ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (1/12/20)

ယူနိုက်တက်ဟာ သူတို့သမိုင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် အဝေးကွင်း ၈ ပွဲဆက် နိုင်ပွဲစံချိန်တင်ခဲ့ပေမယ့် အိမ်ကွင်း ၅ ပွဲမှာတော့ တစ်ပွဲသာ အနိုင်ရရှိသေးတာ ဖြစ်သလို အိမ်ကွင်းခြေစွမ်း တိုးတက်ဖို့ လိုသေးတယ်လို့ ဘရူနိုဖာနန်ဒက်စ်က ဆိုပါတယ်။

ကာဗာနီဟာ ယူနိုက်တက်ကို ရောက်ရှိလာစဉ်မှာ များစွာသော ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် အခွင့်အရေးရချိန်မှာ ပွဲကို အဆုံးအဖြတ်ပေးနိုင်သူအဖြစ် သက်သေပြခဲ့သလို ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့အနေနဲ့ သူ့ဆီကနေ သင်ယူလေ့လာသင့်တယ်လို့ ရီယိုဖာဒီနန်က ဆိုပါတယ်။

ဆောက်သမ်တန်နဲ့ပွဲမှာ ဂိုးတိုင်နဲ့ ထိခိုက်မိပြီး ပွဲချိန်ပြည့် မကစားနိုင်ခဲ့တဲ့ ဒီဂီယာက ဒူးအပေါ်နားလေးမှာ ဒဏ်ရာအနည်းငယ်ရခဲ့တာဖြစ်ပြီး ပြင်းထန်မှု မရှိတာကြောင့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်မှာ ပြန်ကစားနိုင်ဖို့ ဆိုးလ်ရှားက မျှော်လင့်နေပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလား တတိယအဆင့်အတွက် မဲခွဲမှုအရ ဝက်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ နောက်ဆုံးအကြိမ် သူတို့နဲ့ တွေ့ခဲ့တဲ့ ၂၀၀၇ တုန်းကတော့ ဆီမီးဖိုင်နယ်မှာ ယူနိုက်တက်က ၄-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်သမိုင်းမှာ ကလပ်အတွက် ၂ ဂိုးသွင်းယူပေးပြီး ၃-၂ နဲ့ နိုင်စေခဲ့တဲ့ တိုက်စစ်မှူး ၃ ယောက်သာရှိခဲ့သလို မနေ့က အလားတူ လုပ်ပြခဲ့တဲ့ ကာဗာနီဟာ အီဗရာဟီမိုဗစ်ခ်ျ၊ လူကာကူတို့နဲ့အတူ ပူးတွဲမှတ်တမ်းဝင်ခဲ့ပါတယ်။

ကာဗာနီဟာ ဆိုးလ်ရှားနောက်ပိုင်း လူစားဝင်ကစားပြီး ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့သလို ဗဟိုတိုက်စစ်မှူးအနေနဲ့ သူ့ရဲ့လှုပ်ရှားမှုက ကမ္ဘာ့အကောင်းဆုံးပဲလို့ မိုက်ကယ်အိုဝင်က ချီးကျူးပြောဆိုခဲ့ပါတယ်။

မာရှယ်ဟာ အဖျားဝေဒနာ မသက်သာတာကြောင့် မနေ့က လေ့ကျင့်ရေးမှာ ၁၁ မိနစ်သာ ကစားနိုင်ခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းကနေ ပြန်သွားခဲ့ရသလို မနက်ဖြန် ယူနိုက်တက်ရဲ့ ပီအက်စ်ဂျီနဲ့ပွဲကို လွဲချော်ရနိုင်ခြေ များနေပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ သူတို႔သမိုင္းမွာ ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ အေဝးကြင္း ၈ ပြဲဆက္ ႏိုင္ပြဲစံခ်ိန္တင္ခဲ့ေပမယ့္ အိမ္ကြင္း ၅ ပြဲမွာေတာ့ တစ္ပြဲသာ အႏိုင္ရရွိေသးတာ ျဖစ္သလို အိမ္ကြင္းေျခစြမ္း တိုးတက္ဖို႔ လိုေသးတယ္လို႔ ဘ႐ူႏိုဖာနန္ဒက္စ္က ဆိုပါတယ္။

