ယေန႔ နံနက္ခင္း ေနာက္ဆုံးရ အာဆင္နယ္ သတင္းတိုမ်ား (1/12/20)

မနှစ်က အက်ဖ်အေဖလားမှာ ပြိုင်ဘက်အားလုံးကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်ဟာ ဒီနှစ် တတိယအဆင့်မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် နယူးကာဆယ်နဲ့ တွေ့ဆုံရမှာဖြစ်ပြီး သူတို့ရဲ့ ဖလားကာကွယ်မှု ခရီးကို စတင်ရတော့မှာ ဖြစ်ပါတယ်။

အာတီတာနဲ့ လမ်းပတ်ဟာ သိပ်တော်တဲ့ လူငယ်နည်းပြတွေဖြစ်ပေမယ့် ကွဲပြားမှုတွေ ရှိနေပြီး အာတီတာက လမ်းပတ်နဲ့ယှဉ်ရင် နည်းဗျူဟာပိုင်းမှာ ပိုပြီး ကျွမ်းကျင်မှုရှိသလို လေ့ကျင့်ရေးမှာလဲ အဲ့ဒီ့အပေါ် အချိန်အများကြီး မြုပ်နှံထားတယ်လို့ ဝီလီယံက ဆိုပါတယ်။

အာဆင်နယ်ဟာ အခုချိန်မှာသွင်းဂိုးတွေရရှိဖို့ ရုန်းကန်နေရသလို အဓိကကစားသမား အူဘာမီးယန်း ဂိုးပေါက်ပျောက်နေချိန်မှာ လာကာဇက်နဲ့ ပီပီက တာဝန်ယူသင့်ပေမယ့် သူ့အပေါ်ပဲ မှီခိုလွန်းနေတယ်လို့ ရီယိုဖာဒီနန်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ နွေရာသီမှာ နွေရာသီမှာ အာဝါကို ခေါ်ချင်ခဲ့ပေမယ့် လိုင်ယွန်ရဲ့ တောင်းဆိုမှုကို မတတ်နိုင်ခဲ့သလို လာမယ့် ဇန်နဝါရီမှာ ထပ်မံကြိုးစားလာနိုင်ဖွယ် ရှိပေမယ့် အာဝါကတော့ အသင်းပြောင်းမယ့်အကြောင်းကို ငြင်းဆိုခဲ့ပါတယ်။

မတ်စ်ရစ်ခ်ျထံ အငှားချထားတဲ့ လူငယ်ကစားသမား ဇက်ဆွမ်ဆန်ဟာ ထိပ်တန်း အရည်အချင်းရှိသူအဖြစ် အာဆင်နယ်က မျှော်လင့်နေသလို ၎င်းကို ၂၀၂၄အထိ ဆက်ထိန်းထားဖို့ ၂ နှစ်စာချုပ်သစ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။

အူဘာမီးယန်းဟာ ဆိုးရွားတဲ့ ဂိုးမိုးခေါင်မှုနဲ့ကြုံတွေ့နေရပြီး ဘယ်တောင်ပံကနေ ဗဟိုတိုက်စစ်ကို ပြောင်းလဲ ကစားစေသည့် တိုင်အောင် ဘာမှ မလုပ်နိုင်နေဆဲ ဖြစ်သလို အသင်းအောင်မြင်ချင်ရင် သူ ဂိုးတွေသွင်းဖို့လိုတယ်လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပွဲတွေကြား ဗျာများနေရပြီး ပွဲကျပ် အချိန်ဇယားတွေကြောင့် လေ့ကျင့်ရေးမှာ အခွင့်အရေး ဖန်တီးနိုင်ဖို့နဲ့ ပတ်သက်လို့ ကောင်းကောင်းပြင်ဆင်ခွင့်မရခဲ့ဘူးလို့ အာတီတာက ညည်းတွားခဲ့ပါတယ်။

