေးကွင်း ဂျာစီကို ပြောင်းလဲ ဝတ်ဆင်ခဲ့ရပါတယ်။
အာဆင်နယ်နဲ့ ပွဲအတွင်း ရာအူးလ်းဂျီမီနက်ဇ်ဟာပြင်းထန်တဲ့ ခေါင်းဒဏ်ရာ ရရှိခဲ့ပေမယ့် ဝုလ်ဗ်ဟာ အကောင်းဆုံးတုံ့ပြန်ခဲ့သလို နှစ် ၄၀ အတွင်း အာဆင်နယ်ကို ပထမဆုံးအကြိမ် အဖြစ် အနိုင် ရခဲ့တဲ့အတွက် နည်းပြ နူနို အက်စ်ပရစ်တိုက ပျော်ရွှင်နေပါတယ်။
အူဘာမီးယန်းဟာ စက်တင်ဘာမှာ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရသလို သူ့အခြေအနေကို ကိုယ်တိုင်စိတ်ပျက်နေပြီး အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီးသား ဖြစ်မယ်လို့ ပေါလ်အင့်စ်က ယုံကြည်နေပါတယ်။
Zawgyi – ဝုလ္ဗ္ကို ၂-၁နဲ႔ ရႈံးနိမ့္ခဲ့တဲ့ေနာက္ အာဆင္နယ္ဟာ ေပ်ာ့ညံ့လြန္းတဲ့ စိတ္မခ်ရတဲ့ ကစားသမားေတြေၾကာင့္ အတားအဆီးျဖစ္ေနတယ္လို႔ ႐ြိဳင္ကိန္းက ေဝဖန္ခဲ့ၿပီး စိတ္ဓာတ္ကင္းမဲ့ေနတဲ့ပုံစံက စိုးရိမ္စရာ ေကာင္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဝုလ္ဗ္နဲ႔ပြဲမွာ အူဘာမီးယန္းဟာ ဂိုးေပါက္ကန္သြင္းမႈ ၅ ႀကိမ္ရွိခဲ့ေပမယ့္ တစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့သလို ၎အေနနဲ႔ ဂိုးသြင္းႏိုင္ဖို႔ ဆက္လက္႐ုန္းကန္ခဲ့ရတာဟာ ကလပ္ရဲ႕ အႀကီးမားဆုံး စိုးရိမ္စရာ ျဖစ္တယ္ လို႔ အာတီတာက ဆိုပါတယ္။
ေသာမတ္စ္ပါေတးဟာ ဗီလာနဲ႔ပြဲၿပီးထဲက ဒဏ္ရာေၾကာင့္ အခုထိ မကစားႏိုင္ေသးသလို သူက ကြင္းထဲကို ျပန္လာဖို႔စိတ္အားထက္သန္ေနေပမယ့္ ရက္သတၱပတ္ အနည္းငယ္ေလာက္ အနားယူရဦးမွာ ျဖစ္ေၾကာင္း အာတီတာ သတင္းေပးခဲ့ပါတယ္။
ေဒးဗစ္လူး၀စ္ဟာ ၀ုလ္ဗ္ တိုက္စစ္မွဴး ရာအူးလ္ဂ်ီမီနက္ဇ္နဲ႔ ေခါင္းခ်င္းထိခိုက္မိၿပီးတဲ့ေနာက္ ပတ္တီးစည္းထား တာေတာင္မွ ေသြးေတြက်ေနေသးေပမယ့္ သူ႔ကို လူစားမလဲပဲ ပထမပိုင္းၿပီးတဲ့အထိ ဆက္ ကစားေစခဲ့တဲ့အပၚ အလန္ရွီးယားက အာဆင္နယ္ကို ျပစ္တင္ေျပာဆိုခဲ့ပါတယ္။
ဝီလီယံဟာ ဘာစီလိုနာရဲ႕ စိတ္ဝင္စားမႈကိုလဲ ရရွိခဲ့ေပမယ့္ အာဆင္နယ္က သူ႔အေပၚ ေလးစားမႈကိုျပသခဲ့ၿပီး သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြအေပၚ ထားရွိတဲ့ ယုံၾကည္မႈေၾကာင့္ ဒီကိုေျပာင္းေ႐ႊ႕ခဲ့တာျဖစ္တယ္လို႔ ဖြင့္ဟ ခဲ့ပါတယ္။
လီႏိုဟာ ပုံမွန္အားျဖင့္ ေတာက္ပတဲ့အစိမ္းေရာင္ဂ်ာစီကို ဝတ္ဆင္ေလ့ရွိေပမယ့္ ဝုလ္ဗ္နဲ႔ပြဲမွာေတာ့ တစ္ဖက္ဂိုးသမား ပက္ထရီစီယိုရဲ႕ ဝတ္စုံနဲ႔ အေတာ္ေလး ဆင္တူေနတာေၾကာင့္ အာဆင္နယ္ရဲ႕ အေဝးကြင္း ဂ်ာစီကို ေျပာင္းလဲ ဝတ္ဆင္ခဲ့ရပါတယ္။
အာဆင္နယ္နဲ႔ ပြဲအတြင္း ရာအူးလ္းဂ်ီမီနက္ဇ္ဟာျပင္းထန္တဲ့ ေခါင္းဒဏ္ရာ ရရွိခဲ့ေပမယ့္ ဝုလ္ဗ္ဟာ အေကာင္းဆုံးတုံ႔ျပန္ခဲ့သလို ႏွစ္ ၄၀ အတြင္း အာဆင္နယ္ကို ပထမဆုံးအႀကိမ္ အျဖစ္ အႏိုင္ ရခဲ့တဲ့အတြက္ နည္းျပ ႏူႏို အက္စ္ပရစ္တိုက ေပ်ာ္႐ႊင္ေနပါတယ္။
အူဘာမီးယန္းဟာ စက္တင္ဘာမွာ ၃ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေျခစြမ္းျပသဖို႔ ႐ုန္းကန္ခဲ့ရသလို သူ႔အေျခအေနကို ကိုယ္တိုင္စိတ္ပ်က္ေနၿပီး အသင္းကေန ထြက္ခြာဖို႔ စဥ္းစားေနၿပီးသား ျဖစ္မယ္လို႔ ေပါလ္အင့္စ္က ယုံၾကည္ေနပါတယ္။