ကာဗာနီဟာ ယူႏိုက္တက္ကို ေရာက္ရွိလာစဥ္မွာ မ်ားစြာေသာ ေဝဖန္မႈေတြ ခံခဲ့ရေပမယ့္ အခြင့္အေရးရခ်ိန္မွာ ပြဲကို အဆုံးအျဖတ္ေပးႏိုင္သူအျဖစ္ သက္ေသျပခဲ့သလို ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္တို႔အေနနဲ႔ သူ႔ဆီကေန သင္ယူေလ့လာသင့္တယ္လို႔ ရီယိုဖာဒီနန္က ဆိုပါတယ္။

ေဆာက္သမ္တန္နဲ႔ပြဲမွာ ဂိုးတိုင္နဲ႔ ထိခိုက္မိၿပီး ပြဲခ်ိန္ျပည့္ မကစားႏိုင္ခဲ့တဲ့ ဒီဂီယာက ဒူးအေပၚနားေလးမွာ ဒဏ္ရာအနည္းငယ္ရခဲ့တာျဖစ္ၿပီး ျပင္းထန္မႈ မရွိတာေၾကာင့္ ဗုဒၶဟူးေန႔ ခ်န္ပီယံလိဂ္မွာ ျပန္ကစားႏိုင္ဖို႔ ဆိုးလ္ရွားက ေမွ်ာ္လင့္ေနပါတယ္။

ယူႏိုက္တက္ဟာ အက္ဖ္ေအဖလား တတိယအဆင့္အတြက္ မဲခြဲမႈအရ ဝက္ဖို႔ဒ္နဲ႔ ကစားရမွာ ျဖစ္ၿပီး ဒီၿပိဳင္ပြဲမွာ ေနာက္ဆုံးအႀကိမ္ သူတို႔နဲ႔ ေတြ႕ခဲ့တဲ့ ၂၀၀၇ တုန္းကေတာ့ ဆီမီးဖိုင္နယ္မွာ ယူႏိုက္တက္က ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္သမိုင္းမွာ ကလပ္အတြက္ ၂ ဂိုးသြင္းယူေပးၿပီး ၃-၂ နဲ႔ ႏိုင္ေစခဲ့တဲ့ တိုက္စစ္မႉး ၃ ေယာက္သာရွိခဲ့သလို မေန႔က အလားတူ လုပ္ျပခဲ့တဲ့ ကာဗာနီဟာ အီဗရာဟီမိုဗစ္ခ္်၊ လူကာကူတို႔နဲ႔အတူ ပူးတြဲမွတ္တမ္းဝင္ခဲ့ပါတယ္။

ကာဗာနီဟာ ဆိုးလ္ရွားေနာက္ပိုင္း လူစားဝင္ကစားၿပီး ၂ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးႏိုင္ခဲ့တဲ့ ဒုတိယေျမာက္ ကစားသမား ျဖစ္လာခဲ့သလို ဗဟိုတိုက္စစ္မႉးအေနနဲ႔ သူ႔ရဲ႕လႈပ္ရွားမႈက ကမာၻ႔အေကာင္းဆုံးပဲလို႔ မိုက္ကယ္အိုဝင္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

မာရွယ္ဟာ အဖ်ားေဝဒနာ မသက္သာတာေၾကာင့္ မေန႔က ေလ့က်င့္ေရးမွာ ၁၁ မိနစ္သာ ကစားႏိုင္ခဲ့ၿပီးေနာက္ ေလ့က်င့္ေရးကြင္းကေန ျပန္သြားခဲ့ရသလို မနက္ျဖန္ ယူႏိုက္တက္ရဲ႕ ပီအက္စ္ဂ်ီနဲ႔ပြဲကို လြဲေခ်ာ္ရႏိုင္ေျခ မ်ားေနပါတယ္။