မန်ချက်စတာယူနိုက်တက်နဲ့ PSG တို့ ချန်ပီယံလိဂ်ပွဲ အတွက် အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက်ဟာ ကြားရက် ချန်ပီယံလိဂ် အုပ်စုပွဲမှာတော့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီနဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ဒီနှစ်သင်း ကစားမယ့် ပွဲချိန် ကတော့ လာမယ့် ဒီဇင်ဘာ ၃ ရက်၊ ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီမှာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ ပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူး မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ခန့်မှန်းချက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အိုဝင်က – ” မန်ချက်စတာ ယူနိုက်တက်ဟာတစ်မှတ် ရရင်ပဲ နောက်တစ်ဆင့်ကို တက်ပြီဆိုတဲ့ အသိနဲ့ ဒီပွဲကို ကစားသွားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆောက်သမ်တန်နဲ့ ပွဲမှာ အံ့ဖွယ် ပြန်လာခဲ့ပြီး နိုင်ပွဲ ယူလိုက်တာက ယူနိုက်တက် အသင်းသားတွေ ဆက်ပြီး စိတ်ဓာတ် တက်ကြွနေဦးမှာ အသေအချာပါပဲ။

နည်းပြ အိုလေဂန်းနား ဆိုးရှား အတွက်တော့ ဒီတလော သီတင်းပတ်တွေ အတွင်း ဝေဖန်မှုတွေကို တောင့်ခံခဲ့ရတာနောက် သတင်းကောင်း ရလာခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီက ပြီးခဲ့တဲ့ အပတ်က ပွဲမှာ လိုက်ပ်ဇစ်ကို ၁-၀ နဲ့ နိုင်လိုက်တာက အရေးပါခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း နောက်တစ်ဆင့်ကို အကောင်းဆုံး အနေအထားနဲ့ တက်သွားနိုင်ဖို့ ဖိဖိစီးစီး ကြိုးစား လာဖို့ ရှိပါတယ်။ ဘရာဇီး အတွဲ ဖြစ်တဲ့ မာကွင်ဟိုနဲ့ နေမာတို့လည်း ဒီပွဲမှာ ပြန်ပါဖို့ ရှိနေပြီး ဒါက ပဲရစ်သားတို့ အတွက် ဘောနပ်စ်ပါပဲ။

ဒီပွဲက သိပ်ကွာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပုံစံကောင်း ရနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကပဲ သုံးမှတ်ပြည့် ယူပြီး နောက်တစ်ဆင့်ကို အေးအေးဆေးဆေး တက်သွားမယ်လို့ ကျနော် ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ပီအက်စ်ဂျီ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ၾကားရက္ ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာေတာ့ ျပင္သစ္ အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီနဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနျပီး အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။

ဒီနွစ္သင္း ကစားမယ့္ ပြဲခ်ိန္ ကေတာ့ လာမယ့္ ဒီဇင္ဘာ ၃ ရက္၊ ၾကာသပေတးေန႔ နံနက္ ၂း၃၀ နာရီမွာ ျဖစ္ပါတယ္။ ယူနိုက္တက္နဲ႕ ပီအက္စ္ဂ်ီတို႔ ပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴး မိုက္ကယ္အို၀င္ရဲ႕ သံုးသပ္ခန္႔မွန္းခ်က္ေတြက ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

အို၀င္က – ” မန္ခ်က္စတာ ယူနိုက္တက္ဟာတစ္မွတ္ ရရင္ပဲ ေနာက္တစ္ဆင့္ကို တက္ျပီိဆိုတဲ့ အသိနဲ႕ ဒီပြဲကို ကစားသြားရမွာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ တနဂၤေႏြေန႔က ေဆာက္သမ္တန္နဲ႕ ပြဲမွာ အံ့ဖြယ္ ျပန္လာခဲ့ျပီး နုိင္ပြဲ ယူလိုက္တာက ယူနိုက္တက္ အသင္းသားေတြ ဆက္ျပီး စိတ္ဓာတ္ တက္ၾကြေနဦးမွာ အေသအခ်ာပါပဲ။

နည္းျပ အိုေလဂန္းနား ဆိုးရွား အတြက္ေတာ့ ဒီတေလာ သီတင္းပတ္ေတြ အတြင္း ေ၀ဖန္မႈေတြကို ေတာင့္ခံခဲ့ရတာေနာက္ သတင္းေကာင္း ရလာခဲ့တာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီက ျပီးခဲ့တဲ့ အပတ္က ပြဲမွာ လိုက္ပ္ဇစ္ကို ၁-၀ နဲ႕ နိုင္လိုက္တာက အေရးပါခဲ့ပါတယ္။ ဒါေၾကာင့္ ဒီပြဲမွာလည္း ေနာက္တစ္ဆင့္ကို အေကာင္းဆံုး အေနအထားနဲ႕ တက္သြားနုိင္ဖို႔ ဖိဖိစီးစီး ၾကိဳးစား လာဖို႔ ရွိပါတယ္။ ဘရာဇီး အတဲြ ျဖစ္တဲ့ မာကြင္ဟိုနဲ႕ ေနမာတို႔လည္း ဒီပြဲမွာ ျပန္ပါဖို႔ ရွိေနျပီး ဒါက ပဲရစ္သားတို႔ အတြက္ ေဘာနပ္စ္ပါပဲ။

ဒီပြဲက သိပ္ကြာမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ပံုစံေကာင္း ရေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ကပဲ သံုးမွတ္ျပည့္ ယူျပီး ေနာက္တစ္ဆင့္ကို ေအးေအးေဆးေဆး တက္သြားမယ္လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ ၂-၁ ပီအက္စ္ဂ်ီ ျဖစ္ပါတယ္။