ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (30/11/21)

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲ အိမ်ကွင်းပွဲတွေမှာ ရလဒ် မကောင်းပေမယ့် အဝေးကွင်း လေးပွဲ နိုင်ပွဲ ရထားရာ ထူးဆန်းတဲ့ အချက်အလက်တွေလို့ အသင်းခေါင်းဆောင် မက်ဂွဲရားက ရှုမြင်နေပြီး တိုးတက်အောင် ပြောင်းလဲဖို့ စိတ်အားထက်သန်နေပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီဟာ လူစားဝင် ကစားတော့မယ့် အချိန်မှာ ကွင်းထဲ ချက်ချင်း မဝင်နိုင်ဘဲ ဖိနပ်စီး ကြိုးချည်နေရတာကြောင့် နောက်ကျနေခဲ့တဲ့ အပေါ် ထောက်ပြ ပြောဆိုခံရမှုတွေ ရှိခဲ့ပါတယ်။ နည်းပြ ဆိုးရှားကတော့ သူဟာ အမြဲ ဖိနပ်စီး ဝင်ကစားဖို့ အသင့် ရှိနေတတ်သူ ဖြစ်ပြီး ကာဗာနီကတော့ ပုံစံမတူတဲ့ ကစားသမားမျိုးပေါ့ လို့ ဟာသနှောကာ ဖိအားတွေ လျှော့ချပေးခဲ့ပါတယ်။

မော်ဒန် ဘောလုံးခေတ်မှာ ကျောနံပါတ် ၉ ဝတ် အထောင် တိုက်စစ်မှူးတွေရဲ့ အခန်း ကဏ္ဍ ပျောက်ဆုံ သွားပြီ ဆိုတဲ့ သုံးသပ်ချက်တွေကို ကာဗာနီက နှုတ်ပိတ်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့ မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက သုံးသပ်သွားပါတယ်။

ဆောက်သမ်တန် ကွင်းလယ်လူ ဝပ်ပရောက်စ်ဟာ ဂျန်ဘက်နာရက်ရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပြီး ကိုယ်တိုင်လဲ ဖရီးကစ်ဂိုးသွင်းယူနိုင်ခဲ့သလို သူက ရပ်တန့်လို့ မရတဲ့သူဖြစ်တယ် လို့ ဆိုးလ်ရှားက ချီးကျူးပြောဆို ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဗီလာရီးရဲလ် ခံစစ်မှူး ပါအူးလ် တောရက်စ်ကို အရ ခေါ်ယူဖို့ ကြံရွယ်ထားပြီး ထို အတွက် အသင်း လက်ရှိ ခံစစ်သမားတွေ ဖြစ်တဲ့ လင်ဒီလော့ဖ်၊ ရိုဂျို၊ ဖီးဂျုံးစ်နဲ့ အဲရစ် ဘိုင်လီတို့ကို ရောင်းချသွားရန်ပါ စီစဉ်နေပါတယ်။

ဆောက်သမ်တန်နဲ့ ပွဲမှာ ဒဏ်ရာကိုယ်စီ ရလို့ ဒီဂီယာနဲ့ အဲလက်စ် တဲလက်စ်တို့ လူစားလဲ ခဲ့ရပေမယ့် ကာလရှည် နားရအောင် ပြင်းထန်တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူးလို့ ဆိုးရှားက ယူဆထားပြီး ကြားရက် ချန်ပီယံလိဂ် ပွဲ အမှီ ပြန်ကောင်းလာကြဖို့ မျှော်လင့်နေပါတယ်။

Zawgyi – ယူနိုက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြထဲ အိမ္ကြင္းပြဲေတြမွာ ရလဒ္ မေကာင္းေပမယ့္ အေ၀းကြင္း ေလးပြဲ နုိင္ပြဲ ရထားရာ ထူးဆန္းတဲ့ အခ်က္အလက္ေတြလို႔ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ရႈျမင္ေနျပီး တိုးတက္ေအာင္ ေျပာင္းလဲဖို႔ စိတ္အားထက္သန္ေနပါတယ္။