Zawgyi – မႏွစ္က အက္ဖ္ေအဖလားမွာ ၿပိဳင္ဘက္အားလုံးကို အႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ အာဆင္နယ္ဟာ ဒီႏွစ္ တတိယအဆင့္မွာ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ နယူးကာဆယ္နဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး သူတို႔ရဲ႕ ဖလားကာကြယ္မႈ ခရီးကို စတင္ရေတာ့မွာ ျဖစ္ပါတယ္။

အာတီတာနဲ႔ လမ္းပတ္ဟာ သိပ္ေတာ္တဲ့ လူငယ္နည္းျပေတြျဖစ္ေပမယ့္ ကြဲျပားမႈေတြ ရွိေနၿပီး အာတီတာက လမ္းပတ္နဲ႔ယွဥ္ရင္ နည္းဗ်ဴဟာပိုင္းမွာ ပိုၿပီး ကြၽမ္းက်င္မႈရွိသလို ေလ့က်င့္ေရးမွာလဲ အဲ့ဒီ့အေပၚ အခ်ိန္အမ်ားႀကီး ျမဳပ္ႏွံထားတယ္လို႔ ဝီလီယံက ဆိုပါတယ္။

အာဆင္နယ္ဟာ အခုခ်ိန္မွာသြင္းဂိုးေတြရရွိဖို႔ ႐ုန္းကန္ေနရသလို အဓိကကစားသမား အူဘာမီးယန္း ဂိုးေပါက္ေပ်ာက္ေနခ်ိန္မွာ လာကာဇက္နဲ႔ ပီပီက တာဝန္ယူသင့္ေပမယ့္ သူ႔အေပၚပဲ မွီခိုလြန္းေနတယ္လို႔ ရီယိုဖာဒီနန္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ေႏြရာသီမွာ ေႏြရာသီမွာ အာဝါကို ေခၚခ်င္ခဲ့ေပမယ့္ လိုင္ယြန္ရဲ႕ ေတာင္းဆိုမႈကို မတတ္ႏိုင္ခဲ့သလို လာမယ့္ ဇန္နဝါရီမွာ ထပ္မံႀကိဳးစားလာႏိုင္ဖြယ္ ရွိေပမယ့္ အာဝါကေတာ့ အသင္းေျပာင္းမယ့္အေၾကာင္းကို ျငင္းဆိုခဲ့ပါတယ္။

မတ္စ္ရစ္ခ္်ထံ အငွားခ်ထားတဲ့ လူငယ္ကစားသမား ဇက္ဆြမ္ဆန္ဟာ ထိပ္တန္း အရည္အခ်င္းရွိသူအျဖစ္ အာဆင္နယ္က ေမွ်ာ္လင့္ေနသလို ၎ကို ၂၀၂၄အထိ ဆက္ထိန္းထားဖို႔ ၂ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။

အူဘာမီးယန္းဟာ ဆိုး႐ြားတဲ့ ဂိုးမိုးေခါင္မႈနဲ႔ႀကဳံေတြ႕ေနရၿပီး ဘယ္ေတာင္ပံကေန ဗဟိုတိုက္စစ္ကို ေျပာင္းလဲ ကစားေစသည့္ တိုင္ေအာင္ ဘာမွ မလုပ္ႏိုင္ေနဆဲ ျဖစ္သလို အသင္းေအာင္ျမင္ခ်င္ရင္ သူ ဂိုးေတြသြင္းဖို႔လိုတယ္လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္ပြဲေတြၾကား ဗ်ာမ်ားေနရၿပီး ပြဲက်ပ္ အခ်ိန္ဇယားေတြေၾကာင့္ ေလ့က်င့္ေရးမွာ အခြင့္အေရး ဖန္တီးႏိုင္ဖို႔နဲ႔ ပတ္သက္လို႔ ေကာင္းေကာင္းျပင္ဆင္ခြင့္မရခဲ့ဘူးလို႔ အာတီတာက ညည္းတြားခဲ့ပါတယ္။