ယူနိုက္တက္ တိုက္စစ္မွဴး ကာဗာနီဟာ လူစား၀င္ ကစားေတာ့မယ့္ အခ်ိန္မွာ ကြင္းထဲ ခ်က္ခ်င္း မ၀င္နုိင္ဘဲ ဖိနပ္စီး ၾကိဳးခ်ည္ေနရတာေၾကာင့္ ေနာက္က်ေနခဲ့တဲ့ အေပၚ ေထာက္ျပ ေျပာဆိုခံရမႈေတြ ရွိခဲ့ပါတယ္။ နည္းျပ ဆိုးရွားကေတာ့ သူဟာ အျမဲ ဖိနပ္စီး ၀င္ကစားဖို႔ အသင့္ ရွိေနတတ္သူ ျဖစ္ျပီး ကာဗာနီကေတာ့ ပံုစံမတူတဲ့ ကစားသမားမ်ိဳးေပါ့ လို႔ ဟာသေနွာကာ ဖိအားေတြ ေလွ်ာ့ခ်ေပးခဲ့ပါတယ္။

ေမာ္ဒန္ ေဘာလံုးေခတ္မွာ ေက်ာနံပါတ္ ၉ ၀တ္ အေထာင္ တိုက္စစ္မွဴးေတြရဲ႕ အခန္း က႑ ေပ်ာက္ဆံု သြားျပီ ဆိုတဲ့ သံုးသပ္ခ်က္ေတြကို ကာဗာနီက ႏႈတ္ပိတ္ေပးနိုင္ခဲ့ျပီ ျဖစ္တယ္လို႔ မန္ခ်က္စတာ အေျခစိုက္ MEN သတင္းဌာနက သံုးသပ္သြားပါတယ္။

ေဆာက္သမ္တန္ ကြင္းလယ္လူ ဝပ္ပေရာက္စ္ဟာ ဂ်န္ဘက္နာရက္ရဲ႕ ဂိုးကို ဖန္တီးေပးခဲ့ၿပီး ကိုယ္တိုင္လဲ ဖရီးကစ္ဂိုးသြင္းယူႏိုင္ခဲ့သလို သူက ရပ္တန္႔လို႔ မရတဲ့သူျဖစ္တယ္ လို႔ ဆိုးလ္ရွားက ခ်ီးက်ဴးေျပာဆို ခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဗီလာရီးရဲလ္ ခံစစ္မွဴး ပါအူးလ္ ေတာရက္စ္ကို အရ ေခၚယူဖို႔ ၾကံရြယ္ထားျပီး ထို အတြက္ အသင္း လက္ရွိ ခံစစ္သမားေတြ ျဖစ္တဲ့ လင္ဒီေလာ့ဖ္၊ ရိုဂ်ိဳ၊ ဖီးဂ်ံဳးစ္နဲ႕ အဲရစ္ ဘိုင္လီတို႔ကို ေရာင္းခ်သြားရန္ပါ စီစဥ္ေနပါတယ္။

ေဆာက္သမ္တန္နဲ႕ ပြဲမွာ ဒဏ္ရာကုိယ္စီ ရလို႔ ဒီဂီယာနဲ႕ အဲလက္စ္ တဲလက္စ္တို႔ လူစားလဲ ခဲ့ရေပမယ့္ ကာလရွည္ နားရေအာင္ ျပင္းထန္တဲ့ ဒဏ္ရာမ်ိဳး မဟုတ္ဘူးလို႔ ဆုိးရွားက ယူဆထားျပီး ၾကားရက္ ခ်န္ပီယံလိဂ္ ပြဲ အမွီ ျပန္ေကာင္းလာၾကဖို႔ ေမွ်ာ္လင့္ေနပါတယ္။